Web
Analytics

Full Transcript from NYDC TownHall

NYDC Town Hall

Date         :  23. 6. 2018
Venue      :  UMFCCI Mingalar Hall
Panelists :

U Zeya Thu
U Ye Myat Thu
U Khine Win
U Theim Wai@Serge Pun
U Aung Chit Khin (Moderator)

အစီအစဉ်ကြေငြာသူ

တက်ရောက်လာသော ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ရှင်။ ယနေ့ ဒီရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် NYDC က ပထမဆုံး ဦးစီးကျင်းပတဲ့ NYDC Town Hall ဆွေးနွေးပွဲဖြစ်ပါတယ်ရှင်။ တက်ရောက်လာသူ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ ဒီဆွေးနွေးပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ စပ်လျဉ်းပြီး ထွက်ပေါ်နေတဲ့ မေးခွန်းတွေကို ဆွေးနွေးနိုင်ဖို့နဲ့ အများပြည်သူများ သိရှိလိုသော ကိစ္စရပ်များကို မေးမြန်းနိုင်ဖို့ဖြစ်ပါတယ်ရှင်။ ပထမဆုံးအနေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ တိုးတက်ဖြစ်ပေါ်နေမှုများနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားပေးပါရန် NYDC မှ ဒေါ်အေးအေးခိုင် (Head of City Planning and Development) ကို ဖိတ်ကြားအပ်ပါတယ်ရှင်။

ဒေါ်အေးအေးခိုင်(Head of City Planning and Development)
မင်္ဂလာပါရှင်။ ကျွန်မကတော့ ဒီနေ့ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အကျဉ်းချုံးလေးကို ရှင်းပြပါမယ်။ အနောက်တောင်မြို့သစ် စီမံကိန်းဟာ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဒီရန်ကုန် region အတွင်းမှာရှိတဲ့ project တွေထဲက project တစ်ခုဖြစ်ပါတယ်။ အနောက်တောင်မြို့သစ် စီမံကိန်းမှာ ဆိုလို့ရှိရင် စီမံကိန်းဟာ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်မှာ ပန်းလှိုင်မြစ်ရဲ့ တောင်ဘက်မှာ တည်ရှိပြီး မြစ်ဝ ထိရှိပါတယ်။ ဒီအနောက်တောင်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးက 2 Phase ခွဲပြီး develop လုပ်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး Phase 1 ကတော့ ဧက ၂၀,၀၀၀ ပါတဲ့ ဒီအနီရောင် ခြယ်ထားတဲ့ ဧရိယာဖြစ်ပါတယ်။ ဒီ Phase 1 ဟာဆိုလို့ရှိရင် မြောက်ဘက်မှာ ပန်းလှိုင်မြစ်၊ တောင်ဘက်မှာ တွံတေးတူးမြောင်းနဲ့ အရှေ့ဘက်မှာ ရန်ကုန်မြစ်ရှိပါတယ်။ အနောက်ဘက်မှာတော့ ရန်ကုန်-တွံတေး လမ်းမ တည်ရှိပါတယ်။ အဲဒါကတော့ ဧက ၂၀,၀၀၀ ရှိပါတယ်။ Phase 2 ကတော့ ပန်းလှိုင်မြစ်ရဲ့ တောင်ဘက်ကနေ စပြီးတော့ မြစ်ဝအထိ တည်ရှိမှာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ Phase 1 ဧက ၂၀,၀၀၀ ကို develop လုပ်ဖို့အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က NYDC ကို ဖွဲ့စည်းပြီးတော့ ကျွန်မတို့ရဲ့ CEO Mr. Serge Pun (ဦးသိမ်းဝေ) ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီ NYDC ဟာ ၁၀၀ ရာခိုင်နှုန်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရပိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ရှင်။

နောက်တစ်ခုကတော့ ကျွန်မတို့ ဒီမြို့သစ်ကြီးကိုစပြီး တည်ထောင်မယ်ဆိုတဲ့အခါမှာ ကျွန်မ တို့မှာ objectives တွေရှိပါတယ်။ ဘာလဲဆိုတော့ ပထမဦးဆုံး social impact က ဘယ်လောက် ကောင်းမလဲ၊ environmental impact ကောင်းမွန်ရမယ်၊ economic impact ကောင်းမွန်ရမယ် ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ဒီမြို့သစ်ကြီးကို တည်ထောင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ပထမဦးဆုံး ဒီရည်မှန်းချက်တွေကို ပြည့်မီအောင်လို့အတွက်ကို ကျွန်မတို့က အဓိက study initiative ပေါ့နော်၊ feasibility study ရော ဒီဇိုင်းတွေရော ငါးခုကို လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ငါးခုက ဆိုလို့ရှိရင်လည်း တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ဒီရည်မှန်းချက်တွေကို အောင်မြင်ဖို့ အတွက်ကို လုပ်သွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးကတော့ ကျွန်မတို့ဟာ socio-economic study ကို ဒီနှစ်ဆန်းက စပြီးတော့ ပြုလုပ်ခဲ့ပါတယ်။ ဒီ socio-economic study တွေက ဘာလုပ်ပေးလဲ ဆိုတော့ ကျွန်မတို့ ခုနက ပြောခဲ့တဲ့ ရည်မှန်းချက်တွေကို ရဖို့အတွက်ကို သူက road map ချပေးပါတယ်။ ဒီ socio-economic study မှာ core sector ၂ ခုနဲ့ သူတို့က လုပ်ပေးတယ်။ ပထမဦးဆုံးက ဘာလဲဆိုတော့ economic hub ဒီမြို့သစ်ကြီးကို စီးပွားရေး မြို့တော်ကြီးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဟာကို road map ချပေးတယ်။

နောက်တစ်ခုက liveability နေထိုင်မှုကောင်းတဲ့ မြို့တော်တစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာကို သူတို့ road map ချပေးပါတယ်။ အဲဒီ study မှာဆိုလို့ရှိရင် job creation plan တွေပါမယ်။ ပြီးလို့ရှိရင် စက်မှုဇုန်တွေကို ခေါ်တဲ့အခါမှာ ဘယ်လို စက်မှုလုပ်ငန်းတွေကို ခေါ်သင့်တယ် ဆိုတဲ့ sector strategy တွေကို ပေးပါတယ်။ ပြီးရင် ကျွန်မတို့ကို investment strategy တွေကိုလည်း guide line ပေးပါတယ်။ ပြီးတော့ ခုနက ပြောတဲ့ liveability ဖြစ်ဖို့အတွက် ဆိုလို့ရှိရင်လည်း ကျွန်မတို့ master plan တွေ ဆွဲတဲ့အခါမှာ တခြား environmental တွေ လုပ်တဲ့အခါမှာ ဘာတွေလုပ်ရမလဲ ဆိုတဲ့ဟာကို guide line တွေနဲ့ suggestion တွေပေးပါတယ်။

နောက်တစ်ခုကတော့ ဘာလဲ ဆိုတော့ ကျွန်မတို့ရဲ့ flood risk assessment ပါ။ လူတိုင်းသိတဲ့ အတိုင်းပါပဲ။ အခု ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နေရာဟာ flood zone မှာ ကျရောက်နေပါတယ်။ အဲဒီအတွက် ကို ကျွန်မတို့က ပထမဦးဆုံး technical study လုပ်တဲ့အခါမှာ flood risk assessment ကို စပြီးတော့ လုပ်ခဲ့ပါတယ်။

အဲဒါကတော့ ဧပြီကနေ စခဲ့တာပါ။ ခုထိ လုပ်နေဆဲပါပဲ။ အဲဒီတော့ flood risk assessment ကို လုပ်တဲ့အခါမှာ ကျွန်မတို့ ပထမဦးဆုံး data တွေ ကောက်တယ်။ ပြီးလို့ ရှိရင် ခုကတော့ analysis ပေါ့နော်။ ဒီ analysis တွေ လုပ်ပြီးလို့ ရှိရင် ဒီ Consultant Royal Haskoning က ကျွန်မတို့ရဲ့ consultant ပါ။ ဒီ consultant က ဘာလဲ ဆိုတော့ flood ဆိုတာက လက်ရှိ ရှိနေတဲ့ ချောင်းတွေ မြောင်းတွေကနေပြီးတော့ control သေသေချာချာ မလုပ်နိုင်ရင် ရေတွေ တက်လာပြီး ရေလွှမ်းမှာပါ။ အဲဒီတော့ အဲဒီဟာတွေကို ဘယ်လို control စနစ်နဲ့ ရေမလွှမ်းအောင် လုပ်ပြီးတော့ လက်ရှိ ရှိနေတဲ့ ဒေသန္တရကိုပဲ အကြောင်းပြုပြီးတော့ ကျွန်မတို့က ဘယ်လိုတိုးတက်အောင် လူနေလို့ရတဲ့ နေရာ တစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို drainage plan အနေနဲ့ ကျွန်မတို့ကို တင်ပြမှာပါ။

နောက်တစ်ခုကတော့ ကျွန်မတို့ ဒီဇူလိုင်လကစပြီး လုပ်မှာကတော့ traffic study ပါ။ လူတိုင်း သိတဲ့အတိုင်းပါပဲ။ မြို့တစ်မြို့ ကို တည်ဆောက်တဲ့အခါမှာ traffic က အရမ်း အရေးကြီးပါတယ်။ ကျွန်မတို့က ဒီ traffic study ကို လုပ်တဲ့အခါမှာ traffic တစ်ခုထဲ မဟုတ်ပဲ traffic impact assessment လည်း လုပ်ပါမယ်။ transport study လည်း လုပ်ပါ့မယ်ရှင်။

Traffic impact assessment ကတော့ အခု လက်ရှိ ရှိနေတဲ့ နေရာရဲ့ traffic တွေကို count လုပ်မယ်။ ပြီးလို့ရှိရင် ကျွန်မတို့ စီမံကိန်းက ရေတို၊ ရေရှည်၊ ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်သုံးဆယ်ဆိုတာ ရှိမယ်။ အဲဒီတော့ development အချိန်မှာလည်း ဘယ်လို impact ဖြစ်မလဲဆိုတာတွေကို identify လုပ်မယ်။ အဲဒီ impact တွေကို ကျွန်မတို့က ဘာတွေ ပြုပြင်ပြောင်းလဲပြီးတော့ ဘယ်လို control လုပ်ရမလဲ ဆိုတာကိုလည်း သူတို့က suggestion တွေ ပေးပါလိမ့်မယ်။

နောက်တစ်ခုကတော့ transport planning ကတော့ ဒီမြို့ထဲမှာပဲကို transportation က ဘယ်လို လုပ်ရမလဲ။ transportation modes တွေ အများကြီးရှိပါတယ်။ ဒီ ရထားတို့၊ ကားတို့က တစ်ခုရှိတယ်။ ဘတ်စ်ကားတွေရှိမယ်။ mass transit က တစ်ခုရှိမယ်ပေါ့နော်။ private car တွေရှိမယ်။ အဲဒီ transportation modes တွေ တစ်ခုနဲ့ တစ်ခု အချိတ် အဆက်ရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို သူတို့က suggestion တွေပေးမယ်။ နောက်တစ်ခုက ဒါတင် မကပါဘူး မြို့သစ်တစ်ခု တည်ထောင်တယ်ဆိုတာက ကိုယ့်မြို့တွင်းမှာရှိတဲ့ transportation အပြင်ကို အခု လက်ရှိရှိနေတဲ့ ရန်ကုန်မြို့တို့၊ လှိုင်သာယာတို့ surrounding neighborhoods တွေနဲ့ ဆက်စပ်ဖို့ ဘယ်လို လုပ်သင့်လဲ ဆိုတာကို သူတို့ suggestion ပေးပါလိမ့်မယ်။

နောက်တစ်ခုကတော့ ကျွန်မတို့က master planning ပါ။ master planning ကလည်း ဇူလိုင်ကျရင် စပါလိမ့်မယ်။ အဲတော့ ခုနကပြောတဲ့ master planner က ဘာလုပ်ရမလဲဆိုတော့ သူက ခုနက initiative တွေဖြစ်တဲ့ flood ရေကာကွယ်မှု၊ ထိန်းသိမ်းမှုဟာတွေ၊ သူတို့ drainage plan တွေ drainage suggestion တွေကို ယူမယ်။ အဲဒီတော့ master planning တွေထဲမှာ ထည့်ပြီးတော့ ခုနက သူတို့ flood ရေကာကွယ်မှုကို အကြံဉာဏ်ပေးတဲ့ consultant တွေက ဘယ်နေမှာ ရေ ထိန်းသင့်တယ်၊ ဘယ်နေရာမှာ ရေကန်ထားသင့်တယ် ဆိုတာတွေကို ပြောတာကို master plan က ယူပြီးတော့ အဲဒီနေရာတွေကို တခြားအသုံးချလို့ အများပြည်သူတွေအတွက် တခြားအသုံးချနိုင်မယ့် ပန်းခြံတို့ ရေကန်တို့ ပြုလုပ်ဖို့အတွက်ကို သူတို့ coordination အတူတူပူးပေါင်းပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

နောက် traffic engineer တွေနဲ့လည်း ပူးပေါင်းပြီးတော့ ဘယ်နေရာတွေမှာ commercial hub တွေ ထားသင့်တယ်။ ဘယ်နေရာမှာတော့ public transportation လုပ်သင့်တယ် ဆိုတာကို သူတို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင်ကို master planner တွေက zoning plan တွေလည်း ချမှတ်မှာပါ။ zoning plan တွေ ချမှတ်မှသာ ဒီ city ကြီးတစ်ခုလုံးက တကယ့်ကို livable ဖြစ်တဲ့ မြို့တော်ကြီး ဖြစ်ပါလိမ့်မယ်။ အဲဒီ zoning တွေ ချဖို့အတွက်လည်း ကျွန်မတို့က YCDC ရဲ့ consultant ဖြစ်တဲ့ zoning consultant ဖြစ်တဲ့ JICA နဲ့လည်း စတင်ပြီး ပူးပေါင်းပြီး ဆွေးနွေးနေ ပါပြီရှင်။ ပြီးလို့ရှိရင် အဲဒီမြို့တော်တစ်ခုမှာ ပါဝင်ရမယ့် characters တွေကိုလည်း master planner တွေက စပြီးတော့ အကောင်အထည်ဖော်ပေးမှာပါ။ အဲဒီမှာ ဆိုလို့ရှိရင် ဘုရားပါသင့်တယ်၊ လက်ရှိ ရှိနေတဲ့ ဒေသန္တရမှာ ဘယ်အမွေအနှစ်တွေက ထိန်းသိမ်းသင့်တယ်၊ ခုနကပြောတဲ့ ချောင်းတွေ၊ မြောင်းတွေကို မူတည်ပြီးတော့ တခြား ဘာ development တွေ လုပ်သင့်တယ်ဆိုတဲ့ဟာတွေကို သူတို့က ထည့်သွင်းစဉ်းစားထားမှာပါ။

နောက်ပြီးတော့လည်း လက်ရှိရှိနေတဲ့ environment ပေါ့။ သဘာဝမှာရှိတဲ့ အပင်တွေ၊ ဘယ်အမျိုးအစားတွေကိုလည်း ထိန်းသိမ်းရမယ်ဆိုတာကိုလည်း master planner က environmental consultant တွေနဲ့ ပေါင်းပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နောက် initiative တစ်ခုကတော့ ဘာလဲဆိုတော့ ESIA ပါ။ ESIA ကတော့ ဒီ ကျွန်မတို့ project ကြီးလုပ်တဲ့အတွက် environmentally, socially ဘာတွေ impact ဖြစ်မလဲ။ ခုနကပြောတဲ့ master plan နဲ့ပေါင်းပြီးတော့ ရေတို၊ ရေရှည် ဘာတွေ impact ဖြစ်မလဲဆိုတာကို identify ဖြစ်မယ်။ အဲဒီ identify လုပ်ထားတဲ့ ဟာတွေကို ကျွန်မတို့ကနေပြီးတော့ ဘာတွေကို လုပ်ပေးရမလဲပေါ့နော်။ ဒီ impact ဖြစ်တာတွေကို medications က ဘာတွေရှိလဲဆိုတာတွေကို ဆောင်ရွက်ဖို့ လုပ်ပေးပါလိမ့် မယ်ရှင်။

အဲဒီတော့ ခုနက ကျွန်မပြောသွားတဲ့ key initiative ငါးခုကတော့ စာရွက်တွေ၊ ပေါ်လစီတွေပေါ့နော်။ တကယ် ဆောက်လုပ်မယ့် projects တွေက စပါတော့မယ်။ စလုပ်မယ့် project တွေက ဒီမြို့သစ် ကြီးကို ဆောက်မယ်ဆိုရင် လမ်းတွေ၊ တံတားတွေ၊ ရေတွေ၊ မိလ္လာ system တွေ၊ transportation တွေ၊ communication တွေ လိုမှာပါ။ အဓိကထား လိုအပ်တဲ့ Infrastructure Infrastructure Services တွေမှာ ပထမဦးဆုံး item 6 ခု ရှိပါတယ်။ အဲဒါတွေကတော့ non-negotiable items ပေါ့နော်။

မြို့သစ်ကို စတာနဲ့ လုပ်ရမယ့် items ၆ ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီတံတား ၂ စင်းကို ဆောက်ရပါ့မယ်။ ဒီတံတား ၂ စင်းဟာ ဆိုလို့ရှိရင်၊ ကြည့်မြင်တိုင်ကနေ ရန်ကုန်မြို့သစ်ကို ဆက်ပေး တဲ့ တံတားတစ်ခု ဖြစ်ပါတယ်။ ဒီတံတားတစ်စင်းဟာ မြို့ဟောင်းနဲ့ မြို့သစ်ကို ဆက်ပေးတဲ့ တံတား တစ်စင်းရှိမယ်။ နောက်တစ်ခုကတော့ ပန်းလှိုင်မြစ်ကူးတံတားပါ။ ပန်းလှိုင်မြစ်ကူးတံတားဟာ ခုချိန်မှာ ဆိုလို့ရှိရင် ၂ လမ်းမောင်းရှိတယ်။ ကျွန်မတို့ မြို့သစ်အတွက်ကို နောက်ထပ် ၂ လမ်း မောင်း၊ လက်ရှိ ရှိနေတဲ့ ပန်းလှိုင်မြစ်ကူးတံတားရဲ့ downstream မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီတံတား ဆောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင် လေးလမ်းမောင်း မြစ်ကူးတံတားဖြစ်ပါလိမ့်မယ်။

အဲဒီ ၂ ခုကတော့ ပထမဦးဆုံး တည်ဆောက်ရမယ့် တံတားဖြစ်ပါတယ်။ နောက် traffic study ပြီးလာတဲ့အခါမှာ နောက်ပြီးတော့ လိုအပ်တဲ့ တခြား တံတားတွေကိုလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတံတား ၂ စင်းကတော့ JICA နဲ့ MOC ကနေပြီးတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက identify လုပ်ထားတဲ့ တံတား ၂ ခုဖြစ်ပါတယ်။ တံတား ၂ စင်းဖြစ်ပါတယ်ရှင်။ အဲဒီတော့ တံတား ဆောက်ပြီးပြီဆိုရင် ဒီတံတားတွေရဲ့ major connection nodes တွေကို ဆက်ပေး တဲ့ လမ်းတွေ လိုပါတယ်ရှင်။ အဲဒီအတွက်လည်း 26 kilometers ရှိတဲ့ လမ်းတွေကို ဆောက်ဖို့ အတွက် ပထမဦးဆုံး first non-negotiable item မှာ ရှိပါတယ်။

နောက်တစ်ခုကတော့ ဒီရန်ကုန်မြို့သစ် စီမံကိန်း ဧက ၂၀,၀၀၀ မှာ ကြည့်မယ်ဆိုလို့ရှိရင် အဓိက အများဆုံးကတော့ လယ်မြေတွေပါ။ အဲဒီတော့ လယ်ယာ၊ လယ်မြေတွေကို ကျွန်မတို့က မြို့သစ်တည်ထောင်ဖို့ အတွက်ကို ဒီ ကျွန်မတို့က မြို့မြေအဖြစ် 20 % ပြန်ပေးရပါ့မယ်။ ပြန်ပေးရမယ့် နေရာကတော့ ၅ နေရာပါ။ ဒီ ၅ နေရာကတော့ အခု အစိမ်းရောင်နဲ့ ပြထားပါတယ်။ ဒီ ၅ နေရာက လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဒီလယ်ယာမြေပိုင်ရှင်တွေနဲ့ သဘောတူထားတဲ့ နေရာပါ။ အဲဒီ ၅ နေရာကို ကျွန်မတို့ NYDC ရဲ့ တာဝန်ကတော့ မြို့မြေဖြစ်အောင် ပြောင်းလဲပြီး တည်ဆောက် ပေးဖို့ပါပဲ။ အဲဒီမြို့မြေဖြစ်အောင် ဆောက်ဖို့အတွက်ဆိုရင် အဓိကလိုအပ်နေတာ ကတော့ ရေတွေ၊ မီးတွေ၊ မိလ္လာစနစ်တွေပါပဲ။ အဲဒီအတွက် ပထမဦးဆုံး လုပ်ရမယ့် items မဖြစ်မနေ လုပ်ရမှာကလည်း ရေရယ်၊ ရေဆိုး စနစ်ရယ်၊ မီးစနစ်ရယ်ပဲ ဖြစ်ပါတယ်ရှင်။ အဲဒီတေ့ာ ဒီ model ကို ကျွန်မတို့က ဒီ investor က CCCC investor ကို ကျွန်မတို့က ပထမဦးဆုံး မဖြစ်မနေ non-negotiable items ကို ဆောက်လုပ်ဖို့အတွက် Frame Work Agreement ထိုးထားပါတယ်။ အဲဒီ Frame Work Agreement ကျွန်မတို့ Infrastructure Infrastructure Services ရဲ့ ခုနက ပြောတဲ့ non-negotiable items ရယ် တွေကို PPP business models တွေနဲ့ ကျွန်မတို့က သွားမှာ ဖြစ်ပါတယ်ရှင်။

PPP business model သွားပြီးတော့ ကျွန်မတို့က ဒီ project တွေကို အကောင်အထည်ဖော်တဲ့ အခါကျတော့ NYDC Challenge နဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်ရှင်။ NYDC Challenge ကိုတော့ ပြီးလို့ရှိရင် detail ကို ဒီ forum မှာပဲ ရှင်းပြပါ့မယ်။ ဒါလေးကတော့ အကြမ်းဖျင်း ပါပဲရှင် ကျေးဇူးတင်ပါတယ်။

အစီအစဉ်ကြေငြာသူ

ဆက်လက်၍ ပါဝင်ဆွေးနွေးမယ့်သူများနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်ရှင်။
ဆွေးနွေးပေးမယ့် သူများကတော့ ဦးသိမ်းဝေ (a) Serge Pun (Vice Chairman and CEO, NYDC Co., Ltd.)၊ ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute) ၊ ဦးရဲမြတ်သူ (MCDC ကော်မတီအဖွဲ့အဝင်, Founder/Managing Director, Alpha Computer Mandalay Co., Ltd.)၊ ဦးဇေယျသူ (Managing Director/Deputy Chief Editor, The Voice Weekly) တို့ဖြစ်ပါတယ်။ Moderator အဖြစ် ဦးအောင်ချစ်ခင် (Founder/Managing Director, Strategy First Institute) တို့ ဖြစ်ပါတယ်။

အခုအချိန်မှာ ဆွေးနွေးပွဲစတင်တော့မှာ ဖြစ်တဲ့အတွက် panelist များမှာ နေရာယူပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ဦးအောင်ချစ်ခင်

မင်္ဂလာပါ။ ဒီနေ့ ဆွေးနွေးမယ့် အစီအစဉ်လေးနဲ့ ကျွန်တော်နည်းနည်းလေး မိတ်ဆက်ပေးချင် ပါတယ်။ ဆွေးနွေးမယ့် အစီအစဉ်ကို ၃ ပိုင်း ခွဲထားပါတယ်။ ပထမပိုင်းမှာတော့ အစိုးရအနေနဲ့ စီးပွားရေး လုပ်တာ ဘယ်လိုဖြစ်မလဲ၊ အစိုးရ စီးပွားရေး လုပ်သင့်၊ မလုပ်သင့်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ခုနက ပြောသွားတဲ့ NYDC Challenge ဆိုတဲ့ အပိုင်းနဲ့ frist project ကို ဘယ်လို ရွေးချယ်လဲဆိုတဲ့ အပိုင်းတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ တတိယအပိုင်းကတော့ ဒီ ဘဏ္ဍာငွေ ထည့်တဲ့အပိုင်း၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ဘယ်လိုလုပ်ထားလဲဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းစီရဲ့ အဆုံးမှာ ကျွန်တော်တို့ ပရိသတ်ဆီက မေးခွန်းတွေကို ကျွန်တော် တို့ လက်ခံမှာ ဖြစ်ပါတယ်။ အဲဒီ မေးခွန်းတွေကို မေးတဲ့အခါမှာ အဲဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ ကိုပဲ မေးပေးဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ ပြီးသွားလို့ရှိရင်တော့ ကျွန်တော်တို့ ၃ ခုလုံးရဲ့ အပြီးမှာ တော့ ကျွန်တော်တို့ ကြိုက်တာမေးလို့ရအောင်လို့ open section, open question အတွက် ကျွန်တော်တို့ လက်ခံသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီတော့ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော် ပထမဆုံး မေးချင်တာကတော့ ဆွေးနွေးချင်တာကတော့ ဒီမိုကရေစီ အစိုးရအနေနဲ့ စီးပွားရေး မလုပ်သင့်ဘူးလို့ ဝေဖန်ကြတာတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေးချင်ပါ သလဲပေါ့နော်။ နောက်အခု ကုမ္ပဏီက အစိုးရက အပြည့်ပိုင်တာဆိုတော့ အစိုးရ ဌာနတစ်ခု ဒါမှ မဟုတ်ကော်မတီ တစ်ခုပုံစံ မလုပ်ပဲနဲ့ ဘာဖြစ်လို့ ကုမ္ပဏီပုံစံနဲ့ လုပ်ထားသလဲ။ အဲဒီလိုလုပ်တာ ဘာကောင်းသလဲ၊ ဘာဆိုးကျိုးတွေကော ရှိနိုင်လဲ၊ ဒါလေးကို ဆွေးနွေးချင်ပါတယ်ပေါ့နော်။

ဦးဇေယျသူ

အဓိကကတော့ အစိုးရအခန်းကဏ္ဍက စီးပွားရေးမှာ ဘယ်လောက်ပါမလဲ။ ကျွန်တော်တို့ကတော့ ဆိုရှယ်လစ်စနစ်ကလည်း ကြုံဖူးတယ်။ ဆိုရှယ်လစ်စနစ်မှာတော့ အစိုးရက အကုန်ဝင်လုပ်တယ်။ နောက်ပြီးတော့ ဈေးကွက် စီးပွားရေးစနစ်လည်း မဟုတ်ဘူး။ အစိုးရရဲ့ အခန်းကဏ္ဍပေါ့နော်။ စီးပွားရေးမှာ မြန်မာပြည်ကတော့ ဆိုရှယ်လစ်ခေတ်မှာ တော်တော်လေးကြုံခဲ့ဖူးပါတယ်။ ဒါအစိုးရက အကုန်ဝင်လုပ်တယ်။ နောက်ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ သွားနေတာ ဘယ်ကိုသွားနေတာလဲ ဆိုတော့ အစိုးရက တတ်နိုင်သလောက်ဝင်မပါဘဲနဲ့ ဥပဒေပြုရေး၊ စည်းကမ်းထိန်းသိမ်းရေး နေရာမှာ regulator နေရာမှာနေမယ်။ ပြီးတဲ့အခါကျတော့ သူက စည်းကမ်းထိန်းသိမ်းပေးမယ် ဆိုတဲ့ နေရာမျိုး။ အဲဒီဘက်ကို ကျွန်တော်တို့က သွားနေတာပေါ့နော်။ သွားနေတာဆိုတော့ ကျွန်တော့ သဘောထား အမြင်နဲ့ပြောရမယ်ဆိုရင်တော့ အစိုးရက စီးပွားရေး ဝင်လုပ်တာကို ကျွန်တော့်အနေနဲ့သိပ်ပြီးတော့ သဘောမကျဘူး။ သဘောမကျဘူးဆိုတာက ဒါ သီအိုရီအရ မဟုတ်ဘူး။ မြန်မာပြည်မှာ အစိုးရတွေက စီးပွားရေးလုပ်ခဲ့တာမှာ သိပ်မကောင်းခဲ့တဲ့ အခါကျတော့ ကျွန်တော်တို့အနေနဲ့ လန့်တယ်။ ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း ဘာရှိလည်း ဆိုတဲ့အခါကျတော့ စင်ကာပူလို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်လို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ် အစိုးရက ဝင်လုပ်နေတဲ့ဟာမျိုးတွေလည်း ရှိတယ်။ ရှိတဲ့အခါကျ တော့ တိုတိုပဲပြောချင်တာကတော့ အစိုးရက စီးပွားရေး ဝင်လုပ်တာ မလုပ်တာ ဆိုတာက လက်ရှိ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေပေါ် မူတည်တယ်။ လက်ရှိအစိုးရက ကျွန်တော်တို့မြင်တာကတော့ အစိုးရပိုင်လုပ်ငန်းတွေကိုပါ အစဖြုတ်မယ် သိမ်းမယ်ပြောနေပေမယ့် ခုချိန်မှာ အစိုးရက စီးပွားရေး ဝင်လုပ်ရမယ်ဆိုတဲ့ trend ဘက်ကိုလည်း ကျွန်တော်တို့ ရောက်လာတာကို တွေ့ရတယ်။ အဲဒီတော့ အဲဒါက သူ့မူဝါဒနဲ့ ဆိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ အများကြီး မပြောချင်ဘူး။ ဒါပေမယ့် လုပ်မယ်ဆိုရင်တော့ ဒါကပြည်သူတွေရဲ့ ဘဏ္ဍာငွေကြေး ပါရင်ပါမယ်။ မပါဘူးဆိုရင်လည်း ပြည်သူတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ မြေတို့ဘာတို့ ပါမှာဖြစ်တဲ့အတွက် လုပ်မယ်ဆိုရင်တော့ ကောင်းကောင်းမွန်မွန်နဲ့ ထိထိ ရောက်ရောက် ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ ပြည်သူအကျိုး ရှိအောင် လုပ်ဖို့ လိုတယ်ပေါ့။ ဒါလေးပဲ ကျွန်တော့်အနေနဲ့ အစမှာ ပြောချင်ပါတယ်။

ဦးရဲမြတ်သူ

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ကြားဖူးတာပေါ့နော်။ ကျမ်းဂန်တို့ ဘာတို့မှာ မင်းကုန်ကူး တယ်ဆိုတာ။ တကယ်တန်းကျတော့ အစိုးရက စီးပွားရေး ဝင်လုပ်တာပါပဲ။ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်ပြီးတဲ့ ခေတ်မှာတော့ ဒါက အလွန်ခေတ်စားတဲ့ဟာပေါ့နော်။ အစိုးရက စီးပွားရေးဝင်လုပ်လို့ ဆိုဗီယက်ပြည်ထောင်စုကြီး တိုးတက်သွားတယ်တို့ ဘာညာဆိုတာ ကျွန်တော်တို့ ကြားလာခဲ့တာဆိုတော့ ဒီခေတ်ကို ကြုံခဲ့ပြီးတော့ တော်တော်များများကလည်း အဲဒီ trend ကို သွားခဲ့ဘူးတာပေါ့နော်။ အဲဒီလမ်းကြောင်းကို တော်တော်များများက ခေတ်စားခဲ့ဖူးတာ။ နောက် ကျွန်တော်တို့ စိတ်ထဲမှာပဲ ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ လုပ်ငန်းတွေ အကုန်လုံး ကျွန်တော် မှတ်မှတ်ရရ ၇၃ ခုနှစ်လောက်က ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး ၁၀ နှစ်ခရီးဆိုတဲ့ စာအုပ်ထဲမှာ ထောင်နဲ့ချီတဲ့ လုပ်ငန်းတွေ အကုန်လုံးကို သူတို့ ပြည်သူပိုင်တွေ သိမ်းပြီးတော့ နိုင်ငံတော်ကပဲ ဒါကို စီမံခန့်ခွဲမယ်ဆိုတဲ့နောက်ပိုင်းမှာ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ ဝင်ငွေတွေနည်း တယ်၊ မလောက်ဘူးဆိုတာက အဲဒီတုန်းက ရနေတဲ့ဝင်ငွေတွေ ကောင်းနေတဲ့ တိုင်းပြည်က၊ ကိုယ့်ပိုက်ဆံက အလိုလိုကျုံ့သွားပြီးတော့ အားလုံးက ဝင်ငွေနည်းတဲ့ ဘဝရောက်သွားတဲ့ ကိစ္စက အစိုးရက စီမံခန့်ခွဲတဲ့ စီးပွားရေးစနစ်ပေါ့။

ဒါပေမယ့် ဒါက မြန်မာနိုင်ငံမှာမို့ ဖြစ်တာလားဆိုတဲ့ဟာကတော့ ကျွန်တော်ကတော့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တွေ့ဖူး ကြုံဖူးဖတ်ဖူးတာက တခြားနိုင်ငံ တွေမှာလည်း အစိုးရလုပ်တဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများက ရပ်ကုန်တယ်။ ပျက်ကုန်တယ်။ အဲဒီတော့ တော်တော်များများက privatization ဆိုပြီးတော့ လုပ်ကြတာတွေ ရှိလာတယ်။ privatization လုပ်တဲ့ကိစ္စတွေမှာလည်း ကောင်းလားဆိုတော့ ကောင်းတဲ့ဟာတွေလည်း ရှိသလို၊ မကောင်းတဲ့ဟာတွေလည်း ရှိတာပေါ့နော်။ ဟို ကျွန်တော်တို့ privatization လုပ်လိုက်လို့ private လုပ်လိုက်လို့ ကောင်းသွားတဲ့ဟာတင် မဟုတ်ဘဲနဲ့ ဟိုဥပမာ ကျွန်တော်တို့ မျက်စိထဲမှာ မြင်လို့ရှိ ရင် အစိုးရက ဆီကိုဖြန့်ဖြူးတာ ကောင်းလားဆိုတာက နောက်မှ၊ မဖြန့်ဖြူးသင့်ဘူးဆိုပြီးတော့ ဓာတ်ဆီဆိုင်တွေကို ခွဲပေးတော့လဲ ခွဲပေးတာ ကောင်းလား ဆိုပြီးတော့ ထပ်ဖြစ်ပြန်ရော။ ကျွန်တော်တို့ အရင်တုန်းက BOC တို့ ဘာတို့ကို ပြည်သူပိုင်သိမ်းလိုက်တုန်းကတော့ ပိုင်တဲ့သူတွေရဲ့ မြေတွေ ဘာတွေကိုပါ အကုန် သိမ်းသွားတာ။ ခုပြန်ပေးတော့ ဘယ်လိုပြန်ခွဲလိုက်လဲတော့ မသိဘူး။

ခုလည်း ကျွန်တော်တို့ လျှပ်စစ်ကို အစိုးရက မလုပ်ဘဲနဲ့ ကုမ္ပဏီတစ်ခုက လုပ်သလိုလိုတော့ လုပ် ထားတယ်။ ဒါပေမယ့် အဲဒီလျှပ်စစ်က efficient ဖြစ်ဖြစ် effective ဖြစ်ဖြစ်လုပ်နေသလားဆိုတဲ့ အချိန်မှာတော့ မေးခွန်းမေးစရာဖြစ်လာတယ်။ အဲဒီတော့ အစိုးရ စီးပွားရေးလုပ်တာကတော့ သေချာ တယ်။ ကျွန်တော်လည်း အခုပတ်ဝန်းကျင်ရော အရင်တုန်းက ကုမ္ပဏီလုပ်ခဲ့တဲ့ နှစ် ၂၀ ကျော် လောက် ပတ်ဝန်းကျင်ကော ယှဉ်ကြည့်လို့ရှိရင် ဒီဝန်ထမ်းတွေရဲ့ ခန့်ထားရတာတွေ၊ ရာထူးတိုးတာ တွေ၊ ချတာတွေ KPI တိုင်းတာတွေ ဒါတွေအားလုံး အနေအထားအရက သိပ်ပြီးတော့ အပြောင်း အလဲမြန်တဲ့၊ ဆုံးဖြတ် ချက်မြန်ဖို့ ခက်တဲ့ investment တွေရဲ့ တစ်ခါတလေလိုအပ်တဲ့ လုပ်ငန်းတွေ မှာ တကယ့်ဘတ်ဂျက်နဲ့ regulation တိတိကျကျကြီးတွေနဲ့ ဗျူရိုကရေစီ system ကြီးနဲ့ လုပ်နေ တဲ့သူတွေက စီးပွားရေးလုပ်ဖို့ဆိုတဲ့ ကိစ္စက ကျွန်တော်ထင်တယ် ဘယ်လိုမှ စပ်ဟပ်တဲ့ ဟာမျိုး မဟုတ်ဘူးပေါ့နော်။

အဲဒီတော့ ကျွန်တော်အနေနဲ့ကတော့ နောက်တစ်ချက်ကတော့ ပိုဆိုးတာက ကျွန်တော်တို့ လုပ်နေ ကျက စက်ရုံ စီးပွားရေးတွေ ဘာတွေ မဟုတ်ဘဲနဲ့ အခုလိုမျိုးပဲ town plan လို ဟာမျိုးကြီး၊ မြို့ကြီး အကြီးကြီးတစ်ခုလုပ်တာမျိုးဆိုရင် ကျွန်တော်တို့မှာကိုက experience မရှိဘူးဆိုတဲ့ အနေအထားမှာ ရှိတယ်။ ဒီ experience က မရှိလို့ လုပ်ကြည့်ပြီးမှ ဒီကနေ ပေးဆပ်လိုက်ရတာတွေ သိပ်များတယ် ဆိုလို့ရှိရင် ခက်သွားမှာပေါ့နော်။ အဲဒီအတွက် ကျွန်တော့အနေနဲ့ကတော့ ဒီအစိုးရရဲ့ ဖွဲ့စည်းပုံက စီးပွားရေးလုပ်ဖို့မဖြစ်ဘူး။ ဒါပေမယ့် ခုနက ပြောသလိုပေါ့နော် စင်ကာပူတို့ ဘာတို့မှာဖြစ်တယ် ဆိုတာက စင်ကာပူမှာရှိနေတဲ့ အစိုးရဝန်ထမ်းတွေ၊ စီးပွားရေးလုပ်တဲ့ ဝန်ထမ်းအဖွဲ့အစည်း က အစိုးရဖွဲ့စည်းထားတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး။ အစိုးရဆိုတာက ခုကျွန်တော်တို့ တော်တော်များများကြုံတယ်ပေါ့နော်။ ဒီ computer system တစ်ခုကို ထည့်လိုက်တယ်။ ဒါ ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို ခန့်လို့ရတယ်။ အစိုးရက အဲဒီအထဲကို ကြိုက်တဲ့သူ ထည့်လို့် မရဘူး။ အစိုးရက ဝန်ထမ်းတစ်ဦး၊ မကြိုက်တဲ့သူကို ဒီကနေ ဖြုတ်လို့မရဘူး။ နောက် အဲဒီ system အတွင်းထဲမှာ ပြောင်းလဲနေတဲ့ technology၊ ပြောင်းလဲနေတဲ့ procedure တွေ ကြားထဲမှာ အံဝင်ခွင်ကျဖြစ်ဖို့ဆိုတဲ့ ကိစ္စက အစိုးရအဖွဲ့အစည်းနဲ့ ဒီဟာတွေနဲ့ မကိုက်ဘူး။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းကလည်း အစိုးရအဖွဲ့အစည်းအတိုင်း အစိုးရအလုပ်တွေ လုပ်မယ်ဆိုလို့ရှိရင် ဒါ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ထိရောက်တယ်၊ ကောင်းမွန်တယ်။ သို့သော် မစပ်ဟပ်ဘူးလို့ ကျွန်တော်တို့က မြင်တာပေါ့နော်။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာဆွေးနွေးသွားတာကတော့ အကြမ်းဖျင်းအားဖြင့်တော့ ဆရာတို့ နှစ်ယောက်စလုံး အရင်က လုပ်ခဲ့တာတွေကို ကြည့်ပြီးတော့ပေါ့ ဒါကို မသင့်တော်ဘူးလို့ ထင်တယ် ပေါ့နော်။ ဟုတ်ကဲ့ဆရာ၊ ဆရာဆွေးနွေးပေးပါဦး။

ဦးခိုင်ဝင်း

ရှေ့က panelist ၂ ယောက်ကတော့ legacy issue ကိုလည်း ပြောသွားတယ်ပေါ့နော်။ Legacy issue ဆိုတော့ ကျွန်တော်တို့ တော်တော်များများက အစိုးရလုပ်မယ်ဆိုလို့ရှိရင် စီးပွားရေး ဝင်လုပ်မယ် ဆိုရင်ဖြင့် မယုံကြဘူးပေါ့နော်။ တော်တော်များများက အဲဒီပြဿနာကတော့ ရှိနေကြတယ်ပေါ့။ အဲဒီတော့ ဒီအစိုးရ စီးပွားရေး လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာ ဘာနဲ့ဆိုင်လည်း ဆိုတော့ အစိုးရရဲ့ ဒီဟာပေါ့။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ ideology နဲ့လည်း ဆိုင်တယ်ပေါ့။ intervention ပေါ့နော်။ ဒီ state intervention က ဘယ်လောက်ထိသွားမလဲ ဆိုတာ သူတို့ရဲ့ မူဝါဒနဲ့ သူတို့ပါတီရဲ့ manifesto တွေ အစိုးရရဲ့ ကြေငြာစာတမ်းတွေပေါ့။ အဲဒါ ကျွန်တော် ပြန်ကြည့်တဲ့အခါကျတော့ NLD ရဲ့ 12 point economic policy ထဲမှာ နံပါတ် ၂ က ဘာလဲဆိုတော့ သူတို့ရေးထားတဲ့ဟာထဲမှာ vibrant private sector ထူထောင်မယ်၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်မယ်၊ Market Oriented Reform လုပ်မယ်လို့ပြောထားတယ်။

အဲဒီတော့ အဲဒီဟာ ၂ ခုနဲ့က တစ်ခု ကျွန်တော့စိတ်ထဲမှာ အစိုးရက တစ်ခါ စီးပွားရေး 100% own company ထောင်တယ်ဆိုတော့ ဟိုဟာဖြစ်နေသလားပေါ့။ communication ဒီအစိုးရအနေနဲ့ ဒီမူဝါဒတွေကို ကျွန်တော်တို့က တည်ငြိမ်ဖို့လိုတယ်။ coherence ဖြစ်ဖို့လိုတယ်။ ရှေ့နောက်ညီညွတ်ဖို့ လိုတယ်။ အဲဒါတစ်ခုက အကြီးအကျယ် စိုးရိမ်စရာရှိတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကျွန်တော့်အနေနဲ့က ဘာတစ်ခုထပ်မြင်လဲဆိုတော့ စီးပွားရေး လုပ်ဖို့ဆိုရင် ownership ကိုလည်း ဂရုမစိုက်ဘူး။ ownership က public ownership လည်း ဖြစ်နိုင်သလို private ownership လည်း ဖြစ်နိုင်တယ်။ အရေးကြီးတာက တည်ထောင်ထားတဲ့ firms က efficient ဖြစ်ဖို့ပဲ လိုတယ်ပေါ့နော်။ ကမ္ဘာမှာ ကျွန်တော်တို့ public-owned company တွေရှိပါတယ်။ ဟိုဟာ HUAWEI တို့ AIRBUS တို့ ဒါတွေကို နိုင်ငံတော်က ပိုင်တယ်ဆိုပေမယ့်လို့ သူတို့က အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ မအောင်မြင်တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေလည်း အများကြီးရှိတာပါပဲ။ ဒါပေမယ့်တစ်ခုရှိတာက ဘာနဲ့ပဲ ဆိုင်လည်း ဆိုတော့ လုပ်မယ်ဆိုရင် management ပုံစံက ဘာဖြစ်လဲ management က private လို manage လုပ်ဖို့တော့ လိုတယ်ပေါ့နော်။ အဲဒါလေးကို ကျွန်တော်ဟိုဟာ ဖြစ်မိတယ်။ တွေးမိတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ အစိုးရ စီးပွားရေးလုပ်သင့် မလုပ်သင့်နဲ့ပတ်သက်လို့ အစိုးရကိုယ်တိုင်က သူရဲ့ economic policy တွေထဲမှာ ဘာတွေ ထည့်ထားသလဲဆိုတော့ state-owned economic enterprise တွေ SOE တွေကို လိုအပ်လို့ ရှိရင်တောင်မှ ပုဂ္ဂလိကပိုင် ပြုလုပ်မယ်လို့ ရေးထားတယ်။ ရေးထားတယ်ဆိုတော့ အဲဒါက အစိုးရရဲ့ ပြည်ထောင်စုအစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒနဲ့ တိုင်းဒေသ ကြီး တွေချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေက ရှေ့နောက်ကိုက်ရဲ့လားပေါ့၊ ပြီးတော့ နောက် capacity ပေါ့ အဲဒါတွေက ကျွန်တော်တို့ စိုးရိမ်ပူပန်မှု ဖြစ်နေတယ်ပေါ့နော်။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာဦးခိုင်ဝင်း။ အကြမ်းဖျင်း ပေါ်လစီပိုင်းမှာတော့ ခုနကပြောသလို နည်းနည်း တွေဝေစရာဖြစ်ပြီးတော့ ဖွဲ့စည်းပုံအရတော့ ဒီလိုမျိုး company ပုံစံဆိုရင်လည်း အောင်မြင် နိုင်တာတော့ရှိတယ်လို့ ဆရာ သုံးသပ်တာပေါ့နော်။ ဟုတ်ကဲ့ပါ အန်ကယ် ဆွေးနွေးပေးပါဦးခင်ဗျာ။

ဦးသိမ်းဝေ@Serge Pun

နှုတ်ခွန်းဆက်သပါတယ်နော်။ ကျွန်တော့အနေနဲ့ကတော့ ကျွန်တော်က NYDC ရဲ့ ဝန်ထမ်း တစ်ယောက်ပေါ့နော်။ ဒီအုပ်ချုပ်မှုဆိုင်ရာ တာဝန်ယူတဲ့သူ တစ်ယောက်ဆိုတော့ ကျွန်တော့်တာဝန် ကတော့ ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေ ဘာကြောင့်လုပ်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ အားလုံးသိဖို့ ကျွန်တော့တာဝန်ပါ။ ခုနက ပြောတဲ့တစ်ချက်မှာ ကျွန်တော် ပြောချင်တာ ကတော့ ကျွန်တော်တို့ panelist တွေပြောတဲ့ အချက်တွေအကုန်လုံးကို ကျွန်တော်သဘော တူတယ်ဗျာ။

အစိုးရက စီးပွားရေးလုပ်ငန်းကို ဝင်ပြီးမလုပ်ရဘူးဆိုတဲ့ ပေါ်လစီကိုလည်း ကျွန်တော်အများကြီး ထောက်ခံတယ်။ အဲဒီဟာက မှန်တဲ့ ပေါ်လစီပါ။ တစ်ကမ္ဘာလုံးမှာ တကယ့်အစိုးရက အောင်မြင်စွာ စီးပွားရေးလုပ်နိုင်တဲ့ အစိုးရဆိုတာ အင်မတန်ရှားပါတယ်။ ပြောလို့ရှိရင် တကယ်ပြောရင် စင်ကာပူ မှာ အောင်မြင်မှုရှိတယ်။ ဒါပေမယ့် အာရှတိုက်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် ဒီတစ်နိုင်ငံပဲ အောင်မြင်မှုရှိတယ်လို့ပဲ ကျွန်တော်ပြောလို့ ရပါတယ်။ ဟောင်ကောင်က အင်မတန်အောင်မြင်တဲ့ မြို့တစ်ခုဖြစ်တယ်၊ နိုင်ငံတစ်ခုဖြစ်တယ်။ ဟောင်ကောင်အစိုးရက စီးပွားရေး တစ်စက်မှ မလုပ်ဘူး။ ဘာမှလည်း မပိုင်ဘူး။ ဘာစီးပွားရေးမှလည်း မရှိဘူး။ သို့သော် ဟောင်ကောင်ရဲ့ MRT ပိုင်ဆိုင်မှုက ဟောင်ကောင်အစိုးရပါ။ 100 % ပိုင်တာပါ။ သို့သော် သူ့အနေနဲ့ သူပိုင်ဆိုင် သော်လည်း လုပ်ငန်းကို သူလုံးလုံး ဝင်မရှုပ်ဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ဒီလို ကျွန်တော်တို့ NYDC အစိုးရ ၁၀၀ ရာခိုင်နှုန်းပိုင်တယ်ကို ဝေဖန်တဲ့သူရှိတယ်။ ဝေဖန်တာကလည်း ကျွန်တော်ပြောလို့ရှိရင်တော့ မှားသလား၊ မမှားပါဘူး။ ဘာကြောင့် မမှားဘူးဆိုတော့ စီးပွားရေး မလုပ်ရဘူးလို့ ပြောပြီးတော့ company တစ်ခု သွားထောင်ပြီးတော့ ၁၀၀ ရာခိုင်နှုန်း ပိုင်တော့ ဒါကို စီးပွားရေးပဲ လုပ်နေလို့ ယူဆကြတယ်။ သို့သော် လွဲသွားတာ တစ်ချက်ပဲ ရှိတယ်။

NYDC ထောင်တာ NYDC စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းက ဘာလဲ။ တစ်ခုပဲ ရှိတယ်။ ဘာလဲ။ NYDC ရဲ့ စီးပွားရေးလုပ်ငန်းက ရန်ကုန်မြို့သစ်ကို ဆောက်ဖို့၊ စီးပွားရေး လုပ်ငန်းရှင် တွေကို အောင်မြင်စွာ ဖိတ်ခေါ်လာပြီး ရင်းနှီးမြှုပ်ဖို့ ဒီတာဝန်တစ်ခုပဲရှိတယ်။ ဒါက သူရဲ့ စီးပွားရေးပဲ။ ဒီ့အပြင် စီးပွားရေးဆိုတာ ငွေရေးကြေးရေးနဲ့ ပြောလို့ရှိရင် ဒီမြို့သစ်ကို အောင်မြင်ဖို့ တည်ဆောက်ရမယ့် အခြေခံ basic infrastructure အနည်းဆုံး အနည်းဆုံး လိုအပ်တဲ့ ငွေ အမေရိကန်ဒေါ်လာ 5 billion လောက်လိုတယ်။ ဒါကျွန်တော်တို့ တွက်လိုက်တာ။ 5 billion လောက် မရှိလို့ရှိရင် ဒီမြို့သစ်သည် တက်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လိုအပ်ချက်တွေ ရှိတယ်။ အဲဒီလိုအပ်ချက်တွေ မရှိရင် လူတွေက လာမှာ မဟုတ်ဘူး။ လာလို့ရှိရင်လည်း အလုပ်လုပ် နိုင်မှာ မဟုတ်ဘူး။ မီးတို့၊ ရေတို့၊ လမ်းတို့ အမျိုးစုံပေါ့ အဘက်ဘက်ဆိုင်ရာ။ အဲဒီဟာကို ရင်းနှီးမြှုပ်ဖို့ ဒီလောက်များ ငွေလိုတယ်။ ကျွန်တော်တို့က တာဝန်ပေးထားတော့လည်း ငွေက ဘယ်မှာလည်း ငွေ မရှိဘူး။

NYDC ကို တိုင်းအစိုးရက ပေးထားတဲ့ စဖို့ seed capital ပေါ့နော် ကျွန်တော်တို့ရဲ့ paid-up capital က ဘယ်လောက်လဲဆိုတော့ 10 billion ပဲရှိတယ်။ ကျပ်နော်။ 10 billion kyats ဆိုတာ US dollar 7 million ပဲရှိ တယ်။ ဒီဘက်က လိုတာ 5 billion လိုတယ်။ အဲဒီလိုပြောလို့ရှိရင် 4.993 billion က ဟ နေတယ်။ NYDC ရဲ့ တာဝန်သည် ဒီ 4.993 billion ကို သွားရှာလာပြီးတော့ ဒီရန်ကုန်မြို့သစ်ထဲကို မြှုပ်ဖို့။ ဒါက ကျွန်တော်တို့ရဲ့ လုပ်ငန်း။ ဒါ ကျွန်တော်တို့ရဲ့ စီးပွားရေးပဲ။ ဆိုတော့ အဲဒီလို အခြေအနေက တချို့ နိုင်ငံဆိုရင်၊ တရုတ်ပြည်ဆိုရင် ဒီနိုင်ငံတော်ကနေ ပိုက်ဆံအများကြီးရှိတော့၊ ချမ်းသာတော့၊ မလိုဘူး။ သူပိုက်ဆံထုတ်နိုင်တယ်။ သူပြင်ပြီးမှ မြေကိုအကွက်ရိုက်ပြီးတော့ ဘယ်လိုထပ်ပြီးတော့ ဖွံ့ဖြိုးအောင်လုပ်မလဲ သူလုပ်တဲ့ အင်အားရှိတယ်။ ကျွန်တော်တို့က ဒီလိုအင်အား မရှိဘူး။ ဒါဖြင့် ကျွန်တော်တို့က ပုဂ္ဂလိက ကို ဆွဲခေါ်ရမယ်။ ပုဂ္ဂလိကကို အားကိုးရမယ်။ အဲဒီ ဆွဲခေါ်တဲ့ လုပ်ငန်းသည် ကျွန်တော်တို့ရဲ့ လုပ်ငန်း။

ဒီဆွဲခေါ်တဲ့ လုပ်ငန်းကို တစ်ချို့က ပေါ့ပေါလျှော့လျှော့နဲ့ သိပ်လွယ်တယ်လို့ ထင်နေတယ်။ တကယ် ဆိုရင် မလွယ်ပါဘူး။ လူတစ်ယောက်က အရင်းအနှီးလာမြှုပ်မယ်ဆိုလို့ရှိရင် သူ့မေးခွန်းတွေက အရှည်ကြီးပဲ။ လိုအပ်တဲ့ အာမခံချက်တွေကလည်း အရှည်ကြီးပဲ။ ဆိုတော့ အဲဒီဟာ အောင်မြင် အောင်ခေါ်ဖို့က ကျွန်တော်တို့ တာဝန်ဖြစ်သွားရော။ ဒါ ဒီဘက်က ပြောလို့ရှိရင် ခုနက ကျွန်တော် ပြောတာ အများကြီးသဘောတူပါတယ်။ အစိုးရ မလုပ်တာလုပ်တာ ထားလိုက်ဦး။ ဒီအလုပ်ကို ဖြစ်ဖို့ ဒီ organisation structure ပေါ့နော်။ ဒီမူဝါဒ ဘယ်လိုဟာမျိုးဖြစ်ရမလဲဆိုတာ တကယ်အစိုးရဌာန တစ်ခုအနေနဲ့ လုပ်နိုင်သလားဆိုတဲ့ မေးခွန်းက ထွက်လာရော။ မြို့သစ်ဆောက်တာ ဘာကြောင့် အစိုးရဌာန တစ်ခုအနေနဲ့ မလုပ်ဘူးလဲ။ အစိုးရ အေဂျင်စီအနေနဲ့ မလုပ်ဘူးလဲ။

အဲဒီဟာက ကျွန်တော်တို့ ဝန်ကြီးချုပ်ကတော့ ကျွန်တော်မြင်တာတော့ အမြင်ကျယ်တဲ့အပြင် အရှေ့ အများကြီးမြင်ပါတယ်။ အရင်တုန်းက ခေတ်မှာလို့ဆိုရှိရင် ကျွန်တော်တို့က rule of law ကို ပြောလို့ရင် တကယ် ခိုင်မာလား။ အရင်တုန်းက အစိုးရအနေနဲ့ ကော်မတီတစ်ခုထောင်လိုက်။ အဲဒီကော်မတီကပြောတာ ဥပဒေပဲ။ ယနေ့ခေတ်မှာ မဟုတ်တော့ဘူးလေ။ ဒီနေ့ခေတ်မှာ ဒီကော်မတီပြောတာ ဥပဒေနဲ့ ခင်ဗျားမကိုက်လို့ရှိရင် ဒါ အသက်မဝင်ဘူး။ အဲဒီကြောင့် ကော်မတီထောင်လိုက်ပြီးတော့ လုပ်တာဆိုတာ အရင်တုန်းက လုပ်နိုင်သော်လည်း ဒီနေ့က လုပ်နိုင်ချင်မှ လုပ်နိုင်မှာ။ နောက်တစ်ခု ကော်မတီအနေနဲ့ ထောင်လိုက်ပြီးတော့ အစိုးရအေဂျင်စီတစ်ခုအနေနဲ့ ထောင်လိုက်ပြီးတော့ ဒီ 4.993 billion ကို ဖိတ်ခေါ်လာတဲ့အချိန်မှာ ခင်ဗျား ယုံကြည်မှုရှိရဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ ဒါ counter party ပေါ့နော်။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ စာချုပ်ချုပ်မယ်။ ခင်ဗျားက ကော်မတီ။

ခင်ဗျားက ဒီနေ့ ကျွန်တော်နဲ့ စာချုပ်ချုပ်ပြီးတော့ မနက်ဖြန် ကော်မတီလူတွေ ပြောင်းလိုက်ပြီးတော့ ကျွန်တော်က ဘယ်သူ့ သွားရှာရမလဲ မသိဘူးဆိုတော့ မဖြစ်နိုင်ဘူး။ ဆိုတော့ အသက်ဝင်ဖို့၊ တရားဝင်ဖို့ legal standing ရှိဖို့ corporation တစ်ခုလိုတယ်။ အဲဒီ corporation က ဥပဒေအရ သူပိုင်တဲ့ အခွင့်အရေးတွေ၊ သူလုပ်နိုင်တဲ့ အခွင့်အရေးတွေပေါ်မှာ မူတည်ပြီးတော့ သူသွားပြီး ဆွေးနွေးရမယ်။ ကောင်းပြီ အဲဒါကြောင့် ကျွန်တော်တို့က ဒီကော်မတီကို ထောင်တာ။ ဆက်လက်ပြောရရင် ဒီကော်မတီကို ထောင်လိုက်လို့ရှိရင် ဘာကြောင့် inclusive ဖြစ်အောင် တခြားပုဂ္ဂလိက ပြည်သူလူထုကို ဝင်ပါလိုက်၊ အခွင့်ပေးလိုက်လို့ရှိရင် ပိုမကောင်းဘူးလားဆိုတဲ့ မေးခွန်းက ထွက်လာရော။ ကျွန်တော်ကတော့ ဒီလိုမြင်တယ်။ ကျွန်တော်တို့ ဒီအထူးသဖြင့် သမ္မတကြီးဦးသိန်းစိန် အစိုးရ ၅ နှစ်မှာ၊ ကျွန်တော်တို့ စီးပွားရေးတွေ အများကြီး တိုးတက်သွားတယ်။ ဒါအမှန်ပဲ။ ဒါကို ဘယ်သူမှလည်း မဟုတ်ဘူးလို့ ပြောလို့ မရဘူး။ အဲဒီ ၅ နှစ် အတွင်းမှာ ကျွန်တော်တို့ ထွက်လာတဲ့ public committee ဆိုတဲ့ မူနဲ့ ထွက်လာတာ။ အနည်းဆုံး ကော်မတီ ၂၀၀ ကျော် ရှိတယ်။

လူတိုင်းက public committee ပဲ။ ဒီမြို့ကလည်း public committee၊ ဒီတိုင်းကလည်း public committee ပဲ။ အမျိုးစုံ public committee ပဲ။ ဘယ်နှစ်ဦး၊ ဘယ်နှစ်ခု အောင်မြင်သလဲဆိုတာ စစ်ဆေးကြည့်ပါ။ နည်းပါတယ်။ အကြောင်းအရာက ရှင်းရှင်းလေးပဲလေ။ လူတိုင်းက ပါချင်တယ်။ ဒီလောက်ပဲ။ သို့သော် ငွေရေးကြေးရေးက ဘယ်ကလာမလဲ။ အင်အားလုံလောက်မလား။ တကယ် ကျွန်တော်နားမလည်ဆုံးက public company ထောင်လိုက်တယ်။ တစ်ယောက်က one percent လောက်၊ half percent လောက်ထည့်ပြီးတော့ အကုန်လုံးက BOD က လူ ၃၀ လောက်ရှိတယ်။ ဆုံးဖြတ်ကြပါဆိုတော့ အငြင်းပွားတာနဲ့ပဲ အလုပ်က မဖြစ်ဘူး။ အဲဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူး။ တစ်ယောက်ပဲ ဦးဆောင်ရမယ်။ NYDC ရဲ့ အခြေအနေက တကယ်ပြောလို့ရှိရင် NYDC က ငွေသား နဲ့ ပြောလို့ရှိရင် အဆင်းရဲဆုံး ကုမ္ပဏီ။ 7 million ပဲရှိတယ်။ ဒါပေမယ့် asset အရ ပြောလို့ရှိရင် မြန်မာပြည်မှာ အချမ်းသာဆုံး ကုမ္ပဏီ။ ဘာကြောင့်လဲဆိုတော့ မြေတွေရှိတယ်။ အဲဒီမြေတွေက NYDC ရဲ့ asset ပဲ။ ဒီမြေတွေကို သုံးသပ်ပြီးတော့ ပိုက်ဆံတော့ရှာရမှာ။ အောင်မြင်အောင် လုပ်ရမှာ။ အဲဒီကြောင့် ဒီမြေတွေကို ဘာဈေးနဲ့ တခြားသူကို ပေးသင့်သလဲ ဆိုတာ အငြင်းပွား အများ ကြီးဖြစ်မယ်။ အစိုးရပိုင်လို့ရှိရင် အစိုးရပဲ လုပ်တာ။ အကျိုးအမြတ်ကလည်း အစိုးရမှာ ရှိမယ်။ အစိုးရ ဆိုတာ ကျွန်တော်ယူဆတာကတော့ အစိုးရဆိုတာ ပြည်သူလူထု၊ ပြည်သူလူထုရဲ့ အစိုးရဖြစ်ရမယ်။ လုပ်တဲ့ဟာတွေက ပြည်သူလူထု အကျိုးရရမယ်။ ဒါကြောင့် ကျွန်တော်ကတော့ ၁၀၀ ရာခိုင်နှုန်း အခု လောလောဆယ် ကျွန်တော်ထောက်ခံတယ်။ နောင်ကျလို့ရှိရင်တော့ ဘယ်လိုထပ်ပြီးတေ့ာ ချဲ့မလဲ၊ inclusive ဖြစ်တဲ့ဟာ ဒါ အနာဂတ်အတွက် လုပ်ရမယ့်ဟာ။ ဒီနေ့ ဒီရက်တော့ အစိုးရ ပိုင်ရမယ်။ အစိုးရ decission ချနိုင်ရမယ်။ အစိုးရ တာဝန်ယူရဲရမယ်။ ပေးသင့်ပေးထိုက်တဲ့ အာမခံကို အစိုးရက ပေးရမယ်။ ဒါမှလည်း ရင်းနှီးမြှုပ်နှံသူက လာမှာ။ ဒါကြောင့် ကျွန်တော်က ထောက်ခံတယ်လို့ ပြော ချင်ပါတယ်။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့။ အန်ကယ် ကျေးဇူးတင်ပါတယ်။ ဆရာတို့ ဆွေးနွေးပေးပါဦး။

ဦးခိုင်ဝင်း

အန်ကယ်ပြောတဲ့ဟာတွေက ဟိုဟာဖြစ်ပါတယ်။ အကျိုးအကြောင်းခိုင်လုံတဲ့ဟာလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ အန်ကယ်ပြောတဲ့အထဲမှာ ပါတဲ့ 100 % own ဖြစ်တယ်။ public asset ဖြစ်တယ်။ မြေဖြစ်တယ်။ ကျွန်တော်နားလည်ထားတဲ့ model ဘာဖြစ် လည်းဆိုတော့ အန်ကယ်တို့ လုပ်တဲ့ဟာက land transfer လုပ်မှာ။ land transfer လုပ်တဲ့ပုံစံ၊ land value capture လို့လည်း ခေါ်တယ်။ အခုဟာက ညှိလိုက်တယ်။ မြေတွေကို သူ လယ်သမားတွေ တကယ်ပိုင်တဲ့ individual ပိုင်တဲ့ ဟာတွေကို မြေအမျိုးအစားပြောင်းတယ်။ လယ် ယာမြေကနေ မြို့မြေကို ပြောင်းတယ်။ ပြောင်းလိုက်တဲ့အခါမှာ သူတို့ကို 20 % ပဲပေးပြီတော့ 80 % ကို နိုင်ငံတော် က ယူလိုက်တယ်။ အဲဒီ နိုင်ငံတော်က ယူပြီးတော့မှ ဘယ် model နဲ့ လုပ်မယ်ဆိုတာကို PPP နဲ့ ပြန်ပြီးတော့ CCCC နဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ တခြားဟာနဲ့ လုပ်ကြမယ် ပေါ့။ ဆိုတော့ ခုနက အန်ကယ်ပြောတဲ့ဟာက အရေးကြီးပါတယ်။ အစိုးရပိုင်တဲ့ဟာကို သေချာ ခိုင်ခိုင်မာမာ ယူထားဖို့တော့ လိုတယ်ပေါ့နော်။

ဒါပေမယ့်လို့ ကျွန်တော်ထင်တာက ဥပဒေပိုင်းတွေမှာတော့ အများကြီး ကျွန်တော်တို့ ဆက်ပြီးတော့ ရှုပ်ထွေးမှုတွေကို အများကြီး င်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရမယ်ပေါ့နော်။ အန်ကယ်ပြော တဲ့ဟာမှာ ကျွန်တော် ဖတ်ဘူးတဲ့ဟာပဲရှိပါတယ်။ public wealth of cities ဆိုတာ။ cities တွေမှာ wealth အများပိုင်တဲ့ ဟာပေါ့။ အဲဒါကို manage လုပ်ဖို့မှာ ကျွန်တော်တို့က ဘာကိုစိုးရိမ်တာတွေ ရှိလဲဆိုတော့ ဒီဟာတွေရဲ့ land တွေရဲ့ တန်ဖိုးကို valuation ကို အန်ကယ်တို့ သေချာ balance sheet ကို သေချာ လုပ်ပြီးပြီလား။ အဲဒီလို လုပ်ဖို့အတွက်ကို အန်ကယ်တို့ ဥပဒေတွေ၊ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်တိုင်းအစိုးရ တစ်ခုထဲမှာ လုပ်ပိုင်ခွင့် အာဏာမရှိဘူးလို့ ကျွန်တော်ထင်တယ်ပေါ့နော်။

အဲဒီတော့ ကုမ္ပဏီတစ်ခုတည်းကနေပြီးတော့ deal လုပ်လို့တော့ ကုမ္ပဏီ ကုမ္ပဏီချင်းပဲဖြစ်စေ အများပိုင်ပဲ ဖြစ်ပါစေ၊ ရန်ကုန်တိုင်း အစိုးရက ပိုင်သည်ဖြစ်စေ အဲဒီ ရန်ကုန်တိုင်းအစိုးရနဲ့ တစ်ဖက် တည်းနဲ့ ထိုးတာနဲ့တင် ကျွန်တော်ထင်တယ် အဲဒါတော့ မပြီးဘူး ထင်တယ်။

ဦးသိမ်းဝေ@Serge Pun

အဲဒီတော့ ခင်ဗျားအနေနဲ့ ဘယ်သူနဲ့မှ ပြီးလဲ။

ဦးခိုင်ဝင်း

ကျွန်တော်မြင်တာတော့ ဥပဒေတွေ ရှိတယ်။

ဦးသိမ်းဝေ@Serge Pun

ဥပဒေတွေအရ ဘယ်သူနဲ့မှ ပြီးမလဲ။ ရန်ကုန်တိုင်းကို ဖွံ့ဖြိုးမယ်၊ ရန်ကုန်မြို့ကို ဖွံ့ဖြိုးမယ်ဆိုတော့ ဒီ ဖွံ့ဖြိုးတဲ့ အာဏာက ဘယ်သူ့ဆီမှာ ရှိလဲ။ အဲဒီမှာ ရှိလား။

ဦးခိုင်ဝင်း

လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံက federal လို decentralize တော့ အပြည့်အဝ လုပ်ထားတဲ့ဟာ မဟုတ်တော့ ပြည်ထောင်စုရဲ့အထူးသဖြင့် ကျွန်တော်ထင်တယ်။ investment နဲ့ ပါလာတဲ့ land တွေကို ပေးမယ်။ ၈၀ ရာခိုင်နှုန်းကိုင်ထားတဲ့ဟာကို ရန်ကုန်တိုင်းတစ်ခုတည်းနဲ့ တော့လုပ်လို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ အဓိက ကျွန်တော်မြင်တာကတော့ transparency ရယ် asset တွေကို ဘယ်လောက် တန်ဖိုးရှိတယ် ဆိုတာရယ် နောက်တစ်ခုက ကျွန်တော်တို့ စိုးရိမ်တဲ့ အထဲမှာ ပါတဲ့ ဘာလဲ political independence ပေါ့ political interference မပါဘဲနဲ့ စီးပွားရေးကို စီးပွားရေးအနေနဲ့ပဲ အန်ကယ်တို့ ဒီမြို့ကြီးဖွံ့ဖြိုးလာအောင်လို့ပေါ့နော် အန်ကယ်တို့ စနစ်တကျ manage လုပ်တာကို ကျွန်တော်တို့ မြင်ချင်တယ်ပေါ့။

ဦးသိမ်းဝေ@Serge Pun

ကျွန်တော် နည်းနည်းဖြတ်ပြောချင်တာ in theory နော် political influence မပါဘဲနဲ့ စီးပွားရေးပဲ ဖြစ်ချင်တယ်ဆိုတဲ့ ဒီ statement ကိုတော့ in theory ဟုတ်သလိုပဲ။ သို့သော် in reality က ခက်ပါ တယ်။ အထူးသဖြင့် မြို့သစ်တစ်ခုထောင်တာ ဒါစီးပွားရေးတစ်ခုလုပ်တာ မဟုတ်ဘူး။ စီးပွားရေး တစ်ခုလုပ်တာ ခင်ဗျား ဖြစ်သလိုလုပ် ခင်ဗျား အောင်မြင် မအောင်မြင် ခင်ဗျား ရှိတဲ့ ဥပဒေပေါ်မှာ ခင်ဗျား သွားထွင်။ entrepreneur တစ်ယောက်အနေနဲ့ လုပ်နိုင်တာ။ မြို့သစ်ထောင်တဲ့ အချိန်မှာ ဒါ public အနေနဲ့ပါသွားပြီ။ public utilities နဲ့ပါသွားပြီ။ အဲဒီဟာကို အစိုးရကလုံးလုံး စီးပွားရေး ဆန္ဒနဲ့ လုပ်လို့ရှိရင် ဥပမာတစ်ခုအနေနဲ့ ပြောမယ်ဗျာ။

ဥပမာ တံတား ၂ ခုဆောက်တယ်။ အဲဒီ တံတား ၂ ခု မဆောက်မခြင်း ဟိုဒေသက သွားလို့မရဘူး။ အဲဒီတံတားကို ဆောက်ပြီးတဲ့ နောက်ပိုင်းမှာ တခြားနိုင်ငံတွေကတော့ ဒီတံတားဆောက်ခကို ပြန်ယူတာ တံတားဖြတ်ခနဲ့ ယူတယ်။ ကျွန်တော်တို့က ဒီအစိုးရက ဆုံးဖြတ်ထားတာ ရန်ကုန်မှာ ရှိတဲ့ ဒီတံတားတွေအကုန်လုံးက အခမဲ့။ ကောင်းပြီ ဒီတံတားက ဘယ်သူ ပိုက်ဆံပေးမလဲ။ ပိုက်ဆံက ဘယ်တော့ပြန်ရမလဲ။ အစိုးရက ချမ်းသာလို့ရှိရင် အရေးမကြီးဘူး။ တို့ထုတ်ပေးမယ်ကွာ၊ မင်းတို့ သုံးကြတော့။ ဒီတံတားရှိလို့ ဒီဒေသကြီးက ဖွံ့ဖြိုးလာတယ် ကောင်းတယ်။ တို့က အခွန်ကောက်မယ်။

တို့က ပိုက်ဆံမရှိဘူး။ ဒါ ၁ ပေါ့နော်။ ကောင်းပြီ နောက်တစ်ခုက တံတားဆောက်တဲ့အခါမှာ ဘယ်လို compensation ပေးမလဲ။ ဥပမာ အခု ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့နဲ့ ဆွေးနွေးပြီးပြီ။ တံတားဆောက်ဖို့ သူက ရင်းနှီးမြှုပ်ရမယ်။ ကဲသူက ရင်းနှီးမြှုပ်ရမယ်ဆိုတော့ သူက ဒီမြေတစ်ကွက်က ဒီ industrial zone တစ်ကွက်ကို ခင်ဗျားတို့ ဖွံ့ဖြိုးအောင်လုပ်။ ဒီ industrial zone ကနေ တံတားဆောက်ခကို ပြန် ကောက်။ အဲဒီဟာ OK။ သို့သော် သူရတဲ့အကွက်လေးက ဒီလောက်ပဲရှိတယ်။ ဒီတံတားကြောင့် အကျိုးရတာ ဒီလောက်ရှိတယ်။ အဲ ကျန်တဲ့သူက အလကားရမလား၊ အချောင်ရမလား၊ အဲဒီဟာ တွေက အစိုးရက မဖြတ်လို့ မဖြစ်ဘူး။ အစိုးရက ဝင်ဖြတ်ပေးရမယ်။ စီးပွားရေးသမားက ဖြတ်လို့ မရဘူး။ းပွားရေးသမားက သူဒီလောက်ကျယ်တဲ့ဟာ အကုန်လုံး လိုချင်တဲ့အပြင် ရန်ကုန်မြို့ အဟောင်းကြီးထဲကတောင်သူက လိုချင်သေးတယ်။ အဲဒီဟာလည်း မဖြစ်ဘူးလေ။ အဲဒီတော့ အစိုးရက ဝင်ပြီးတော့ မျှတတဲ့ဟာ ဖြတ်ကိုဖြတ်ရမယ်။ ဒါပါပဲ။

ဦးရဲမြတ်သူ

ကျွန်တော်က မန္တလေးက လာတာဆိုတော့ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ဟာပေါ့။ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ အနေအထားပေါ့။ အရေးအခင်းပြီးတော့ ပထမဆုံး စပြီးတွေ့ခဲ့ရတာ ကျွန်တော်တို့ရဲ့ တိုက်တန်းတွေ၊ ဈေးချိုတွေ အကုန်လုံး၊ အသစ်တွေ ဆောက်ပါတယ်။ သာမန်အားဖြင့် ဒီဟာကြီးက ဖွံ့ဖြိုးတိုးတက်ဖို့သာ ပြောတာ အခုတကယ်တန်းကျတော့ အဲဒီ plan ကြီးက ကားရပ်စရာလည်း နေရာမရှိ၊ public transport လည်း မရှိဘူး။ ရှုပ်ပွပြီးတော့ အရင်ဈေးချိုကလည်း မရှိတော့ဘူးပေါ့နော်။ အဲဒီဟာကို လုပ်လိုက်တဲ့ ကိစ္စက ဒါ investment လုပ်တဲ့သူကတော့ ဈေးကြီး ဆောက်သွားတယ် ဆိုပေမယ့်လည်း အဲဒီကိစ္စမှာ ကျွန်တော်တို့က စိတ်ထဲမှာ တော်တော်များများ ဈေးသူဈေးသားတွေက သူတို့ ပိုက်ဆံနဲ့လည်း ပြန်ဆောက်ရသေးတယ်၊ ဒီလိုလည်း ဖြစ်တဲ့ဟာအပြင် နောက်တစ်ချက်က ကျွန်တော်တို့ ကျုံးဘေးမှာ လမ်း ၈၀ နဲ့ ၇၈ လမ်းဆိုတာ မန္တလေးရဲ့ လမ်းမကြီး ၂ ခုပေါ့။ မန္တလေးကျုံးထောင့်ပေါ့နော်။ အဲဒီမှာ မန္တလေးမြို့ကြီးကို ပိတ်ထားတဲ့ ဘူတာကြီး ပိုင်တဲ့ ဟာတွေ ရှိတယ်။ အဲဒီတုန်းကလည်း ရေပေါ်တွေဘာတွေ လုပ်ရင်းနဲ့ အဲဒီနားလေးမှာ ရှိနေတဲ့ အိမ် တွေအကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောရရင် ၇၆ ဘီ လမ်းပေါ်မှာ ရှိနေတဲ့ အိမ်တွေ အားလုံးကို developing ဆိုပြီး တိုက်တွေ ဆောက်ခိုင်းပြီးတော့ ဂရန်ဖောက်ပေးလိုက်တယ်။

ဒါ ဂရန်ဖောက်ပေးတဲ့ ဟာပေါ့နော်။ အဲဒီလို ဂရန်မဖောက်ပေးဘဲနဲ့ အစိုးရပိုင်တဲ့ နံရံတွေ အကုန်လုံးကို အစိုးရက ပိုက်ဆံမရှိလို့ ဝန်ထမ်းတွေကို ပေးချင်လို့ပါဆိုပြီးတော့ ဆိုင်ခန်းတွေ ဆောက်ပြီးတော့ ခုတော့ အဲဒီဟာတွေက မြေလည်း အရောင်းအဝယ်လုပ်လို့မရဘူး၊ ဂရန်ကလည်း အပျောက်တွေ ဖြစ်နေတယ်။ ဘယ်လောက်ထိ ဖြစ်လည်းဆိုတော့။ မန္တလေးမြို့ပေါ်မှာ ရှိနေတဲ့ တစ်ပြည်လုံး ပိုင်တယ် ဆိုတဲ့ မဟာမြတ်မုနိဘုရားကြီး။ အဲဒီဘုရားကြီးက အရင်တုံးက မီးတားရအောင်ဆိုပြီးတော့ ရှေ့ ၄၅ တာ၊ နောက် ၄၅ တာ ကွင်းပြင်ကြီး လုပ်ထားတယ်။ အရေးအခင်းမှာ အဲဒီနေရာသွားပြီး တရားဟော တော့ အဲဒီနေရာမှာ ဆိုင်ခန်းတွေ ဆောက်ပြီးတော့ လုပ်တယ်။ အဲဒီဆိုင်ခန်းတွေ ခုနောက်ပိုင်း ရေဝင်လို့ အဲဒီဆိုင်ခန်းတွေ ဖျက်ချင်တယ်ပြောတော့ အဲဒီ ဆိုင်ခန်းတွေက ဖျက်ခွင့်မရှိဘူးတဲ့။ အပျောက်တဲ့။

အဲဒီတုန်းက အပျောက်ဘယ်လောက်နဲ့ ရထားလဲဆိုတော့ သုံးသောင်းခွဲနဲ့ ရထားတယ်။ အခု ဆိုင်ခန်း တွေက သူတို့အချင်းချင်း အရောင်းအဝယ်ဖြစ်တာ tax ဘာတွေနဲ့ အစိုးရဆီ တရားဝင် register မဖြစ်ဘဲ သူတို့ဘာသာ အရောင်းအဝယ်ဖြစ်တာ သိန်း သုံးလေးငါးရာ ဖြစ်လို့ ဘုရားကြီးက အဲဒီ ဈေးပေးမှ ဖယ်ပေးမယ်ဆိုတဲ့ ဇာတ်လမ်းစဖြစ်တယ်။ တစ်ခါ ကျွန်တော်တို့က ပိုက်ဆံမရှိလို့ လုပ်လိုက် တဲ့ ဟာတစ်ခုက ဒါတွေက ပြန်မရနိုင်တဲ့ဟာတွေလား ဆိုတဲ့ ပြဿနာ။ ခုဆိုလို့ရှိရင် အခု မန္တလေးမှာ ရှိနေတဲ့ ဈေးချိုဘေးနားလေးက ဟာကြီးကို မန်းမြန်မာ ဦးသန်းဝင်းဆိုတဲ့ လူကြီးက ဒါကို အကြီးကြီး ဆောက်ထားတယ်။ ၇၆ လမ်းပေါ်မှာလည်း လူမရှိဘူး။

ဦးအောင်ချစ်ခင်

ဆရာ့ Concept ကတော့ အရင်တုန်းကလည်း အဲဒီလိုမျိုး မြေယာစီမံတဲ့အခါမှာလည်း ပြဿနာတွေ ရှိခဲ့တယ်ပေါ့နော်။ အန်ကယ်အနေနဲ့ မြန်မြန်လေး ဖြေလို့ရမလား။

ဦးသိမ်းဝေ@Serge Pun

ကျွန်တော်မြင်တာလည်း ဒီလိုပေါ့။ အရင်တုန်းက ဖြစ်ခဲ့တဲ့ မှားယွင်းချက်တွေ၊ အပြစ်တွေရော ဒါကို ကျွန်တော်တို့က သင်ခန်းစာယူရမယ့်ဟာ။ ဟိုး အရင်တုန်းက အပြစ်ရှိလို့ မှားသွားလို့ ဆက်မလျှောက်ရဘူးဆိုလည်း ဒါလည်း မမှန်သေးဘူး။ ဟုတ်လား။ ကျွန်တော်တို့ မျှော်လင့်တာက ရန်ကုန်မြို့သစ်သည် အဲဒီ အရင်တုန်းက ဖြစ်ခဲ့တဲ့ ချို့ယွင်းချက်တွေ မှားယွင်းချက်တွေအကုန်လုံး ရှောင်နိုင်ဖို့ ကြိုးစားတယ်။ သို့သော် ကျွန်တော်တို့လည်း လူပဲ။ ၁၀၀ ရာခိုင်နှုန်းရှောင်နိုင်မလား၊ ကျွန်တော်တို့ အပြစ်မရှိဘူးလားဆိုတာ ပြောလို့မရဘူး။ ကျွန်တော်တို့ ပြီးလို့ရှိရင်လည်း ကျွန်တော်တို့ အပြစ်ရှိရင်လည်း ရှိမယ်။ သို့သော် အရင်တုန်းက အပြစ်တွေကို ကျွန်တော်တို့က repeat မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ Socio – Economic master plan, ကျွန်တော်တို့ရဲ့ environmental assessment, ကျွန်တော်တို့ရဲ့ economic assessment အဲဒါတွေကို ကျွန်တော် တို့က အရမ်းအလေးထားပြီးတော့ အလုပ်လုပ်ခဲ့တာ။

တကယ်ဆို ဒီနေ့ဆိုရင် Socio – Economic Plan က ပြည့်စုံပြီ။ Report က လာမယ့် ၂ ပတ်ဆို ထွက် တော့မယ်။ ဆိုတော့ လုပ်ရမယ့်ဟာတွေက အများကြီး သေချာလုပ်ပြီးတော့ ကျွန်တော်တို့လည်း နောက်ဆို ဒီလို Town Hall အနေနဲ့ ကျွန်တော်တို့ ဆက်ပြီး ပြည်သူလူထုကို သတင်းပေးဖို့၊ ဒီလို ပွဲမျိုးကို အများကြီး လုပ်ပါ့မယ်။ ဥပမာ- socio-economic plan, master plan ထွက်လာတဲ့အခါမှာ ကျွန်တော်တို့ မြို့သည် ဘယ်လိုဆောက်မလဲ။ ဘာတွေပါမလဲ။ ဒါကို အသိပေးမယ်။ နောက် ဝေဖန် နိုင်တယ်။ ပိုကောင်းအောင်လုပ်မယ်။ ကျွန်တော်တို့ ဥပမာပြောလို့ရှိရင် ရန်ကုန်မြို့မှာ အလွယ်ဆုံး မြင်နိုင်တာ ကားကျပ်တယ်။ အကယ်၍ ကျွန်တော်က ပြောမယ် ရန်ကုန်မြို့သစ်မှာ traffic jam ဘယ်တော့မှ မရှိရဘူးဆိုရင် ခင်ဗျား ယုံချင်မှ ယုံမယ်။ သို့သော် ဒါ ကျွန်တော့်ရဲ့ ပန်းတိုင်။ ရန်ကုန်မြို့ သစ်မှာ traffic jam မရှိရဘူး။ အဲဒီ traffic jam မရှိအောင် ကျွန်တော်တို့ လုပ်ခွင့်ရှိတယ်။ ရန်ကုန် မြို့ဟောင်းတော့ ဒုက္ခရောက်တယ်။ ဘာလို့လဲဆိုတော့ baggage တွေက အများကြီးပဲ။

နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ဟာတွေက အခုပြောင်းလို့ မရဘူး။ လမ်းလျှောက်ချင်တောင် ဘယ်ကနေ သွားစောင့်ရမလဲဆိုတာ ပြဿနာ။ ကျွန်တော်တို့က clean sheet of paper။ အကယ်၍ ကျွန်တော် တို့က traffic jam ရှိမယ်ဆိုလို့ရှိရင် ဒါ planning မကောင်းလို့ရှိတာ။ နော် အဲဒီလိုပါ။

ဦးအောင်ချစ်ခင်

ဆရာ မေးဦးမလား မသိဘူး။

ဦးဇေယျသူ

ကျွန်တော်စိတ်ဝင်စားတာကတော့လေ ကျွန်တော် နိုင်ငံရေးလည်းရေး၊ စီးပွားရေးလည်း ရေးဆိုတော့အန်ကယ်ပြောတဲ့အထဲမှာလည်း ပါသွားတယ်။ နိုင်ငံရေးနှိုးဆော်မှုရှိမှပဲ ရမယ်ဆိုတော့။ ကျွန်တော် ကတော့ why now? ဘာလို့ ခုမှ ဒါမျိုး ထဖြစ်တာလဲပေါ့။ ဖြစ်နိုင်တာကတော့ အစိုးရကလည်း သဘောပေါက်လာလို့ ဒါမျိုးစီမံကိန်းလုပ်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲကလည်း ၂၀၂၀ နီးတယ်ပေါ့နော်။ ဒီထဲမှာလည်း ဘာပါလဲဆိုတော့ အလုပ်အကိုင် ၂ သန်းရမယ်ဆိုတော့ တကယ်တမ်းတော့ နိုင်ငံရေးလုပ်တဲ့သူက အလုပ်အကိုင်ရမယ်ပြောလိုက်ရင် မဲရဖို့ကတော့ များတယ်။ ဆိုတော့ နိုင်ငံရေးက စီးပွားရေးထက် ကဲနေမလားပေါ့။ အဲဒါလေးတစ်ချက် စိုးရိမ်တာ ရှိပါတယ်။

နောက်တစ်ချက်ကတော့ အခုဒါ ဒီရန်ကုန်မြို့သစ်စီမံကိန်းဆို အင်မတန်လည်း ကြီးတဲ့အခါကျတော့ ကြိုက်တဲ့သူလည်း ရှိတယ်။ မကြိုက်တဲ့သူလည်းရှိတယ်။ ဒါ အန်ကယ်ဆိုရင်တော့ လူတွေလည်း လေးစားကြတယ်။ သို့သော်လည်း ဘာတော့ ဖြစ်လာနိုင်လည်ဆိုတော့ နိုင်ငံရေးအရ ဥပမာ အန်ကယ်က ဒုဥက္ကဋ္ဌ၊ CEO ဆိုတဲ့အခါကျ ပေါ့နော်။ နောက်ပိုင်းကျရင် ဒီလက်ရှိ ဒီရန်ကုန်တိုင်း အစိုးရပဲဖြစ်ဖြစ် တခြားအစိုးရတွေပဲဖြစ်ဖြစ် အာဏာပိုင်တွေကို ကိုယ်လုပ်ချင်တဲ့ဟာကို convince လုပ်လို့ လွယ်လာပါ့မလား။ ဒါနောက်ပိုင်းကျရင် လုပ်ငန်းလုပ်တယ်ဆိုရင် ဒါကတော့ တကယ် ကြုံတွေ့လာရရင် အတိုက်အခံ တွေ့လာတယ်ပေါ့နော်။ အဲဒီလိုမျိုး အန်ကယ့်အနေနဲ့ convince ဆက်ပြီး လုပ်နိုင်မယ်လို့ ထင်လားပေါ့နော်။

ဦးသိမ်းဝေ@Serge Pun

အဲဒီမေးခွန်းက အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ အန်ကယ်က ဒီလိုပဲပြောနိုင်တယ်ပေါ့နော်။ အန်ကယ် ကို ဝန်ကြီးချုပ်က ဒီတာဝန်ပေးမယ်ဆိုတော့ ပြောတဲ့အချိန်မှာ အန်ကယ်အနေနဲ့ (၁) ကတော့ အများကြီး ဂုဏ်ယူပါတယ်။ ဒါပေမယ့် အန်ကယ်ပြန်ပြီးတော့ တောင်းဆိုတဲ့အချက်က ၂ ချက်ရှိပါ တယ်။ ပထမဆုံးတစ်ချက်က အဲဒီရန်ကုန်မြို့သစ် NYDC ရဲ့ BOD အဖွဲ့သည် အမြင့်ဆုံး အာဏာပိုင် အဖွဲ့ဖြစ်ရမယ်။ BOD ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီးတော့ လိုက်နာရမယ်။ မဟုတ်လို့ရှိရင်ဒီ BOD က ပြယုဂ်ပဲရှိပြီးတော့ ဘာမှ တကယ်ဖြစ်နိုင်တဲ့ဟာ ဖြစ်သင့်တဲ့ဟာကို လုပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ အန်ကယ်တင်ပြတယ်။

အဲဒီဟာကို ဝန်ကြီးချုပ်ကနေ ၁၀၀ ရာခိုင်နှုန်းထောက်ခံတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက်ပြီး အန်ကယ် ဒုတိယတောင်းတာ ဒီ BOD သည် လူ ၅ ယောက်ရှိမယ်။ နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်းပိုင် လို့ နိုင်ငံတော်က ဒီ ဒါရိုက်တာ ၂ ယောက်၊ နောက် ၂ ယောက်က လုံးလုံး independent ဖြစ်တဲ့၊ ကမ္ဘာပေါ်မှာ နာမည်ကောင်းတဲ့၊ ကျွန်တော်တို့ စိတ်ချနိုင်တယ်၊ ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ် ၂ ယောက်။ အဲဒီ ပုဂ္ဂိုလ်သည် နိုင်ငံခြားသား ဖြစ်ရင်လည်းဖြစ်မယ်။ BOD အနေနဲ့ ခန့်ဖို့ သဘောတူလားဆိုတော့ ဝန်ကြီးချုပ်ကလည်း တစ်စက္ကန့်တောင် မလိုဘူး၊ သဘောတူတယ်။ နာမည်သာ တင်လိုက်။ အခု ကျွန်တော်တို့ရဲ့ BOD မှာ Mr. George Yeo ဆိုတာ တကယ်နာမည်ကြီးပါ။ အများလည်း သိပါတယ်။ စင်ကာပူနိုင်ငံမှာ နိုင်ငံရေးလုပ်လာတယ်။ နိုင်ငံခြားဝန်ကြီးဖြစ်ခဲ့တယ်။ ဝန်ကြီးဌာန မလုပ်ခင် အရှေ့မှာ ဝန်ကြီးဌာန သုံးလေးခုမှာ လုပ်ခဲ့တယ်။ အတွေ့အကြုံအများကြီးရှိတယ်။ အခုက နိုင်ငံရေး မလုပ် တော့ဘူး။ စီးပွားရေးကဏ္ဍရောက်သွားတယ်။ ဒါပေမယ့် နာမည်က အင်မတန်ကောင်းတဲ့ တစ်ယောက်ပါ။
နောက်ပြီးတော့ ကျွန်တော်တို့ ဦးထွန်းမြတ် ပေါ့။ အခု ဦးထွန်းမြတ်လည်း ဒီမှာ ထိုင်နေတယ်။ ဦးထွန်းမြတ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုး ဖြစ်သော်လည်း တကယ့်နိုင်ငံတကာမှာ တကယ့်အတွေ့အကြုံရှိပြီးတော့ တကယ့် public services တွေ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ World Food Program ဆိုတာ UNအောက်မှာ ရှိပြီးတော့ ဒီလောက်ကြီးတဲ့ အဖွဲ့ကြီး တစ်ခုလုံးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ ဗမာလူမျိုးတစ်ယောက် ကျွန်တော်ကနေ အများကြီးလေးစားတဲ့ လူတစ်ယောက်ပါ။ ကျွန်တော် အဲဒီလိုပုဂ္ဂိုလ်ကို ခန့်နိုင်တယ်။ ကျွန်တော်တို့ BOD အစည်းအဝေးတွေ လေးလေးစားစားလုပ်ရတယ်။ လာရင်လာ မလာရင် video conference နဲ့ လုပ်တယ်။ BOD ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ လိုက်နာရတယ်။ အဲဒီကြောင့် ကျွန်တော်ကတော့ executive director ပေါ့နော်။ အလုပ်ကတော့ ကျွန်တော် လုပ်မယ်။ ၅ ယောက်နဲ့။ နောင် ၇ ယောက်ဖြစ်သွားတဲ့ အချိန်မှာ independent director သုံး ယောက်ရှိရမယ်။ အနည်းဆုံးဒါကို ကျွန်တော်တို့က constitution ထဲမှာ ထည့်ရေးလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေဟာ တစ်နှစ်နှစ်နှစ်လောက် မဟုတ် ဘူး။ နှစ်သုံးဆယ်လောက် ဆက်ပြီး လုပ်ရမယ့်အလုပ်။ ဆက်ပြီးလိုက်နာရမှာ။ မှန်ရမယ်။ ဒီ scrutiny လက်ခံနိုင်ရမယ်။ အဲဒီဟာပါ။

ဦးအောင်ချစ်ခင်

ဟုတ် ကျေးဇူးတင်ပါတယ်နော်။ ကျွန်တော် ပရိသတ်ကို မေးခွန်းခဏမေးခွင့် ပေးလိုက်မယ်နော်။ ဒီ section နဲ့ ပတ်သက်ပြီးတော့ မေးချင်တာရှိရင် ကျွန်တော်တို့ မေးခွန်းလက်ခံပါ့မယ်။ မေးခွန်းကို ဒီ section အတွက် ၃ ခုလောက်ပဲ လက်ခံပေးပါ့မယ်။

ဦးကျော်မင်းလှိုင်(တက်ရောက်သူ)

မင်္ဂလာပါ ခင်ဗျာ….ကျွန်တော် ကျော်မင်းလှိုင်ပါ …..
ဒီနေ့ ပထမဆုံး မေးခွန်းရဲ့ဆွေးနွေးရမယ့် အချက်ကတော့ ဒီ NYDC သည် ရှိသင့်သလား၊ မရှိသင့် ဘူးလား၊ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ New Yangon City Project လုပ်မှာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမယ့် စောစောတုန်းက panelist တွေ သုံးယောက် ပြောသလိုပါပဲ ခင်ဗျ။ ကျွန်တော်တို့တွေရဲ့ ownership business identity က အရေးကြီးပါတယ်။ NYDC သည် ကျွန်တော်တို့က Special Company Act အရ ဖွဲ့ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စောစောတုန်း က ဥက္ကဋ္ဌကြီးပြောသွားတဲ့အထဲမှာ ပါတာကတော့ ဒီ investor တွေကို ရှာတဲ့ဟာတွေက main business လို့ပြောပါတယ်။ သို့သော်ငြားလည်းပဲ ownership မှာပါတဲ့ ဒီ land ownership ကျွန်တော်အခုပြောနေတဲ့ ဧက ၂၀,၀၀၀ လောက်ကိုရှိတဲ့ဟာတွေ သူပိုင်ဖို့အတွက်သည် legal frame work အရ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဖြစ်ခဲ့တဲ့ Mega ကို အတုယူရမှာ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့သည် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ လွှတ်တော်တင် မက ပါဘူး၊ ပြည်ထောင်စုအဆင့်ကနေ တရားဝင် NYDC ကိုလွှဲပေးဖို့ ဒါသည် အရေးကြီးပါတယ်။ မရှိလို့ ရှိရင် ဒါသည် Mega ဖြစ်သလို ဖြစ်သွားပါလိမ့်မယ်။ နောက်ဥပမာတစ်ခုကတော့ ဘာကြောင့် ဒီ New Yangon City ကို ဖော်ရတယ် ဆိုတဲ့နေရာမှာ ခုလည်း ဘယ်သူမှမလုပ်တဲ့ ကျွန်တော်တို့ ဒဂုံအရှေ့ မှာရှိတဲ့ Project ကိုလည်း ရွှေတောင်တစ်ခုတည်းကိုပဲ ပေးလိုက်ရတယ်။ ဒါကြောင့် even ရွှေတောင်ပင်လျှင် သူသည်ပင်လျှင် ဒါကိုဖော်ဖို့ ပြဿနာတက်နေတဲ့အချိန်မှာ လူတွေစိုးရိမ်တာ ပေါ့နော် ဒီ New Yangon City ကိုကော လုပ်ရင် အောင်မြင်နိုင်ပါ့မလားဆိုတဲ့ဟာက ပေါ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ သိချင်တာကတော့ မြေဆိုတဲ့ ownership ကို တရားဝင် ကျွန်တော်တို့ ရပြီးမှ လုပ်မှာလား။ မရခင်ကတည်းက process တွေကို ဆက်သွားမလားဆိုတာလေးကို ကျွန်တော် သိချင်ပါတယ် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခုမေးတာ ၂ ပိုင်းပေါ့နော်။ တပိုင်းက ပြည်ထောင်စုအစိုးရကို ပေးသင့် တယ်ဆိုတဲ့ဟာတစ်ခုရယ်၊ နောက်တစ်ခုကကျတော့ လုပ်နိုင်ပါ့မလားပေါ့နော်။ ဟုတ်ကဲ့ နောက်မေးခွန်းကို ကျွန်တော်တို့ အရင်လက်ခံလိုက်ပါ့မယ် ခင်ဗျာ။

ဦးသိန်းထွန်းအောင် (တက်ရောက်သူ)

တ်ကဲ့။ ကျွန်တော့်နာမည်က သိန်းထွန်းအောင်။ 1976 က electrical engineering နဲ့အောင်မြင်ပြီးတော့ ခု US မှာနေနေပါတယ်။ ကျွန်တော် ရန်ကုန်က BICTC က traffic signal နဲ့ပတ်သက် ပြီးတော့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ 2015 မှာ ခု ဆာ့ချ်ပန်းပြောသွားတဲ့ ရန်ကုန်ကြီးက ဘတ်စ်ကားတွေက ကျပ်လို့၊ ဘတ်စ်ကားတွေက ရပ်တာ မမှန်လို့၊ လူတွေက စည်းကမ်း မရှိလို့ ဒီ traffic signal ကြီး ကျပ်နေတာကို မဖြေရှင်းနိုင်ဘူးလို့ ပြောတယ်။ ရန်ကုန်မြို့က အသစ်ဆောက်ပြီးတော့ traffic ကိုရှင်းမှာ ဒါလည်းမရဘူး။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီအခြေအနေကရှင်းနိုင်လျက်သားနဲ့ မရှင်းတာ၊ ရှင်းရှင်းပြောရင် ပညာရှင်မရှိလို့။ ရှင်းရှင်းပြောရင် ကျွန်တော်က Trafficc Engineer ဘဝနဲ့ အမေရိကန်မှာ နှစ်ပေါင်း ၃၀ လုပ်ခဲ့တာ။ ဘာတွေမှားနေလဲ ဘာတွေမှန် နေလဲ ကျွန်တော်အတိအကျကို ပြောနိုင်တယ်။ ဒါက တစ်ချက်။ ကျွန်တော်စိုးရိမ်တာက ဒီဟာကြီး မြို့သစ်ဆောက်တာ နည်းနည်းလေးစောတယ်လို့ ထင်တယ်။ ဒါကို ကန့်ကွက်ချင်လို့ မဟုတ်ဘူး။ ဒါကို ကျွန်တော်ထောက်ခံတယ်။ ဖြိုးမင်းသိန်း၊ ဝန်ကြီးချုပ်လုပ်နေတာကိုလည်း သတ္တိရှိရှိလုပ် နေတယ်။ သူလုပ်တာ တချို့ဟာတွေကို ကျွန်တော်တွေ့တယ်။ ကျွန်တော်မကြိုက်ဘူး။ ဒါပေမယ့် သူ့လို သတ္တိရှိရှိနဲ့လုပ်တဲ့သူ မရှိဘူး။ နောက်ဆုံးတစ်ချက်က တစ်ခုရှိတယ်။ မြန်မာပြည်အစိုးရက မြေကြီးတွေကို အစိုးရနဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ အတွက် အကျိုးရှိရှိလုပ်တယ်။ eminent domain ဆိုတာရှိတယ်။ တရုတ်ပြည်မှာလည်း မြေကြီးတွေကို သိမ်းတယ်။ အစိုးရက တန်ရာတန်ဖိုးပေးတယ်။ project ကြီးတွေ လုပ်တယ်။ မြန်မာပြည်မှာ မလုပ်နိုင်ဘူး။ ကျွန်တော်က traffic နဲ့ပတ်သက်ပြီးတော့ bus terminal တစ်ခုကို လုပ်ချင်တယ်။ စော်ဘွားကြီးကုန်းဘက်မှာ။

ဦးအောင်ချစ်ခင်

ကျွန်တော်တို့ကို မေးခွန်းလေး မေးပေးပါ။

ဦးသိန်းထွန်းအောင် (တက်ရောက်သူ)

eminent domain မြေကြီးကို တိုင်းပြည်အကျိုးအတွက်လုပ်တယ်။ ဒါကို မလုပ်နိုင်ဘူး။

ဦးအောင်ချစ်ခင်

ဟုတ် မေးခွန်းက နောက်တစ်ယောက်ရှိသေးတယ်နော်။

ဦးကျော်ကျော်နိုင် (တက်ရောက်သူ)

အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ကျော်ကျော်နိုင်ပါ။ 1992 မှာ BE Mechanical နဲ့ ဘွဲ့ရထားတဲ့ အင်ဂျင်နီယာတစ်ဦးပါ။ ကျွန်တော်မေးမယ့် မေးခွန်းတွေက ကျွန်တော်တို့ ဆရာဦးခိုင်ဝင်းပြောသွားတဲ့ အချက်တွေနဲ့လည်း အခြေခံပြီး မေးပါ့မယ်။ NLD ရဲ့ party manifesto အရ private sector တွေကို vibrant ဖြစ်အောင်လုပ်မယ်လို့ ပြောထားပါတယ်။ အဲဒီလို ပြောထားပြီးတော့မှ အစိုးရအနေနဲ့ ယခု 100 % ပိုင်တဲ့ စီးပွားရေးလုပ်တာဟာ မဲဆန္ဒရှင်ပြည်သူတွေကိုများ betray ဖြစ်နေသလားပေါ့ ကျွန်တော်မေးချင်ပါတယ်။ နောက်တစ်ခုက အစိုးရက elected ဖြစ်သွားပြီးတဲ့ အချိန်မှာ NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ကျွန်တော်တို့ စီးပွားရေး ပေါ်လစီက SOE တွေကို၊ private sector ကို တဖြည်းဖြည်းချင်း transfer လုပ်သွားမယ်လို့ ပြောသွားတယ်။

သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ 100 % ပိုင်တဲ့ NYDC ဖွဲ့ပြီးလုပ်လိုက်တာဆိုလို့ရှိရင် အစိုးရရဲ့ principal policy ကိုများ against ဖြစ်နေသလား။ နောက်တစ်ခု ကျွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ၊ မည်သည့်အစိုးရမဆို တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက လုပ်ရမယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စီးပွားရေးနဲ့ပတ်သက်လို့ ပုဒ်မ ၂ ခုရှိပါတယ်။ ပုဒ်မ ၃၅ က နိုင်ငံတော်သည် နိုင်ငံတော်ရဲ့ စီးပွားရေးစနစ်သည် ဈေးကွက် စီးပွားရေးစနစ်ဖြစ်သည်လို့ အတိအလင်းရေးထားပါတယ်။ ပုဒ်မ ၃၆ (က)နဲ့ (ခ)ဟာ ပုဒ်မ ၃၅ ကို support ဖြစ်ရမယ့် ပုဒ်မ ၃၅ နဲ့ လိုက်လျောညီထွေဖြစ်ရမယ့်၊ ပုဒ်မ ၃၅ ကို against မဖြစ်ရမယ့် ပုဒ်မပါ။ ပုဒ်မ ၃၆ (က)မှာ နိုင်ငံတော် ဒေသဆိုင်ရာအဖွဲ့အစည်း၊ သမဝါယမ၊ JV နဲ့ individual တွေကို စီးပွားရေးလုပ်ခွင့်ပြုသည်လို့ ရေးထားပေမယ့် ပုဒ်မ ၃၅ ကို against ဖြစ်တဲ့ market economy နဲ့ ဆန့်ကျင်တဲ့ အလုပ်ကိုတော့ လုပ်ခွင့်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။

အဲဒီတော့ ပုဒ်မ ၃၆ (က) နိုင်ငံတော်ဟာ စီးပွားရေးလုပ်ကိုင်ခွင့်ရှိသည်လို့ ပြောရမှာ လုပ်ရမည်လို့ ရေးထားတာ မဟုတ်ပါဘူး။ လုပ်မယ်ဆိုရင် ကျွန်တော်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်လို့ လုပ်မယ်ဆိုရင် လုပ်ဖို့ ရေးထားပါတယ်။ NYDC ရဲ့ ဆောင်ရွက်မှုဟာ ပုဒ်မ ၃၆ (က)နဲ့ကော လိုက် လျောညီထွေ ရှိရဲ့လား။ ပုဒ်မ ၃၆ (ခ)မှာကျတော့ monopoly ကို ကျွန်တော်တို့ တားမြစ်ထားတယ်။ NYDC ရဲ့ လုပ်ဆောင်မှုက ပုဒ်မ ၃၆ (ခ)နဲ့ကော ဆန့်ကျင်မှု ဖြစ်မနေဘူးလား။ ဒါပါပဲ။

ဦးအောင်ချစ်ခင်

ဟုတ်ကျေးဇူးတင်ပါတယ်။
ဒီမေးခွန်းသုံးခုကို ကျွန်တော်ပြန်ချုပ်ရရင် ပထမကတော့ ဒီပြည်ထောင်စုအစိုးရက လုပ်သင့်သလား။ လုပ်နိုင်ပါ့မလား။ နောက်တစ်ခုက traffic နဲ့ပတ်သက်ပြီးတော့ ဒီမှာလည်း လုပ်လို့ရနေတယ်ပေါ့။ အဲဒါကို လုပ်ဖို့ စောနေသေးသလားပေါ့။ နောက်တစ်ခုကတော့ NLD ရဲ့ ပေါ်လစီနဲ့ ကိုက်ညီသလား ပေါ့။ ဒါကိုတော့ ဒီမှာ ဆွေးနွေးလို့ရမရတော့ မသိဘူးပေါ့နော်။ နောက်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကပြောထားတဲ့ အချက်တွေနဲ့ကိုက်ညီရဲ့လားပေါ့နော်။ အဲဒါတွေကို ဆွေးနွေးပေးပါဦး။

ဦးသိမ်းဝေ@Serge Pun

ကျွန်တော်တစ်ခုပဲ ပြောချင်တာ။ ကျွန်တော်ပေါ်လစီအကြောင်းကို ကျွန်တော်ပြောစရာမရှိပါဘူး။ ကျွန်တော်တစ်ခုပဲ ပြောချင်တာ။ ခုနက ခင်ဗျားပြောတဲ့ဟာ NYDC ဟာ ဒီလုပ်ငန်းကို လုပ်တာ NLD ရဲ့ manifesto က စီးပွားရေးကို မလုပ်ဘူး။ private sector ကို တိုးတက်အောင် အားပေးမယ် ဆိုတဲ့ အချက်ကို NYDC က ဘာလုပ်လို့လဲ။ တံတားဆောက်မယ်ဆိုရင် NYDC က ဆောက်တာ မဟုတ်ဘူး။ private sector က ဆောက်နေတာ။ လမ်းဆောက်မယ်ဆိုရင် private sector က သွားဆောက်နေတာ။ ရေပေးဖို့ဆိုရင်လည်း ရေပေးဖို့ private sector က သွားလုပ်နေတာ။ NYDC က private sector တွေ အောင်မြင်အောင်လာလုပ်ဖို့ပဲတာဝန်ရှိတယ်ဆိုတော့ ဒီ manifesto နဲ့ လုံးလုံး conflict မဖြစ်ဘူးလို့ ကျွန်တော်ယူဆတယ်။ ဒါကျွန်တော်တို့ရဲ့တာဝန်ပဲ။ ကျွန်တော်တို့က သွားလုပ်တဲ့ သူမှမဟုတ်တာ။ ငွေလည်းမရှိဘူး။ လုပ်ဖို့လည်း အင်အားမရှိဘူး။ ကျွန်တော်တို့က လုပ်နိုင်တဲ့သူ၊ လုပ်ချင်တဲ့သူ၊ မှန်မှန်ကန်ကန်လုပ်ချင်တဲ့သူကို ရအောင်ဖိတ်ခေါ်ပြီး သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အကျိုးကို စောင့်ရှောက်ပေးပြီတော့ သူတို့မဟုတ်တာလုပ်ရင် regulator လုပ်ဖို့ supervision လုပ်ဖို့ ကျွန်တော်တို့ရဲ့တာဝန်ပဲ။

ဦးခိုင်ဝင်း

အန်ကယ်ပြောတဲ့ပုံစံက ဘာနဲ့ သွားတူသလဲဆိုရင် စင်ကာပူမှာ Authority တွေ ဖွဲ့တယ်။ Lands Authority၊ PSA (Post Security Authority) တွေ ဖွဲ့တယ်ပေါ့နော်။ ဒီနေရာမှာ တစ်ခုပဲထင်တာက ဒီနေရာမှာ အန်ကယ်တို့ကို အကြံပေးချင်တာက အန်ကယ်တို့ လွှတ်တော်ကို မဖြတ်ခဲ့ဘဲနဲ့ ခုနက သူပြောတဲ့အထဲ မှာပါတဲ့ ပြည်ထောင်စုလွှတ်တော်တို့ statutory board အနေနဲ့ဖွဲ့ရင် ကျွန်တော်အနေနဲ့ ပိုပြီး ခိုင်မာမယ်လို့ထင်တယ်။ အချိန်နည်းနည်းစောတယ်လို့ လူတော်တော်များရဲ့ အမြင်မှာ timing တွေပေါ့နော်။ ဒီ Authority ရဲ့အာဏာက ဘာလဲဆိုတာကို အဲဒီမှာ ရှင်းရှင်းလင်း လင်းပြဋ္ဌာန်းလိုက်ရင် ဒီဥပဒေထဲမှာ ပြဋ္ဌာန်းလိုက်ရင် ပိုပြီးတော့ ခိုင်မာမယ်ထင်တယ်။ နည်းနည်း လေး အချိန်စောတယ်လို့ ကျွန်တော် တော့ထင်ပါတယ်။

ဦးသိမ်းဝေ@Serge Pun

ခင်ဗျားပြောတာ ကျွန်တော်လက်ခံတယ်နော်။ လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဘာတွေလုပ်ရ မလဲ၊ ဘာတွေ မလုပ်ရမလဲ။ ဘယ်သူက approval ပေးရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ NYDC ရဲ့ purview ရဲ့ အပြင်မှာရှိပါတယ်။ ဒါတိုင်းအစိုးရရဲ့ purview။ ဆိုတော့ လုပ်သင့်လုပ် တဲ့ဟာတွေကို ခင်ဗျားတို့လည်း အကြံပေးတာ။ ကျွန်တော်တို့လည်း တဆင့် ဒါကို ထပ်ဆွေးနွေးရမှာ။

ခုနက ခင်ဗျားပြောတဲ့ land transfer ကတော့ ဟုတ်ပါတယ်။ land transfer ကတော့ လုပ်ကို လုပ်ရမှာ။ ယခု ဒီနေ့ဆိုလို့ရှိရင် ဒီ land က ရန်ကုန်တိုင်းက ပိုင်တာ။ ဒါပေမယ့် NYDC က ဒီ land ကို အသုံးပြုရမှာ။ asset အနေနဲ့ အသုံးပြုရမှာ။ NYDC ကိုပြောင်းမလား၊ ရန်ကုန်တိုင်းဆီကနေ တိုက်ရိုက်သွားမလား အဲဒီဟာက Technicality လို့ ကျွန်တော်ယူဆပါတယ်။ အရေးကြီးတာက ဒါက ပြည်သူပိုင်။ ဒါက ပုဂ္ဂလိကတစ်ခုပိုင်တာ မဟုတ်ဘူး။ အရင်တုန်းကလို ကော်မတီတစ်ခုကို ပေးလိုက်တယ်။ ဘာဈေးနဲ့ပဲဖြစ်ဖြစ်ပေးလိုက်ပြီးတော့ အဲဒီ ဟိုကော်မတီက ငါပိုင်တယ်၊ ငါလုပ်ချင်တာ လုပ်နိုင်တယ်၊ ငါလုပ်ချင်တဲ့အချိန်မှ လုပ်နိုင်တယ်ဆိုတဲ့ ပြဿနာတွေက ရှင်းသွားရော။ မဟုတ်ရင် မြေကတော့ ပေးလိုက်ပြီ။ ၁ဝ နှစ်လည်း ဘာမှ မထွက်လာဘူး။ အနှစ် ၂ဝ လည်း ဘာမှ မထွက်လာဘူး။ လုပ်ချင်လည်း မရဘူး။ မြေက သူပိုင်နေတာဖြစ်နေတာ။ အဲဒီဟာကို ကာကွယ်တာ ပါ။

ဦးအောင်ချစ်ခင်

ဟုတ် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဘာများမေးဦးမလဲ ခင်ဗျာ။

ဦးဇေယျသူ

ဒီ NYDC ဆိုတာကို ကျွန်တော်ကြည့်လိုက်တော့။ အမေရိကန်က မြို့ ၂ မြို့ နာမည်သွားဖြစ်နေတယ်။ အတိုကောက် New York နဲ့ DC ပေါ့နော်။ အဲဒီတော့ ကျွန်တော်ဂန္ထဝင် ဝတ္ထုလည်းရှိတယ်ပေါ့နော်။ A Tale of Two Cities ပေါ့။ မြို့ ၂ မြို့ပုံပြင်ပေါ့။ ဒါကို အန်ကယ်တို့ ကောင်းကောင်းသိပါတယ်။ အခုဟာလည်း အဲဒီလိုဖြစ်နေတော့ ရန်ကုန်သားတွေရဲ့ စိုးရိမ်သောကလည်းပါတယ်။ အန်ကယ်တို့လုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင်တော့ ကျွန်တော်က အကြံပေးချင်တာပါ။ ဘာလဲ ဆိုတော့ အသစ်ဆိုတော့ ကျွန်တော်တို့ သဘောကျသွားတယ်။ investor တွေလည်း ကြိုက်မယ်ပေါ့နော်။ ဒါပေမယ့် တစ်ဖက်မှာ ဘာဖြစ်လည်းဆိုတော့ မြို့သစ်ဖြစ်တဲ့အတွက် ကျန်တဲ့သူတွေက မြို့ဟောင်းဖြစ်သွားတယ်။ အဟောင်းဆိုတော့ လူတွေက ငါတို့ကိုများ ပစ်ထားခဲ့တော့မလားပေါ့နော်။ ဥပမာ ဒီအထဲ မှာလာတဲ့ လူတွေဆို ရန်ကုန်မြို့ဟောင်းမှာနေတဲ့ သူတွေ ချည်းပဲလေ။ မြို့သစ်ကလူတော့ မဆောက်ရသေးတော့ ပါမယ်မထင်ဘူးပေါ့နော်။ ဆိုတော့ ဒီလူတွေကို ပစ်မထားဘူး၊ မြို့သစ်ကပဲ နိဗ္ဗာန်ဘုံ ဖြစ်သွားမယ်၊ အဲဒီလို မဖြစ်ဘူးဆိုတာကို အာမခံချက်တော့ အန်ကယ်တို့ ပရောဂျက်က များများပေးနိုင်တယ်ဆိုရင်တော့ ဘာပဲပြောပြော လူတွေလက်ခံလာမယ် ထင်တယ်။

ဦးအောင်ချစ်ခင်

ကျွန်တော်လည်း ရွှေပြည်သာတို့၊ လှိုင်သာယာတို့ တည်ရင် ဘယ်သူမှ စိတ်မဝင်စားဘူးပေါ့နော်။ New Yangon ဆိုတော့ ရန်ကုန်က လူတွေလည်း ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ပေါ့နော်။ အဲဒါလေး လည်း ဆွေးနွေးပေးပါဦး။

ဦးရဲမြတ်သူ

ရန်ကုန်ကလူတွေတင်မဟုတ်ဘူး ကျွန်တော်တို့ကလည်း စိတ်ဝင်စားတယ်။။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာဖြစ်လို့ ဒီနေရမှာ အသစ်ဆောက်တာလည်းဆိုတဲ့ ကိစ္စမှာ ကျွန်တော်နောက်ထပ် စိတ်ပူတာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့၊ ခုရန်ကုန်မှာ ဘာဖြစ်လို့ ကားတွေ ကျပ်သလဲ၊ လူတွေ ကျပ်သလဲ၊ resource တွေရှားပါးလဲဆိုတော့ ကျွန်တော် မှတ်မှတ်ရရ ၂၀၁၄ မတိုင်ခင်က ရန်ကုန် မြို့ ကြီးသည် လူဦးရေ သုံးလေးသန်းလောက် ရှိတယ်ဆိုပြီးတော့ အားလုံးက တွက်ကြတယ်။ သန်း ၆ဝ ခေတ်တုန်းကပေါ့နော်။ နောက် စစ်တမ်းကောက်လိုက်တော့ ၇ သန်း၊ ၈ သန်းလောက်ဖြစ်တယ် ဆိုတော့ အဲဒါက ဘာလဲဆိုတော့ ဧရာဝတီတို့ ဘာတို့မှာ နာဂစ်ဖြစ်တာနဲ့ အခြားနေရာမှာ ရှိနေတဲ့ စိုက်ပျိုးရေးတွေ မကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ ပြဿနာတွေဖြစ်လာတယ်။ မြို့ပေါ်တက်လာ ကြတယ်။ အဲဒီတော့ migration ပြဿနာက ကျွန်တော်တို့ဆီမှာ အများကြီးတက်နေတယ်။ အဲဒီတော့ infrastructure တွေအားလုံးကို ရန်ကုန်နဲ့ ရန်ကုန်နားတဝိုက်မှာချည်းပဲ migration တက်အောင် ထပ်လုပ်လေလေ တပြည်လုံးက လူတွေ ဒီကိုလာပြီး ပိုကျပ်လေလေ ဒုက္ခရောက်လေလေဖြစ်သွားမှာ။

တကယ်တန်း မြန်မာပြည်ဆိုတာ စင်ကာပူလို သေးသေးလေး မဟုတ်ဘူး။ စင်ကာပူက သေးသေး လေးကို ကောင်းကောင်းအသုံးချလို့ရတယ်။ ကျွန်တော်တို့က အကြီးကြီးပဲ။ ကျန်တဲ့နေရာတွေမှာ မလုပ်ဘဲနဲ့ ဘာဖြစ်လို့ ဒီနေရာမှာ အားထည့်နေလဲ၊ ထပ်ချဲ့နေသလဲဆိုတဲ့ ကိစ္စပေါ့နော် အစိုးရအနေနဲ့။

ဦးအောင်ချစ်ခင်

အဲဒါ ကျွန်တော်တို့ နောက် section သွားလိုက်ရအောင်။

ဦးသိမ်းဝေ@Serge Pun

ရန်ကုန်မြို့သစ်နဲ့ ရန်ကုန်မြို့ဟောင်းက တကယ်ပြောလို့ရှိရင် အတူတူပါပဲ။ ရန်ကုန်ပဲ။ သို့သော် တချို့ က social media မှာ ရေးတယ်။ ကျွန်တော့် အိမ်ရှေ့က လမ်းအပေါက်တွေကို မဖာပဲနဲ့ ရန်ကုန်မြို့သစ်ကို သွားဆောက်တာ ဟုတ်ရဲ့လားဆိုတော့ ဒါလည်း မမှန်သေးပါဘူး။ ခင်ဗျားတို့ အိမ်ရှေ့က လမ်းတွေကို ကောင်းအောင်ခင်းတော့လည်း ကျွန်တော်တို့ ပြည်သူလူထုရဲ့ နေရေး ထိုင်ရေးက တိုးတက်လာမှာ မဟုတ်ဘူး။ ရန်ကုန်မြို့သစ်တည်ဆောက်တဲ့ ရယ်ရွယ်ချက် အရေးအကြီး ဆုံးဟာကို မမေ့ပါနဲ့။ တို့ လူ ၂ သန်းကို အလုပ်အသစ်ပေးဖို့ တီထွင်ရမယ်။ 2 million jobs ဆိုတဲ့ headline။ ကျွန်တော်တို့ရဲ့ပေါ်လစီ၊ ရန်ကုန်မြို့သစ်ရဲ့ ပေါ်လစီ master mantra က 2 million jobs။ အောက်က sub policy တွေအကုန်လုံးဟာ ဒီ 2 million jobs creation ကို သွားပံ့ပိုးပေး ရမယ်။

ဥပဒေတစ်ခု ပြောလို့ရှိရင် ကျွန်တော်တို့ သီလဝါ အထူးစက်မှုဇုန်အင်မတန်အောင်မြင်တယ်။ ကျွန်တော်လည်း အင်မတန်ချီးကျူးတယ်။ ဒါပေမယ့် သူ့ဟိုမှာ နေခက 85 dollar one square meter ၊ 83 ပေါ့ နှစ်ဒေါ်လာပဲ ကွာတာဗျာ။ ရင်းနှီးလာမြှုပ်တဲ့သူ သန်း ၃၀ ထည့်တယ်။ အင်မတန် ကောင်းတဲ့ customer။ ဒုက္ခရောက်တာက သူ သန်း ၃၀ ထည့်တဲ့ စက်ရုံက လူ ၅၀-၆၀ ပဲလိုတယ်။ အကုန်လုံးက စက်နဲ့ပဲ။ နောက်တစ်ဦးက ၃ သန်းပဲ ထည့်မယ်။ ဒါပေမယ့်သူက လူ ၃၀၀၀ ခန့်မယ့်။ ပေါ်လစီအရ ဘယ်သူ့ကို အရင်ဦးစားပေးမလဲ။ အဲ့ဒီဟာက master policy နဲ့ ပတ်သက်သွားပြီ။ master policy က 2 million job ပြောလို့ ကျွန်တော်ကတော့ ၃ သန်းပဲထည့်တဲ့ ကုမ္ပဏီ လူ ၃၀၀၀ ခန့်မယ့် ကုမ္ပဏီကို ကျွန်တော် အရင်ဦးစားပေးမယ်။ ဒီကုမ္ပဏီက သူပြောပြောနေတဲ့ 83 dollar ကို သူမပေးနိုင်ဘူး။ ၈၃ ကျပ်နဲ့ သူလုပ်နေတဲ့ လုပ်ငန်းက မကိုက်ဘူး။ ယခု သူတရုတ်ပြည်မှာ သူ လူ သုံးသောင်း လောက်ခန့်နေတဲ့ မြေခက 26 dollar ပဲရှိတယ်။ ကျွန်တော်က ၈၃ ဒေါ်လာနဲ့ သွားခေါ်တဲ့ အချိန်မှာ သူက လာမှာမဟုတ်ဘူး။ စဉ်းစားတောင် စဉ်းစားမှာ မဟုတ်ဘူး။ ဘယ်သွားမလဲ၊ ဘင်္ဂလားဒေ့ရှ်သွား မယ်၊ ကမ္ဘောဒီးယားသွားမယ်။ ဆိုတော့ ကျွန်တော့်မြေဈေးက ခင်ဗျား လူဘယ်နှယောက် ခန့်တဲ့ အပေါ်မှာ သတ်မှတ်မယ်။

ခင်ဗျားလည်း လူ ၅၀ ပဲ ခန့်မယ်ဆိုရင် ကျွန်တော်လည်း သူ့နောက်လိုက်မယ်လေ ၈၃ ကျပ်နဲ့။ လူ ၅၀၀ ခန့်လို့ရှိရင် ၇၀ ပဲဖြစ်ရင်ဖြစ်မယ်။ လူ ၂၀၀၀ ခန့်လို့ရှိရင် ၆၀ ပဲဖြစ်မယ်။ လူ ၅၀,၀၀၀ ခန့်မယ် သူလာရင် ကျွန်တော် အလကား ပေးရင်တောင်ပေးမယ်။ လာသာလာ။ ဒါကျွန်တော့်ရဲ့ မူတည်ချက် က လူ ၂ သန်းအလုပ်ရဖို့။ အဲဒီလူ ၂ သန်းအလုပ်ရသွားရင် ကျွန်တော်တို့ဘဝ အများကြီး ကောင်းလာမယ်။ မြို့ကလည်း ဖြစ်လာမယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ ၂ သန်းအလုပ်ရတယ် ဆိုလို့ရှိရင် အနည်းဆုံး ဒီမြို့မှာ လူ ၃ သန်းကနေ ၄ သန်းနေမယ်။ မိသားစု ပါလာမယ်၊ အဲဒီ economic growth က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပဲ။ ဆိုတော့ အဲဒီဟာကို ပန်းတိုင်ကိုရောက်ဖို့ ကျွန်တော့ကို အကယ်၍ ဒဂုံမြို့သစ်မှာကွာ ဧက ၅၀၀၀ ရှိတာ သွားလုပ်စမ်းပါ ဆိုရင် မဖြစ်နိုင်ဘူး။ ဧက ၅၀၀၀ မှာ အိမ်တွေဆောက်ပြီး ရောင်းရင် ရောင်းနိုင်တယ်။ အဲဒီ 2 million jobs ဆိုတာ စဉ်းတောင် မစဉ်းစားနဲ့။ ဒါပါပဲ။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒုတိယပိုင်းလေး ဆက်သွားချင်ပါတယ်။ ဒုတိယပိုင်းကတော့ ခုနက ပြောတဲ့ NYDC Challenge ပုံစံဆိုတဲ့ ဟာပေါ့နော်။ NYDC Challenge ဆိုတာ ဘာလဲ။ Swiss Challenge နဲ့ သွားမယ်ဆိုတဲ့ ပုံစံလေး အဲဒါလေးလည်း ရှင်းပြပေးပါဦး အန်ကယ်။ ပြီးတော့ အကျိုးစီးပွား ပဋိပက္ခဖြစ်စရာတွေ၊ နောက် insider information ကိစ္စတွေ ဘယ်လိုထိန်းသိမ်း ဆောင်ရွက်မလဲ။ နောက်ခုနက C လေးလုံးပေါ့။ ဒီ တရုတ်ကုမ္ပဏီ CCCC ကို တင်ဒါမခေါ်ဘဲနဲ့ ဘာလို့ တိုက်ရိုက်ရွေးချယ် လိုက်သလဲ။ ဒီကိစ္စက ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး တော့ ဆွေးနွေးတာတွေ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျာ။

ဦးဇေယျသူ

ကျွန်တော်က စစပြောနေရတာ ထီပေါက်နေတာပေါ့နော်။ အဲဒီ NYDC Challenge က နည်း နည်းလေး ကျွန်တော်လေ့လာကြည့်သလောက်ကတော့ Swiss Challenge ဆိုတာကို နည်းနည်းလေးပြင်ထားတာပေါ့နော်။ Swiss Challenge ကတော့ အိန္ဒိယတို့ဘာတို့မှာလည်း သုံးတယ်။နောက်ပြီးတော့ အီတလီတို့၊ ဖီလစ်ပိုင်တို့ ဘာတို့မှာ သုံးတဲ့ Model ပေါ့နော်။ တစ်ခုတော့ရှိတာပေါ့ သူက unsolicited ပေါ့။ သူက ဖိတ်ခေါ်မထားဘဲနဲ့ တစ်ဖက်က အဆိုပြုပြီး ကိုယ့်ဘာသာလာတင်တဲ့ ဟာမှာ စတင်တဲ့သူက ကိုယ့်ဘာသာ proposal လေးရေး၊ ရေးပြီးရင် အဲဒီ proposal ကိုနောက် challenge လုပ်မယ့်သူပေါ်လာရင် သာသလား၊ မသာဘူးလားပေါ့နော်။ ပြီးတဲ့အခါကျတော့ သာတဲ့ သူကရမယ်။ NYDC မှာတော့ ဘာလုပ်ထားတာလဲဆိုတော့ ကျွန်တော်ဖတ်မိသလောက်ကတော့ သူက အဲဒီက နဂိုလူက ရှုံးသွားတာဆိုရင် နဂိုလူကို စားရိတ်တွေဘာတွေ ပြန်ပေးမယ်ဆိုတဲ့ သဘောပေါ့နော်။

ဒီမှာတော့ ဘာကို သွားတွေ့လည်းဆိုတော့ Swiss Challenge တွေမှာ unsolicited လို့ပြောတော့။ ဒီမှာတော့ CCCC က ရသွားတာက ကျွန်တော်တို့လည်း အများကြီး မသိလိုက်တော့ solicited သူ့ကို ဖိတ်ထားတဲ့ပုံစံ သွားတွေ့ရတော့ အဲဒီမှာတော့ Swiss Challenge နဲ့သွားပြီတော့ ကွဲလွဲနေတာ ကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ ဒါပေမယ့် တစ်ချက်ပြန်ကြည့်တော့လည်း CCCC က ဒါမျိုး infrastrucutre တွေဘာတွေ လုပ်တာအတွေ့အကြုံရှိတော့ ဒီအတွက်များ ခေါ်လိုက်သလား၊ ဒီလိုမျိုး လည်း စဉ်းစားမိတယ်။ နောက်တစ်ခုကျတော့ သူတို့တွေက တရုတ်ပြည်မှာ state-owned company အကြီးကြီးတွေများတဲ့အခါကျတော့ သူတု့ိ တရုတ် state-owned company ကို ခေါ်လိုက်နိုင်တယ်ဆိုရင် သူနဲ့ ချိတ်ဆက်ပြီးတော့ တရုတ် investment တွေကိုများ ခေါ်ချင်သလား ပေါ့နော်။ ဒါက သတင်းစာ ဆရာလည်းဖြစ်တော့ ကျွန်တော်က နောက်ကနေလိုက်ပြီးတော့ စဉ်းစားကြည့်တာပေါ့။ နောက် ဒီ CCCC တွေရဲ့ နောက်ကြောင်းတို့ဘာတို့ လိုက်ဖို့လိုတယ်။

နောက်တစ်ခုကတော့ ဒီမှာ independent director တွေလည်းပါပါတယ်။ independent director တွေများများ ကျွန်တော်တို့ ထားဖို့လိုတယ်။ နောက်တစ်ခုက သူတို့တွေက သက်ဆိုင်ရာ field ကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ လိုတယ်။ ဒါပေမယ့် field တစ်ခုနဲ့တစ်ခုလည်း တူလို့ မရဘူးပေါ့နော်။ ရန်ကုန်မြို့သစ်စီမံကိန်းလိုဟာမျိုးဆိုရင် သူက စီမံကိန်းတွေကမျိုးစုံပါတဲ့ အခါကျတော့ လူတစ်ယောက်ထဲရဲ့ expertise နဲ့ မရနိုင်ဘူး။ အဲဒီအခါကျတော့ diverse ဖြစ်တဲ့ နယ်ပယ်မျိုးစုံကလာ တဲ့ independent director တွေခန့်ဖို့လိုတယ်။ နောက်တစ်ခုက ဒီ Chairman နဲ့ CEO role ကို ကွဲဖို့လိုတယ်ပေါ့နော်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ များသောအားဖြင့် Chairman နဲ့ CEO ကို ရာထူးခွဲထားတာတောင် တစ်ခါတလေကျရင် အတူတူပဲ ကျွန်တော်တို့ဖြစ်နေတယ်။ Chairman ကိုပဲ CEO လိုပဲခေါ်သလိုပဲ ဖြစ်နေတော့ အဲဒီ Chairman နဲ့ CEO role ကွဲဖို့လိုတယ်။ ဒီမှာတော့ ဒီ Uncle Serge Pun က CEO လုပ်ထားပေမယ့် Deputy Chairman လည်းဖြစ်နေတော့ ကျွန်တော်က Chairman Role တစ်ချို့များ သူများယူထားလေသလားလို့လည်း အဲဒါမျိုးလေး စဉ်းစားမိတယ်ပေါ့နော်။

အဲဒီလို ကိစ္စလေးတွေကလည်း အခုမှပဲ develop ဖြစ်တာဆိုတော့ စောတော့ စောရင်လည်း စော လိမ့်မယ်။ အဲဒါမျိုးလေးတွေ ရှင်းထုတ်ထားဖို့ ကျွန်တော်တို့လိုတယ်။ နောက်တစ်ခုကတော့ အထဲက independent director တွေထဲမှာလည်း theory အရဆိုရင်တော့ ပြည်တွင်းမှာ လုပ်တယ်ဆိုရင် ပြည်ပက ပုဂ္ဂိုလ်တွေပါဖို့လိုတယ်ပေါ့နော်။ ဒီမှာတော့ ဘယ်သူပါလဲဆိုတော့။ Mr. George Yeo ပါတယ်ပေါ့နော်။ နည်းနည်းတော့ အံ့သြသွားတယ်။ George Yeo ပါတဲ့ဆိုတဲ့အချိန်မှာ စိတ်ကလည်း နည်းနည်းလေးပြန်အေးသွားတယ်။ George Yeo တို့ဘာတို့က အသက်က သိပ်မကြီးသေးဘူးဆိုတော့ နောက်လုပ်စားလို့ ရသေးတော့ သူ နာမည်ပျက်မခံလောက်ဘူးပေါ့နော်။ အဲဒါမျိုးမြင်မိတယ်။ တစ်ဖက်မှာလည်း ပြန်ကြည့်တာ George Yeo ကိုပြန်လိုက်ကြည့်တဲ့အခါကျတော့ Kerry Logistics လုပ်နေတော့ Hong Kong မှာ အကြီးကြီးပဲ။ Kerry Logistics က။

တစ်ဖက်က ကောင်းတာကတော့ George Yeo ပါလာတဲ့အတွက် စင်ကာပူအစိုးရ ပါလာနိုင်တယ်။ တစ်ဖက်မှာပြန်ကြည့်ပြန်တော့ သူ့ကုမ္ပဏီရဲ့ interest နဲ့လည်း ပြန်လည်းကြည့်ဖို့လိုတော့ oversight အနေနဲ့ အစိုးရအနေနဲ့ ဘယ်လိုလုပ်နိုင်မလဲ။ အဲဒီလိုမျိုးလေး ကျွန်တော်ကတော့ check and balance ဆိုတဲ့ သဘောတရားနဲ့စဉ်းစားကြည့်တာပါ။ ဒါစဉ်းလည်း စဉ်းစားထားပြီးသား ဖြစ်ပါ လိမ့်မယ်။

ဦးအောင်ချစ်ခင်

ကျေးဇူးပါ။ ဆရာဇေယျသူ။ ဆရာဦးရဲမြတ်သူ ပြောပေးပါဦး။

ဦးရဲမြတ်သူ

ကျွန်တော်ကတော့ Swiss Challenge နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေးလည်း ကျွန်တော်ကြည့်ကြည့်တော့ အမေရိကန်လေတပ်စခန်းတွေ ဖိလစ်ပိုင်ကထွက်သွားတော့ ဒါကြီးကို မြို့သစ် လုပ် ဖို့ဆိုပြီးတော့ proposal တွေ အများကြီးနဲ့ လုပ်ခဲ့ဖူးတဲ့ဟာတွေ ကြားဖူးတော့ ဒါကတော့စိတ်ဝင်စားဖို့ ကောင်းတယ်ပေါ့နော်။ ဒါပေမယ့် မကြာသေးခင်ကပဲ ကျွန်တော်တို့ သီရိလင်္ကာမှာ ဆိပ်ကမ်းကြီး လုပ်ထားတဲ့ဟာ ဆိုလို့ရှိရင် တကယ်တမ်း တွက်ချက်ပြီးတော့မှ လုပ်ထားတော့ အကောင်းပေါ့၊ နောက်ပိုင်း component အကုန်လုံး 100 % မထည့်ပဲနဲ့ တစ်ချို့ component လေးတွေက ချန်ထားတော့ တကယ်တမ်းကျတော့ survive မဖြစ်ဘူး။ ဖြစ်အောင် သူတို့ကို မြေတွေဘာတွေ အကုန်လုံး တရုတ်ကိုပေးလိုက်တဲ့အခါကျတော့ ပြန်ဖြစ်သွားပြန်ရော။

အဲဒီတော့ ကျွန်တော်တို့က ဒါတွေကို နားမလည်ဘဲ ပေးမှာဆိုရင် ကျွန်တော့ feeling မှာ ဘယ်လို ဖြစ်လဲဆိုတော့ ကျွန်တော်ပိုင်တဲ့ မြို့ထဲမှာရှိနေတဲ့ ဘိုးဘွားပိုင်ခြံကြီး မြို့လယ်ကောင်မှာ အလကားဖြစ်နေတယ်ဆိုလို့ရှိရင် ခြံတစ်ခြမ်းကို ငှားမလား၊ ရောင်းစားမလား၊ ဆိုင်ခန်းဆောက်မလား ကျွန်တော်က အဲဒီ option တွေကို ရွေးနေရတဲ့ ဘဝမျိုးဖြစ်တာပေါ့နော်။ အဲဒီတချို့ကျတော့လည်း ကိုယ်က legal တွေ နားမလည်တဲ့ အတွက်ကြောင့်မို့လို့ တချို့အိမ်တွေကို ငှားလိုက်တယ်။ ဟိုလူက အိမ်ခန်းငှားခ နည်းနည်းလေးပဲ ပေးပြီးတော့ ဘယ်တော့မှလည်း မဆင်းဘူး၊ ဆင်းရင် ပိုက်ဆံပေး ရမယ်ဆိုတဲ့ ဟာမျိုးဖြစ်တဲ့ legal ပြဿနာတွေလည်း ကျွန်တော်တို့ ရှိတာပေါ့နော်။ ကျွန်တော်တို့မှာ ဒါမျိုးလုပ်မယ်ဆိုရင် ကိုယ့်ဘက်က strong ဖြစ်တဲ့ bargain လုပ်နိုင်တဲ့ legal infrastructure တွေရော legal နဲ့ ပတ်သက်တဲ့ expert တွေဘာတွေကော ရှိဖို့လိုသလားဆိုတဲ့ ကိစ္စ။

ခုတော့ ဆရာဦးသောင်းတင် ထိုင်နေတုန်း ကျွန်တော်တို့ telecom နဲ့ ပတ်သက်ပြီးတော့ လိုင်စင်တွေ ရွေးခဲ့တုန်းကဆိုရင် ဂျာမန်ကုမ္ပဏီတစ်ခုက ကျွန်တော်တို့ကို ရွေးပေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က air နဲ့ ပတ်သက်တဲ့ cause တွေ အများကြီးရခဲ့တာ ကျွန်တော်တို့ နိုင်ငံကပေါ့နော်။ အဲဒီလိုမျိုးလုပ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ legal structure, infrastructure, နောက်ပိုင်း ပြဿနာတစ်ခုခုတက်လို့ရှိရင် ဖြေရှင်းနိုင်မယ့် ကိစ္စတွေနဲ့ ဒါတွေကို ကိုင်တွယ်နိုင်မယ့် ကိစ္စတွေ မရှိဘူးဆိုရင် ကျွန်တော့်အိမ်မှာရှိတဲ့ တစ်ခြမ်းကို ငှားစားမယ်၊ ဒါမှမဟုတ် ရောင်းစားမယ်ဆိုတဲ့ ကိစ္စတွေမှာ option တွေအများကြီးကိုပဲ ရွေးရသလိုပဲ စိတ်ထဲမှာမြင်တယ်။ တစ်ခါတလေကျတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ ငှားစားပြီးတော့ ပြန်မပေးတော့မယ် အတူတူ တစ်ခါတည်း အပြတ် ရောင်းလိုက်တာက ပိုမရဘူးလားဆိုတာမျိုး၊ မဟုတ်လည်း အပြတ်ရောင်းလိုက်သလိုမျိုး ပါသွားတယ် ဆိုလို့ရှိရင် အခုလည်း ဒါကြီးက ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ သွားနေနိုင်လောက်တဲ့ ကျွန်တော်တို့ ဝင်ပြီး ပါနိုင်လောက်တဲ့ ကျွန်တော်တို့ထပ်ပြီး ရနိုင်လောက်တဲ့ မျှော်လင့်ချက် မရှိဘဲနဲ့ လာ invest လုပ်တဲ့ လူတွေအကုန်လုံးက သူတို့လုပ်ထားလို့ ဆိုပြီး ခွဲယူသွားရင်ကော ဆိုတဲ့ ကိစ္စ။ အဲဒီလို ခွဲယူခွင့်မပေး ဘူးဆိုရင်လည်း ဘယ်သူမှလာပြီး invest လာလုပ်မှာ မဟုတ်ဘူး။ အဲကြားထဲမှာ နှစ်ယောက် စလုံးအကျိုးအမြတ်ရအောင် ဘယ်လိုမျိုး စောစောစီးစီး ထဲက clear ဖြစ်အောင် လုပ်မလဲဆိုတဲ့ ကိစ္စ မှာ decision maker တွေမှာ တော်တော်လေး အရေးပါတဲ့အပြင် legal ကိစ္စတွေမှာလည်း တော်တော်တော့ စိန်ခေါ်မှုရှိမယ်လို့တော့ ကျွန်တော် ထင်တယ်။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာဦးခိုင်ဝင်း ဆွေးနွေးပေးပါဦး။

ဦးခိုင်ဝင်း

တကယ်တော့ ပြောရမယ်ဆိုရင်တော့ Swiss Challenge ကိုရွေးရတာလည်း ကျွန်တော်ထင်တယ်။ ခုနက အန်ကယ်ပြောသလိုပါပဲ။ ဒီ ပိုက်ဆံမရှိလို့ပေါ့နော်။ တကယ်တော့ ဒီ PPP မှာလည်း ကျွန်တော် တို့အစိုးရကလည်း နိုင်ငံတော်ကလည်း PPP ကို လုပ်မယ်လို့ ပြောတယ်။ PPP လုပ်မယ်ဆိုရင်လည်း ဖြစ်သင့်တာကတော့ ဦးစားပေး ဆောင်ရွက်ရမယ့် စီမံကိန်းတွေ၊ မြို့သစ်အပါအဝင် စီမံကိန်းတွေကို ကျွန်တော်တို့ list လုပ်၊ အခုလည်း လုပ်နေတယ်လို့လည်း ကြားတယ်။ ခု နိုင်ငံတော်ကနေပြီး ပြည်ထောင်စု အစိုးရအဆင့်ကနေပြီးတော့ project bank ဆိုတာ လုပ်နေတယ်။ ဒါတွေက ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေရှည် တည်တံ့ခိုင်မြဲတဲ့ National Sustainable Development Plan နဲ့ inline ဖြစ်အောင် အဲဒီလိုမျိုးလုပ်ပြီးလို့ရှိရင် တကယ်တော့ နိုင်ငံတော်ကနေပြီးတော့ ဒီ Design ကို ဟိုဟာ လုပ်ရမှာ။ feasibility study ကို နိုင်ငံတော်ကနေ ပိုက်ဆံ စိုက်ထုတ်ပြီးတော့ တကယ်တော့ လုပ်ရမှာပေါ့နော်။ လုပ်ပြီးတော့မှ ကျွန်တော်တို့က tender ကို အားလုံး open tender ခေါ်မယ်ပေါ့။ အဲဒီလို မတတ်နိုင်တဲ့အတွက် အခု ကျွန်တော်ပြောသလို ရှေ့ကလူတွေ ပြောသွားသလိုပဲ unsolicited ဖြစ်ရတာပေါ့နော်။ CCCC ကို လုပ်ခိုင်းရတာပေါ့နော်။

feasibility လုပ်မယ်။ သူကပဲ design တွေဆွဲမယ်။ ခုနက တင်ပြသွားတဲ့ လေ့လာမှုတွေ လုပ်မယ်။ အဲဒီအတွက်ကို ကုန်ကျစရိတ်ရှိမယ်။ တစ်ခုကတော့ သူ့ကို bilateral deal တော့မဟုတ်ဘူး။ bilateral တော့မဟုတ်ဘူး ပြီးရင် ဆွဲထားတဲ့ design ပေါ်မှာ open tender တစ်ဆင့်တော့ ပြန်ခေါ်ကြမယ်ပေါ့။ အဲဒီအချိန်မှာ အားလုံးဝင်ပြီးပြိုင်လို့ရတယ်။ fair ဖြစ်ဖြစ်ပဲ ပြိုင်မယ်ဆိုတဲ့ အဆင့်တော့ရှိတယ်ပေါ့နော်။ theory အရကြည့်ရင်တော့ အကောင်းဆုံး model တော့မဟုတ်ဘူး။ သို့သော်ငြားလည်းပဲ ဘယ်လို ပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေရ လုပ်ရတယ်ပေါ့နော်။ အဲဒီမှာ ဆက်စပ်ပြီးတော့ ခုနကလည်းပြောသွားတာရှိတယ်ပေါ့နော်။ စိုးရိမ်တာက ဒီဟာနဲ့ ပတ်သက်လို့ကော NYDC ရဲ့ ဖွဲ့စည်းပုံနဲ့ကော ဒီ CCCC နဲ့ကော ဘာတွေရှိသလဲဆိုတော့။ အဲဒီမှာ တော့ Chairman တွေက ခုနက အန်ကယ်ပြောထားတဲ့အထဲမှာလည်း ပါပါတယ်။ ကျွန်တော်ထပ်ပြီးတော့ ပြောရတာ နိုင်ငံရေးတော့ ပါရမယ်လို့တော့ ပြောထားတယ်ပေါ့နော်။ နိုင်ငံရေး ပါရမယ်လို့ပြောထားတဲ့အတွက် ဝန်ကြီးတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးတွေကို ဆရာတို့က Board ထဲမှာ Chairman အနေနဲ့ ပြန်ထည့်ထားတယ်။ အဲဒါ ဧရာဝတီ မှာလည်း ကျွန်တော် ရေးခဲ့တယ်။ စကတည်းက NYDC ဖွဲ့ကတည်းက အဲဒါနည်းနည်းပြဿနာရှိသလားပေါ့။ Board ဖွဲ့စည်းတဲ့အခါမှာ Board က regulator လည်းဖြစ်နေတယ်။ implementer လည်း ဖြစ်နေတယ်။

ဒေါ်နီလာကျော်က ပိုဆိုးသွားတာက MIC ရဲ့ အဖွဲ့ဝင်ပဲ၊ Myanmar Investment Commision ရဲ့ အဖွဲ့ဝင်လည်းဖြစ်နေတယ်။ အဲဒီ role က ပြန်ပြင်ဖို့လိုမလားပေါ့။ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံအရ Air India ကြီး ဆုံးရှုံးသွားတာ အောင်မြင်တဲ့ ကုမ္ပဏီကနေ ဆုံးရှုံးသွားတာ polictical interference ရှိလို့ပေါ့နော်။ အဲဒါလေးတစ်ခုကတော့ ကျွန်တော်တို့ NYDC ရဲ့ Board ဖွဲ့စည်းပုံ နဲ့ ပတ်သက်လို့လည်း ခုနက ဆွေးနွေးသွားကြတယ်ပေါ့နော်။ CCCC အနေနဲ့ကတော့ သူက သူ့ အဆင့်အနေနဲ့ feasibility study အတွက် လုပ်ပိုင်ခွင့်ပေးပြီးတော့ လုပ်တာပေါ့နော်။ သူကတော့ ဘာရှိခဲ့လည်းဆိုတော့ သူက သူ့ရဲ့လက်အောက်ခံ ကုမ္ပဏီ China Harbour Engineering Company ဆိုတဲ့ ကုမ္ပဏီက ကိုလံဘိုမှာ post city လုပ်ခဲ့ကြတယ်။ အဲဒီမှာလည်း တချို့ဟိုဟာတွေ ရှိတယ်။

တချို့ကတော့ ကျွန်တော်တို့ case study တွေဖတ်ရတယ်။ သူတို့မှာ မြေတွေကို နှစ်ပေါင်းများစွာ ပိုင်ပြီးတော့ free hold တွေ ပေးလိုက်ရတယ်။ ၁၂၃ နှစ်တွေ ၉၉ နှစ်တွေ အဲ့ဒီလိုမျိုး ပေးလိုက်ရတဲ့ ဟာမျိုးတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီအဆင့်ကိုတော့ မရောက်သေးဘူး။ မရောက်သေး ဘူးဆိုတော့ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘာမှ မဟုတ်သေးဘူး။ အဲဒီမြေကို ပေးတယ်ဆိုတာ ကလည်း design ထဲမှာ ပါလာမယ်။ construction စာချုပ်ချုပ်တဲ့ အဆင့်ကျမှပဲ အသေးစိတ်ကျမှပဲ ပါမယ် ဆိုတော့ ဒီအဆင့်မှာတော့ သိပ်စိုးရိမ်စရာမရှိသေးဘူးပေါ့နော်။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ ကျေးဇူးပါဆရာ။ အန်ကယ်လည်း ပြောပေးပါဦးနော်။

ဦးသိမ်းဝေ@Serge Pun

ကျွန်တော့်အနေနဲ့ ဖြည့်စွက်ပြီးပြောရမယ့် အချက်က ခုနကပြောတဲ့ CCCC ရော၊ Swiss Challenge ရော အထင်နည်းနည်းမှားတာတွေကို ကျွန်တော်အရင်ပြင်ချင်တယ်နော်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်လည်းပြောဘူးတယ်။ ခင်ဗျားတို့ social media မှာရေးတဲ့ဟာတွေ ကျွန်တော်အရမ်းချီးကျူးတယ်ဗျ။ ချီးကျူးတဲ့အကြောင်းကတော့ ခင်ဗျားတို့က လွယ်လွယ်ကူကူ လျှောက်ရေး တာ မဟုတ်ဘူး။ point ရှိတယ်။ analysis ရှိတယ်။ အကြောင်းအရာရှိတယ်။ ကျွန်တော်က valid လို့ယူဆမယ်။ argument is valid အဲဒီဟာကို ကျွန်တော်လေးစားတယ်။ ပြဿနာက ဘယ်မှာလဲဆိုတော့ ခင်ဗျား assumption တစ်ခုလုပ်လိုက်တယ်။ အဲဒီ assumption ပေါ်မှာ analysis လုပ်တယ်။ assumption က မှားတဲ့အချိန်မှာ analysis နဲ့ conclusion ကတော့ လွဲသွားမှာပဲ။ ဆိုတော့ ဒီ assumption ရဲ့ Facts ကို ကျွန်တော်နည်းနည်း Correction လုပ်ပေးချင်တယ်။

(၁) က NYDC Challenge လို့ခေါ်တဲ့ ဒီနည်းစနစ်။ အဲဒီဟာက ပိုက်ဆံမရှိလို့လည်း မဟုတ်ဘူး။ အဲဒီ ဟာကလည်း အထူးတစ်မျိုးထွင်ချင်လို့လည်း မဟုတ်ဘူး။ အကြောင်းက ရှင်းရှင်းလေးပဲ။ conventional ppp, conventional public tender လမ်းကြောင်းက ဘယ်လိုလျှောက်လဲ။ tender ပေးချင်တဲ့ ပုဂ္ဂိုလ်က အဲဒီဟာက အစိုးရကို ပြောတာပေါ့နော်။ အစိုးရဌာနတစ်ခုက သူက ဘာကို ဆောက်ချင်နေလဲ၊ သူက သေသေချာချာဆွဲပြီးတော့ သူက တင်ဒါခေါ်တယ်။ tender ရတဲ့ ပုဂ္ဂိုလ် တွေက tender တင်တယ်။ Dead Line တစ်ခုရတယ်။ tender ၁၀ ခုဖြစ်မယ်ဆိုပါက tender ကို ဖောက် ကြည့်လိုက်တဲ့အချိန်မှာ ဘာဖြစ်မလဲ ၁ဝ မျိုးမတူဘူး။ ပန်းသီးလည်းရှိတယ်။ လိမ္မော်သီးလည်း ရှိတယ်။ ငှက်ပျောသီးလည်းရှိတယ်။ အမျိုးစုံဆိုတော့ tender စစ်တဲ့အဖွဲ့အစည်းက subjectively ဘယ်အမျိုးက ပိုကောင်းလည်းဆိုတာ သူဆုံးဖြတ်ရမှာ။

ဒါ Apple to Apple ယှဉ်တာမဟုတ်ဘူး။ ဒါရွေးချယ်တာ။ အဲဒီဟာကောင်းလား၊ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးအစားဒါလောက်များတာနော်၊ choice ပိုများတယ်။ အဲဒီလို ရွေးပြီး ပန်းသီးကိုကြိုက်တယ်၊ ဒီကုမ္ပဏီဆောက်တဲ့နည်းကို ငါလိုချင်တယ်။ ပြီးမှ စပြီးတော့ negotiation လုပ်တယ်။ ဒီ negotiation လုပ်ပြီးတေ့ာ မရဘူး။ မအောင်မြင်ဘူး။ ညှိလို့မရဘူး။ ပြုတ်သွားတယ်။ အဲဒီမှာ နောက်က နောက်တစ်ယောက်လာတယ်။ ကျွန်တော်တို့ လေဆိပ်ဖြစ်ဖြစ်၊ အများကြီးပါ။ ဒီလို government tender တွေ လုပ်လိုက်တာနဲ့ ၂ နှစ်ကျော်သွားပြီ။ project က မစနိုင်သေးဘူး။ လည်နေတုန်းပဲ၊ ပြီးတော့ မရတဲ့သူကလည်း ကန့်ကွက်ပြန်ရော။ ဆန့်ကျင်ပြန်ရော၊ ပြောတာက မျိုးစုံပြောတာ။ အချိန်ကကြာသွားပြီးတော့ အလုပ်က မဖြစ်ဘူး။ ဒါက ၁။

ကောင်းပြီ Swiss Challenge ရဲ့ ကျွန်တော်တို့ရွေးတဲ့ အရေးအကြီးဆုံးအချက်က ဘာလဲဆိုတော့ ကျွန်တော်က ဒီ လိမ္မော်သီးတွေ၊ ပန်းသီးတွေ၊ ငှက်ပျောသီးတွေအကုန်လုံးကို ဖယ်လိုက်ပြီးတော့ တစ်မျိုးပဲ။ ကောင်းပြီ ကျွန်တော်တို့ အရှေ့ ဦးဆုံးကတော့ prerogative နည်းနည်းရှိတယ်။ ဥပမာ CCCC ကိုရွေးတာ။ CCCC ဖြစ်ရင်ဖြစ်မယ်။ တစ်ခြားဟာ ဖြစ်ရင်ဖြစ်မယ်။ ကျွန်တော်က ဒါကိုဆောက်ချင်တယ်။ မြို့သစ် ဆောက်မယ်။ ဘယ်အချက်တွေလိုတယ်။ အဲဒီအချက်တွေကို လုပ်နိုင်တဲ့သူ၊ လုပ်နိုင်တယ်ဆိုတာ စွမ်းရည်ရှိတယ်၊ ငွေရှိတယ်၊ နောက်ပြီးတော့ သူရဲ့ reputation ရှိတယ်။ ဒါတွေအကုန်လုံး ပြည့်စုံတဲ့ ဘယ်နှစ်ဖွဲ့ရှိလဲ။ သုံးဖွဲ့ရှိလား၊ လေးဖွဲ့ရှိလား။ ကောင်းပြီ ဒီအထဲ မှာတော့ ငါတစ်ယောက်ကိုတော့ ရွေးရမယ်။

တစ်ယောက်ရွေးပြီးတော့ထိုင်မယ်။ ငါလိုချင်တဲ့အတိုင်း ငါတို့ညှိမယ်။ မင်းကလည်း မင်းလိုချင်တဲ့ အတိုင်းညှိ။ နောက်ဆုံးတော့ သဘောတူသွားပြီ၊ ဒီအတိုင်းဆို မင်းလုပ်မယ်မဟုတ်လား၊ sign ထိုး။ ပြီးလို့ရှိရင် လုပ်မယ့်သူ တစ်ယောက်ရှိသွားပြီနော်။ ပြီးလို့ရှိရင် ကျွန်တော်တို့ sign ထိုးတဲ့ဟာကို ဘာမှ မချန်ဘဲနဲ့ အကုန်လုံး publicize လုပ်လိုက်မယ်။ public နော်။ အသေးစိတ်၊ ဥပမာ ခင်ဗျားက တံတားတစ်ခုဆောက်မယ်။ ဘယ်လိုဆောက်မလဲ။ ဘာပုံလည်း၊ ဘာနည်းလဲ၊ ဘာ method လဲ။ ဘယ်လိုဆောက်ပုံ ဆောက်နည်းလဲ။ BQ ဘယ်လောက်ရှိလဲ။ အကုန်လုံး စ်ခါတည်း တင်ပြီး တော့ ဈေးကဘယ်လောက်လဲ။ ကဲကောင်းပြီ ပြိုင်ကြပါ။ challenge ။ ခင်ဗျားက ဒီတံတားကို ၁၀၀ နဲ့ ဆောက်နိုင်မယ်။ ကောင်းပြီ ကျွန်တော်က လာပြီးတော့၊ နောက်တစ်ယောက်ကလာပြီးတော့ ကျွန်တော် ၈၀ နဲ့ဆောက်မယ်။

ဘယ်လိုဆောက်မလဲ။ ကျွန်တော်က သူ့နည်းမသုံးဘူး။ ကျွန်တော်က ဒီနည်းနဲ့သွားမယ်။ Sorry ။ အဲဒါက ပြီးမှာ မဟုတ်ဘူး။ ကျွန်တော့်နည်းက ပိုကောင်းပါတယ်၊ ခင်ဗျားနည်းက ပိုကောင်းပါတယ်၊ နောက်တစ်ယောက်လာတဲ့အချိန်မှာ ခင်ဗျားနည်းထက် ပိုကောင်းတဲ့တစ်ယောက် ထွက်လာမှာ။ ကျွန်တော်က ၆၀ နဲ့ဆောက်မယ်၊ သူ့နည်းထက်တောင် ပိုကောင်းသေးတယ်၊ ဒါမပြတ်နိုင်တော့ဘူး။ ဒါကြောင့် ဒီလိုမပြိုင်နဲ့။ ဒီနည်းပဲ၊ ဒီတံတားပဲ၊ ဒီပုံပဲ။ သူက ၁၀၀ နဲ့ဆောက်မယ်။ ခင်ဗျားဘာမှ မပြောင်းနဲ့ ဒီအတိုင်း ခင်ဗျားဆောက်ရင် ဘယ်လောက်နဲ့ဆောက်မလဲ။ ၈၀ နဲ့ဆောက်မလား။ ကောင်းပြီ တကယ်နော် ကျွန်တော် စစ်ဆေးမယ်။ တကယ်ဆောက်နိုင်တဲ့ အင်အားရှိတယ်ဆိုရင် Very Good၊ တစ်ချို့က ဆောက်မယ်လို့ပြောတယ်။ အနောက်မှာ ဘာမှမရှိဘူးနော်။ တစ်ချို့က စာရွက်လေး တစ်ရွက် Briefcase လေးနဲ့ပဲ အနောက်က ငွေက ဘယ်ကလာမယ်ဆိုတာတောင် မသိသေးဘူး။ အဲဒီဟာမရဘူး sorry နောက်ပြီး ကျွန်တော်က ယုံသွားလို့ရှိရင် တံတားကလည်း ထွက် မလာဘူး။ ပြီးတော့ လာငိုတာတို့ ဘာတို့။ ဆိုတော့ ခင်ဗျားတကယ်လုပ်နိုင်တယ် ၈၀ နဲ့၊ ဆိုရင် ခင်ဗျား sign ထိုး။ ဒါပေမယ့် ခင်ဗျား မရသေးဘူး။

ကျွန်တော် ပထမတစ်ယောက်ဆီပြန်သွားမယ်။ မင်းနဲ့အတူတူပဲ qualification။ သူက ၈၀ နဲ့ ဆောက် မယ် ဒီအတိုင်းပဲဆောက်မယ်။ မင်းက ၁၀၀ နဲ့ဆောက်မယ်။ မင်းမှာ chance တစ်ခုရှိတယ်။ မင်း ၈၀ နဲ့ဆောက်မလား။ ဆောက်လို့ရှိရင်တော့ မင်းရမယ်။ မင်းက မဆောက်နိုင်ဘူး။ ၈၀ နဲ့ မဆောက် နိုင်ဘူးကွာ။ sorry။ ဒါဆို သူ့ကို ငါပေးတော့မယ်။ သူရမယ်။ ၈၀ နဲ့ဆောက်။ condition တစ်ခုပဲ ရှိတယ်။ သူက ၆ လလောက် အလုပ်လုပ်ပြီးတော့ ပုံတွေဆွဲတယ်။ feasibility study တွေလုပ်တယ်။ မျိုးစုံလုပ်ထားတော့ ပိုက်ဆံကုန်ထားတယ်။ မင်းက ဒီနေ့မှလာပြီး ၈၀ နဲ့လုပ်မယ်ဆိုတော့ အရှေ့မှာ ဘာမှမကုန်ထားဘူး။ သူကုန်ထားတဲ့စရိတ်ကို မင်းအကုန်လုံး ပြန်ပေး။ ဆိုရင် သူမနာဘူး၊ မင်းရမယ်။ သူက အရှေ့က လုပ်ထားတဲ့ အခတွေကို သူပြန်ရမယ်။

ဒါက Swiss Challenge ရဲ့ basic principle အဲဒီလိုနည်းနဲ့ သွားလို့ရှိရင် tendering process က အနည်းဆုံး ၆ လ၊ တချို့နေရာမှာ နှစ်နဲ့ချီပြီး တိုသွားမယ်။ သိနေပြီ ဘာလုပ်မယ်ဆိုတာ။ ငြင်းဖို့ လည်း မလိုဘူး။ အဲဒီဟာ NYDC Challenge လို့ နာမည်ခေါ်လိုက်တာနဲ့ နည်းနည်းတော့ အပြောင်း အလဲတွေရှိတယ်။ ကျွန်တော်တို့ ဗမာပြည်ရဲ့ အခြေအနေတွေကိုက်ဖို့ ကျွန်တော်တို့ နည်းနည်း တကယ့်မူရင်း Swiss Challenge ကတော့ နည်းနည်းလေးကွာတယ်။ ဒါပေမယ့် essence is the same ။ transparency ရှိတယ်။ ကျိန်းသေဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက sign ထိုးထားတာ။ ကျွန်တော်နဲ့ ၁၀၀ နဲ့လုပ်မယ်ဆိုပြီး ခင်ဗျား sign ထိုးထားတာ။ ဒီ sign ထိုးထားတာ ငါ ပေါ့ပေါ့လျှော့လျှော့လုပ်မယ်ဆိုပြီး sign မထိုးနဲ့။ ကျွန်တော်က ခင်ဗျားကို တရားစွဲမှာ ခင်ဗျား မလုပ်လို့ရှိရင်။ ဆိုတော့ အဲဒီ ၁၀၀ နဲ့လုပ်ဖို့က ခင်ဗျား ထောက်ခံစာတွေ အများကြီးပါရမှာ။ ငွေလည်းရှိတယ်။ ပညာလည်း ရှိတယ်။ မျိုးစုံပေါ့နော်။ ကျိန်းသေ တံတားတော့ ထွက်လာမယ် ဒီအချိန်တွင်းမှာ။ အဲဒီဟာ သူရဲ့ဟာကို မလွဲပါနဲ့လို့ ကျွန်တော်ပြောချင်တာ။ ပိုက်ဆံမရှိလို့ သူများကို သွားပြီးတော့ ခေါ်လာတာ မဟုတ်ဘူး။ ဒါက မူတစ်ခု။ ကျွန်တော်တို့ NYDC မြို့သစ်မှာ လုပ်တဲ့အလုပ်တိုင်း ကျွန်တော်က ဒီနည်းနဲ့ သွားမှာ။ ဒါပေမယ့် သိပ်ငယ်တဲ့ဟာတော့ မလိုဘူး။ ကြီးတဲ့ဟာတော့ လိုတယ်။ အဲဒီလို အရင်ဆွေးနွေးမယ်။ အရင် မူတစ်ခု ချမယ်။ ဒါက ဘာကိုဖယ်လိုက်တယ်ဆိုတာ အရင်တုံးက အစိုးရဌာနတွေ terms of reference ရေးတဲ့ လုပ်ငန်းကို ဖယ်လိုက်တယ်။ ဒီ terms of reference လုပ်တဲ့ လုပ်ငန်းက စာရွက်ထွက်လာပြီ၊ ဒီဟာကိုပဲ ဝေဖန်တာနဲ့တင် တစ်နှစ်လောက်ကြာနေတယ်။ တော်ကြာကျရင်လည်း မဟုတ်တော့ဘူး ပြောင်းဦးမယ်။ အဆိုးဆုံးက ဘာလဲ။ terms of reference ကထွက်သွားပြီ။ data က ဒီ terms of reference အရ Billing တင်လိုက်ပြီ။ ထိုင်စကားပြောတော့ ဝန်ကြီးက ဒီလို မလိုချင်ဘူး၊ ဒီလို လိုချင်တယ်ဆိုတော့ ဟို Terms of reference က အလကား ဖြစ်သွားရော။ အစကနေ အဆုံး စကားပြန်ပြောရရော။ အဲဒီဟာ လုံးလုံး မပေါက်ရောက်တဲ့ဟာ။ အခုကျွန်တော်တို့က လိုချင်သလို ဆွေးနွေး။ sign ထိုးလိုက်တာနဲ့ ဒါပဲ။ အဲဒီဟာ။

ဒုတိယက CCCC ။ CCCC ကို ကျွန်တော်က ရွေးတာက သူ့ကို ရွေးရမယ်လို့ ပြောတာ မဟုတ်ဘူး။ တကယ်ပြောလို့ရှိရင် ကျွန်တော်တို့ အရင်ဆုံးလိုတာက ခုနစ်ချက်လိုတယ်။ ဒီမြို့သစ်ကို ဆောက်နိုင် ဖို့။ ဒီ 7 Work Streams က မရှိလို့မရဘူး။ တံတား၊ တံတားဆင်းသွားလို့ရှိရင် nodes တွေကို ရောက်ရမယ့်နေရာတွေ ရောက်ရမယ့် 26 kilometer လိုင်းလိုတယ်။ ဒါ လမ်းငယ်တွေ ပြောတာ မဟုတ်ဘူး။ ဒါ main road တွေ။ မြေတွေကို ပြန်သိမ်းဖို့ ရွာမြို့ကို ဆောက်ပေးရမယ်။ လယ်သမားတွေ အတွက်။ အဲဒီဟာ 20 square kilometer ရှိတယ်။ အရင်တုန်းက ရွာဆိုလို့ရှိရင် မီးမရှိ၊ ရေမရှိ ဘာမှ မရှိ။ ကိုယ့်ဟာနဲ့ကိုယ် ဖြစ်သလိုနေနေတာ။ အခု ကျွန်တော်တို့က ၂၀ ရာခိုင်နှုန်းပြန်ပေးတဲ့ နေရာသည် မြို့လေးဖြစ်သွားမယ်။ ရေရှိမယ်၊ လမ်းရှိမယ်၊ လမ်းမီးရှိမယ်။ sewer system ရှိမယ်။ နောက်ဒါက တကယ့်မြို့လေးတစ်ခု။ ရွာမြို့လေးတစ်ခုဖြစ်မယ်။

အဲဒီရွာမြို့ကို ပြန်ဆောက်ရမယ်။ ဒါမှလည်း လူတွေက ပြောင်းလာမှာ။ ဒါမှ သူတို့က 80 % ကို စွန့်လွှတ်တဲ့အချိန်မှာ ကျွန်တော်တို့ မြို့သစ်ရဲ့ မြေဖြစ်သွားမယ်။

နံပါတ် ၄။ ခုနက ပြောတဲ့ 2 million jobs ။ 2 million jobs ဆိုတာ စက်မှုဇုန်မရှိရင် ဘယ်မှာလဲ 2 million jobs။ စက်မှုဇုန် အရင်ထောင်ရမယ်။ industrial estate အရင်ထောင်ရမယ်။ အရင်ထောင်ဖို့ စက်မှုဇုန်ထဲမှာ လိုအပ်တဲ့ infrastructure တွေ အကုန်လုံးထည့်ရမယ်။

နံပါတ် ၅။ မီးလိုတယ်။ မီးမရှိရင် ပွဲပြီးပြီ။ မီးဆိုတာ ၂၃ နာရီ ၃၀ မိနစ်ပေးတဲ့ မီးက မလုံလောက်ဘူး။ စက်ရုံဆိုတာ သိတယ်နော်။ ၂၄ နာရီအပြည့်ဖြစ်မှ။ ၂၄ အပြည့်ဖြစ်တာတောင်မှ မလုံလောက်သေး ဘူး။ voltage က ငြိမ်ရမှာ။ voltage မငြိမ်လို့ရှိရင် မီးက ဒီလို ခုန်လို့ရှိရင် စက်က စတောင်မစရသေး ဘူး လောင်သွားပြီ။ ဆိုတော့ အဲဒီဟာဖြစ်ဖို့ မီးလိုတယ်။ ရေလိုတယ်။ ရေဆိုးတွေကို ထိန်းသိမ်းဖို့ လိုတယ်။ ဒီ ၇ မျိုးက beginning အစ၊ မရှိလို့ မရဘူး။ ဒီ ၇ မျိုးလုံးကို အကုန် ဆောက်မယ်ဆိုရင် ဘယ်လောက် လိုလဲဆိုတော့ ကျွန်တော်တို့ ခန့်မှန်းတာ 2 billion ပတ်ဝန်းကျင် လိုတယ်။ ဘယ်သူက 2 billion တတ်နိုင်သလဲ။ နောက် ကျွန်တော်တို့ NYDC သတ်မှတ်ထားတဲ့ မူက EPC contractor မလာပါနဲ့။ ကျွန်တော်တို့ စိတ်မဝင်စားဘူး။ ခင်ဗျားလာတာ ကျွန်တော့်ဆီ contract လာယူပြီးတော့ အလုပ်လုပ်ပေးမယ်။ ငွေ ကျွန်တော်ချေရမယ်။ မလာနဲ့။

EPC Contractor မလာနဲ့။ lender, supplier။ ကျွန်တော့မှာ စက်ကိရိယာရှိတယ်၊ ရောင်းချင် တယ်၊ မလာနဲ့။ စိတ် မဝင်စားဘူး။ ကျွန်တော်အခု ဖိတ်ခေါ်တာ ရင်းနှီးမြှုပ်နှံသူကိုပဲ ဖိတ်ခေါ်တယ်။ ခင်ဗျား ရင်းနှီးမြှုပ်မယ်။ လာခဲ့။ ဥပမာ ရေလုပ်ငန်း၊ ရေလုပ်ငန်းက တစ်မြို့လုံးရေရှိဖို့ ရေပိုက်လိုင်းတွေဆောက်ပြီး ကျွန်တော့်ဆီ ပိုက်ဆံတောင်းမယ်။ မတောင်းနဲ့ ခင်ဗျားဘာသာ ခင်ဗျားတွက်။ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ခင်ဗျားအကုန်ထည့်။ ပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုကို ငွေပြန်ရဖို့ ဘယ်လိုစီစဉ်မလဲ။ ဘာနှုန်းနဲ့ ကောက်မလဲ။ ဘယ်လောက်ကြာကောက်မှ ခင်ဗျားလိုချင်တဲ့ return ကိုရမလဲ၊ တင်။ ကျွန်တော်တို့ ညှိမယ်။ ပြီးရင် ဒီလုပ်ငန်းသည် ခင်ဗျားလုပ်ငန်း။ ကျွန်တော်အကြွေးမတင်ဘူး။ ကျွန်တော်အကြွေးလည်း မယူဘူး။ ရေကို ကျွန်တော်လိုတယ်။ ရေလုပ်မယ့်သူလာမယ်။ သူပိုက်ဆံထည့်မယ်၊ သူရသင့်ရထိုက်တဲ့ ဝင်ငွေရမယ်။ ဆိုတော့ ကျွန်တော်တို့က မူတစ်ခုချလိုက်တယ်။ ရင်းနှီးမြှုပ်နှံသူသည် ရန်ကုန်မြို့သစ်ကို လာပြီးတော့ ရင်းနှီးမြှုပ်လို့ရှိရင် သူရဲ့ internal rate of return (IRR) ဆိုတဲ့ အများသုံးသပ်တဲ့ ၁၃ ရာခိုင်နှုန်းရဖို့ ကျွန်တော် အာမခံတယ်။ မရလို့ရှိရင် ရအောင် ကျွန်တော်ဖန်တီးပေးမယ်။ ဒါ ခင်ဗျားကို ၁၃ ရာခိုင်နှုန်း။ ကျွန်တော်တို့ တောင်းဆိုတာ ဥပဒေတစ်ခုပဲ ရှိတယ်။ မီးကော၊ ရေကော ဒါမျိုးတွေဆိုရင် utility ဆိုရင် ခင်ဗျား ကျွန်တော်လိုချင်တဲ့အချိန်မှာ ကျွန်တော်လိုချင်သလောက် ခင်ဗျားပေးရမယ်။ ခင်ဗျားက လာပြီးတော့ ကျွန်တော်တို့ လုပ်ပေးပါ့မယ်၊ ဒါပေမယ့် ငွေမလောက်သေးဘူး။ နောက် ၂ နှစ်လောက် စောင့်ပါဆိုရင်တော့ sorry ပဲ။ ခင်ဗျားကို ၂ နှစ်လောက် စောင့်ရရင် ကွျွန်တော့် စက်ရုံက ဘယ်လိုသွားလုပ်မလဲ။ လိုချင်တဲ့အချိန်မှာ လိုချင်သလောက် ခင်ဗျားပေးရမယ်။ ဒါက first rule ။ second rule က ခင်ဗျား တင်တဲ့အချိန်မှာ အခဘယ်လောက် ကောက်မယ်ဆိုတာ ခင်ဗျား တစ်ခါ တည်းတင်။ ဒီ အခတိုင်းပဲသွားရမယ်။ တစ်ခုခုဖြစ်လို့ လာပြီး ငိုပြီးတော့ ဈေးတင်ချင်ရင် sorry ပဲ။ ဈေးတင်ချင်လို့ ဆိုပြီး ဈေးတင်လို့ မရဘူး။ ဈေးတင်ချင်ရင် လွှတ်တော်ကို သွားရမယ်။ ကျွန်တော် ဒီအာဏာမရှိဘူး၊ ဒီဈေးပဲ။ ဒါပေမယ့် adjustment တွေရှိမယ်။ ဆိုတော့ ခင်ဗျားက တွက်လိုက်ပြီးတော့ ကျွန်တော် အနှစ် ၂၀ လိုတယ်။ ကောင်းပြီ အနှစ် ၂၀ ပေးမယ်။ အနှစ် ၃၀ လိုတယ်။ ကောင်းပြီ အနှစ် ၃၀ ပေးမယ်။ ကျွန်တော်တွက်မယ်။ အနှစ် ၅၀ ဆိုရင် ခင်ဗျား ဖြီးတာ။ ငါလုပ်လို့ရှိရင် ၂၀ နဲ့ပြီးတယ်။ ခင်ဗျားက ဘာဖြစ်လို့ ၅၀ လိုတုန်း။ ဒါက ကျွန်တော်စစ်တဲ့ တာဝန်။

ရသင့်ရထိုက်တာကို ကျွန်တော်ပေးမယ်။ ခင်ဗျား ရင်းနှီးမြှုပ်၊ အဲဒီလိုလုပ်ဖို့က Swiss Challenge လိုတယ်။ Swiss Challenge က ဒါကိုပဲ Challenge တာ။ ဒီ ၁၀၀ ကို ကျွန်တော်လည်း ဆောက်နိုင် တာပဲ။ ကျွန်တော်က ၈၀ နဲ့ဆောက်မယ်။ ဒါပေမယ့် ခင်ဗျား ၈၀ ကျွန်တော့်ကို ပိုက်ဆံအမ်းရမယ်။ ဘယ်မှာလည်း ပိုက်ဆံ။ မင်း ၈၀ က မင်းထည့်ရမှာ။ မင်းမထည့်နိုင်ရင် လာတောင် မပြိုင်နဲ့။ အဲဒီလို ဟာမျိုး ကျွန်တော်က ပန်းသီးတွေ လိမ္မော်သီးတွေ အကုန်လုံး မလိုချင်ဘူး။ ဒီအတိုင်းပဲ လာ။ အဲဒီ အတွက်ကြောင့် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ အရင်ရွေးမယ်။ ဒါပေမယ့် ရွေးထားတာ သူရတာ မဟုတ်ဘူး။ တကယ်ပြောရင် ကျွန်တော်တို့ကို ကူညီတာ။ ကျွန်တော် ယခု ဒီနေရာမှာထိုင်နေတာ တစ်ခုပဲမတူတာ။ ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင်၊ကျွန်တော် ဒီစားပွဲရဲ့ဟိုဘက်မှာလည်း ထိုင်ဖူး တယ်။ စီးပွားရေးသမားက ဘာလိုချင်တာလဲ ဆိုတာ ကျွန်တော်နားလည်တယ်။ ဘာရသင့်လဲဆိုတာ ကျွန်တော် ပေးခွင့်ရှိတယ်။ သဘောတူချက် အခွင့်ရှိတယ်။ ဆိုတော့ အဲဒီတစ်ခုပဲ။ ကျွန်တော်တို့ တစ်ခါတလေ၊ အစိုးရဝန်ထမ်းပေါ့နော် အရာရှိတွေ ဒီလိုကိစ္စမျိုးကို ညှိတဲ့အချိန်မှာ ဒုက္ခရောက်တာ တစ်ခုက စီးပွားရေးလုပ်ငန်းရှင် ရင်းနှီး မြှုပ်တဲ့အချိန်မှာ သူဘာလိုအပ်တာဆိုတာကို နားလည်ချင်မှ နားလည်မယ်။

ဥပမာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် 1 billion ရင်းနှီးမြှုပ်ရမယ်။ သူ့ဘဏ်ထဲမှာ 1 billion ရှိမှာ မဟုတ်ဘူး။ သူကလည်း ဘဏ်ကို သွားရမှာ။ ပိုက်ဆံသွားချေးရမှာ။ ပိုက်ဆံချေးတဲ့ အချိန်မှာ ဘဏ်က ဘာလိုတယ်။ ဘာတောင်းမလဲဆိုတာ ကျွန်တော်က ချေးဖူးတဲ့ လူဆိုတော့ ကျွန်တော် သိတယ်။ ဘဏ်က ဘာတောင်းမလဲ။ အဲဒီတောင်းတဲ့ဟာတွေကို အစိုးရက ထောက်ပံ့ပေးရမှာ။ ကျွန်တော်တို့ က ဒီဟာကို နားလည်မှု မရှိရင် ဒါ ငါ့ကိစ္စမဟုတ်ဘူးဆိုရင် သူက တစ်သက်လုံး ပိုက်ဆံချေးလို့ ရမှာ မဟုတ်ဘူး။ ဒါဆို သူက လုပ်ငန်းက လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီနားလည်မှုတွေက ကျွန်တော် တို့ရဲ့ အားသာချက်။ အခုနားလည်သွားပြီ။ နောက် ဘာလိုလဲ။ လိုတာက reasonable ဖြစ်လား မဖြစ် လား။ ဖြစ်လို့ရှိရင် ကျွန်တော်တို့က ပံ့ပိုးပေးမယ်။ အဲဒီဟာပဲ။ ကွာတာ ဒါပဲ။

ဦးအောင်ချစ်ခင်

ကျွန်တော်အခု နည်းနည်း summarize ပြောတဲ့ဟာကို ပြန်ကြည့်ရလို့ရှိရင်။ ခုနက ဆရာမေးတဲ့ regulator အခန်းကဏ္ဍကို ဒီကုမ္ပဏီကလုပ်နေတဲ့ သဘောမျိုးဖြစ်လာတာပေါ့နော်။ အစိုးရဌာန တစ်ခုမဟုတ်ဘဲနဲ့ ကုမ္ပဏီက ဒီ process တစ်ခုလုံးကို regulate လုပ်တဲ့ procedure တွေကို ကုမ္ပဏီဘက်က procedure တွေနဲ့ public company တစ်ခုရဲ့ procedure တွေသုံးပြီးတော့ မှ transparent ဖြစ်အောင် လုပ်သွားတယ်ဆိုတာမျိုး အန်ကယ်ရှင်းပြတာ ထင်ပါတယ်။ ကျွန်တော်တို့ ပြီးရင် မေးခွင့်ပေးလိုက်ပါ့မယ်။ ဒီ section မှာ မေးချင်တာလေးတွေ မေးပါဦးခင်ဗျ။ ၃ ယောက် လောက် မေးပါ့မယ်။

ဦးမျိုးမြင့် (တက်ရောက်သူ)

မင်္ဂလာပါ။ ကျွန်တော်က မျိုးမြင့်ပါ။ ကျွန်တော်က MCE က အတွင်းရေးမှူးချုပ်ဖြစ်ပေမယ့် ကျွန်တော်က personal အနေနဲ့ပဲ မေးမှာပါ။ အဲဒီတော့ ဒီရန်ကုန်မြို့သစ် ပေါ်ထွန်းလာရင်တော့ တကယ်သာ ဖြစ်ခဲ့ရင်ပေါ့၊ ကျွန်တော်ပြောတာက ဖြစ်မယ်လို့ပြောတာ မဟုတ်ဘူး။ တကယ်သာဖြစ်ခဲ့ရင်တော့ ဒီလုပ်ငန်းရှင်ကော ခုနတုန်းက ပြောတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၂ သန်းပေါ့။ ဒါတကယ့်ကို ခုနတုန်းက ဆရာလည်းပြောသလို မဲအတွက်ပဲ ကြည့်ကြည့်၊ ပြည်သူအတွက်ပဲကြည့်ကြည့် ဝမ်းသာစရာပါ။ ဒါပေမယ့် ကျွန်တော်တို့ မြင်တာပေါ့နော် ဆရာဦးသိမ်းဝေတို့ ဖော်ခဲ့တဲ့ FMI တို့၊ Star City တို့ တစ်ဖက်ကမ်းတွေမှာပါ။ အဲဒီမှာ တကယ်တမ်း ခုနကပြောတဲ့ traffic jam အခုဆို လှိုင်သာယာမှာ အခုဆို တံတား ၄ စင်းဖြစ်သွားပြီ။ ဒါပေမယ့် ယနေ့ထက်ထိ bottleneck လို ဖြစ်နေတယ်။ နောက်တစ်ခု သံလျင်။ သံလျင်တံတားဆိုလည်း ပိတ်လို့ ဆို့လို့။ သံလျင်ဆို တံတား ၂ စင်းရှိတယ်။ ကုလားဝဲမှာရှိတယ်။ ဒီဘက်မှာ ရှိတယ်။

အဲဒီအခါကျတော့ မြို့သစ်မှာ အခုမှ တံတား ၂ စင်းပဲ လုပ်မှာပေါ့နော်။ ၂ စင်းလုပ်တဲ့အခါ မှာ နောက် အန်ကယ်ပြောသလို ဆရာပြောသလို မြို့သစ်မှာပဲ အလုပ်အကိုင်အခွင့်အလမ်းတွေက မြို့သစ်မှာ ရှိသမျှ ဥပမာ လူ ၂ သိန်းပဲ ထည့်ထည့်၊ ၄ သိန်းပဲ ထည့်ထည့် အဲဒီလူတွေက ရန်ကုန်မြို့ကို မတက်လာဘူးလို့ အာမခံနိုင်ပါသလား။ တကယ်လို့ ရန်ကုန်မြို့ကို တက်လာမယ်ဆိုရင် ဒီတံတား ၂ စင်းနဲ့ bottleneck နဲ့ ဖြစ်မယ်ပေါ့။ တစ်ချက်။ နောက်တစ်ခုက ကားလမ်းတွေတော့ ရှင်းပါတယ်။ နေပြည်တော်လို မြို့ ကြီးလို ဖြစ်သွားမှာလား။ အဲဒါလေး စဉ်းစားစရာပါ။ အလုပ်မဖြစ်တဲ့ မြို့သစ်ပေါ့။ နေပြည်တော်တော့ တည်တယ်၊ အလုပ်အကိုင်အခွင့်အလမ်းရတယ်။ သို့သော်လည်း တကယ့် ပိုင်ရှင်မဖြစ်တဲ့ မြို့ ကြီးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ဒီရန်ကုန်မှာ အိုးအိမ်တို့၊ ဘာတို့ archi တွေ ဆွေးနွေးတာ ကျွန်တော်ကြားပါတယ်။ ဒီ ဒဂုံမြောက်၊ ဒဂုံအရှေ့မြေနေရာအလွတ်တွေ အများကြီးပါပဲ။ ဒီဘက်လည်း အများကြီးပဲ တစ်ဆက် တစ်စပ်တည်း မြေတွေ။ ဒီဘက်ကို ဖွံ့ဖြိုးတိုးတက်ဖို့ အရင်လုပ်မယ့်အစား၊ ဟိုဘက်မှာ ကျွန်တော်က အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဟိုဘက်ရဲ့ soil က bearing capacity အင်မတန်ညံ့ပါတယ်။ ဆရာ လည်း ခုနက ပြောထားပါတယ်။ ဘာပဲပြောပြော နောက်ပြီးတော့ ဒီရေအတက်အကျနဲ့ ဒီ ရေကာ တာတွေ၊ တားဖို့တွေ နောက်ခုနက ပြောတဲ့ proper asset ဖြစ်အောင်လုပ်ဖို့တွေ၊ ရေတွေ၊ မီးတွေ၊ လမ်းတွေ အများကြီး infrastructure က လိုတယ်။ ခု လှိုင်သာယာမှာ ခုနက ဆရာပြောတဲ့ စက်ရုံတွေ၊ ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌက ခုနက ဒီမှာ ထိုင်ပါတယ်။ စက်မှုဇုန်မှာ ခုထိ မီး မလောက်သေးပါဘူး။

ဦးအောင်ချစ်ခင်

ဆရာမေးချင်တာက ဒီဘက်မြို့ကို မလုပ်ဘဲ။ ဘာဖြစ်လို့ ဟိုဘက်သွားလဲပေါ့။

ဦးမျိုးမြင့်(တက်ရောက်သူ)

ဟုတ်တယ်၊ ချုပ်လိုက်လို့ရှိရင်။ ပထမ (၁) ချက်က ဒီဘက်ကို မလုပ်ဘဲ ဘာဖြစ်လို့ ဟိုဘက်ကို သွားလဲ။ နောက် ဟိုဘက်မြို့မှာ costing က အရမ်းများမယ်။ နောက် ဆရာပြောသလို ဟိုဘက်မြို့မှာ လမ်းချောင်တာ၊ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ဒီဘက်မြို့ကို proper asset အတွက် သေချာထည့်စဉ်းစားခဲ့လား။ နောက်တစ်ခါ ကျွန်တော်တို့ ရန်ကုန်မြို့ဟောင်းမှာတောင်မှ မီးတွေ၊ ရေတွေ လုံလောက်မှု မရှိသေးပါဘူး။ သောက်ရေ ကျွန်တော်တို့ စည်ပင်သာယာက အပြည့်အဝ တာဝန်မယူနိုင်သေးဘူး။ ကျွန်တော့်တို့ ဘာသာ အဝီစိတွင်း တူးနေရတယ်။ ဟိုဘက်မှာကော ရေအတွက် အဆင်ပြေပါ့မလား။ မီးအတွက် အဆင်ပြေပါ့မလား။ နောက်မြို့ဟောင်းနဲ့ မြို့သစ်မှာ town planner တွေ ယူဆတာ၊ မြို့သစ်ဆိုတာ သူ့ကြားထဲမှာ bubble zone တစ်ခုရှိမှ မြို့သစ်လို့တကယ်တမ်းခေါ်တာ။ ဒီကောင်က ရန်ကုန်နဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်တော့ နောက်ဒီမှာ ဝန်ကြီးချုပ်တို့ ဘာတို့ပြောတာလည်း ကြားပါတယ်။ ဒီမြို့သစ်ကြီးတည်ပြီး ပိုက်ဆံရတဲ့အခါမှ ဒီမြို့ဟောင်းကြီးကို ပြုပြင်မယ်ဆိုတော့ လက်ရှိမြို့ဟောင်းမှာ နေနေတဲ့ သူတွေအတွက် အရင်လုပ်ဖို့ကော မစဉ်းစားဘူးလားဆိုတာကို ကျွန်တော်တို့ စဉ်းစားစေချင်ပါတယ်။ မြို့ဟောင်းမှာ ရေတွေကြီးတယ်။ ရေတွေ မလုံလောက်ဘူး။ မီးတွေပျက်တယ်။ ခုနက ပြောတဲ့ လမ်း တွေမကောင်းဘူး။ traffic jam ဖြစ်တယ်။ ဒီဟာကို အရင်ဖြေရှင်းသင့်လား။ ဟိုဘက်ကို သွားသင့် သလားပေါ့။ အဲဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးသောင်းတင်(တက်ရောက်သူ)

ကျေးဇူးတင်ပါတယ် ခင်ဗျ။ ခု ဒီဟာတက်လိုက်တော့ တော်တော်လေး သိလာပါတယ်။ ပထမတစ်ချက်က NYDC က company လို့ ဖွဲ့စည်းထားပေမယ့် အဓိကရည်ရွယ်ချက်က public interest ပေါ့နော်။ ဘာအတွက်ရည်ရွယ်တာလဲဆိုရင် regulator role ကနေဖို့ ဆိုတာကို ကြားရပါတယ်။ သဘောကျပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော် telecom နဲ့ ပတ်သက်တာ အမှန်အတိုင်းပြောရရင် ခုနလိုပဲ asset ကို Investor ခေါ်တာပါပဲ။ PPP ပဲ။ အစိုးရအနေနဲ့ မစိုက်ပဲနဲ့ လုပ်ခဲ့တာပေါ့။ အဲဒီအချိန်မှာလည်း အန်ကယ်အခု ကြုံရသလို တကယ့် bidder တွေက ယုံကြည်မှု မရှိရင် မလာဘူး။ သူတို့ကို insurance တွေ မျိုးစုံပေးရတယ်။ ပြီးလို့ရှိရင် Professional ဟာလိုတယ်။ အခုဟာက နားထောင်ရင်း နားထောင်ရင်းနဲ့ အန်ကယ်ကို တော်တော်လေး sympathize ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ defend လုပ်နေရသလိုဖြစ်နေတယ်။ တကယ့် လက်တွေ့ကတော့ အန်ကယ် က regulator role ရယ် နောက်ဘာဖြစ်နေလဲဆိုလို့ရှိရင် consultant role နှစ်ခုကို သွားပေါင်း သလိုဖြစ်နေပါတယ်။ ဒါကြောင့် ခုမေးခွန်းပေါ်လာတာပေါ့။ Transparent ဖြစ်သလားတို့၊ ဘာ method ကို ဘာကြောင့်သုံးတာလဲတို့ ဖြစ်လာတာပေါ့နော်။

ကျွန်တော်ကတော့ တစ်ခုလေးပါ။ comment လည်းပြောလို့ရပါတယ်။ ဒါမှမဟုတ် မေးခွန်းလည်း ပြောလို့ရပါတယ်။ ဒီ NYDC က regulator လို့ ဆိုလို့ရှိရင် regulator အနေနဲ့ပဲ နာမည်ခံလိုက် ပါလား။ အဲဒါဆိုရင်တော့ ဒီမေးခွန်းတွေ တော်တော်လျော့သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ ကာလတုန်းကဆိုလို့ရှိရင် ကော်မတီဖွဲ့လိုက်ပါတယ်။ အဲဒီမှာတော့ ခုနက ပြောသလို public officer တွေချည်းပဲဆိုလို့ရှိရင် မလုံလောက်ဘူး ထင်လို့ပေါ့နော်။ အဲဒီတော့ ကျွန်တော့်ကို ခေါ်လိုက်တယ်။ ဒါပေမယ့် permanent position တစ်ခုအနေနဲ့ခေါ်လိုက်တယ်။ authority ရှိအောင်ပေါ့နော်။ နောက် ကိုဆက်အောင်ပါလာတယ်။ အဲဒီတော့ ကျွန်တော်တို့က regulator setup လုပ်ပေးတဲ့ဟာရယ် ခုနကပြောတဲ့ project initiation လုပ်ပေးတာမျိုး ပိုဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့က expertise လည်း ဖြစ်တယ်။ နောက်ခုနက အန်ကယ်ပြောသလို Swiss Challenge က ကုမ္ပဏီတစ်ခုကိုခေါ်ပြီးတော့ specification သတ်မှတ်လိုက်တာ။ apple to apple နှိုင်းယှဉ်တာပေါ့။ ကျွန်တော်တို့က အဲဒီ specification တွေရဖို့အတွက် ကျွန်တော်တို့က ဘာကို သုံးလိုက်လဲဆိုရင် consultant team ကို ခေါ်သုံးပြီး လုပ်လိုက်ခဲ့ပါတယ်။ some how လိုချင်တဲ့ result လည်းရပါတယ်။

အဲဒီတော့ ကျွန်တော်ကတော့ အကြံပြုချင်တာလည်း ပြောလို့ရတယ်၊ မေးခွန်းလည်း မေးချင်တာ ပြောလို့ရတယ်။ NYDC က အဲဒီလို management committe တစ်ခု၊ ဒီ project management committe တစ်ခု လုပ်လိုက်လို့ရှိရင် ဒါက အစိုးရကို ကိုယ်စားပြုပြီးလုပ်တာ authority လည်းရှိမယ်။ တစ်ဖက်က consultant team ပေါ့။ အန်ကယ်အနေနဲ့က ဘယ်ဘက်မှာ ထိုင်ထိုင် ကျွန်တော် ထင်တယ် ဒီလိုမေးခွန်းတွေတော်တော် ပျောက်သွားမယ်။ အခုက တော်တော်လေးကို ရှင်းသွားပါတယ်။ NYDC က project လုပ်နေတာ operation ဝင်လုပ်ဖို့ မဟုတ်ဘူး။ ဘာလုပ်ဖို့ လဲဆိုရင် investor ခေါ်ဖို့ရယ် regulator role က နေဖို့ဆိုတဲ့ ကိစ္စ။ ကျွန်တော့ မေးခွန်း or အကြံပြုချက်လေး တစ်ခုက အဲဒါပါပဲ။ ကျေးဇူးတင်ပါတယ်။

ဦးအောင်ချစ်ခင်

ဟုတ်ဆရာ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။ အန်ကယ်ဖြေပေးလိုက်ပါဦး။

ဦးသိမ်းဝေ@Serge Pun

ကျေးဇူးပါပဲခင်ဗျာ။ ခင်ဗျားမေးတဲ့ဟာက ကျွန်တော်ဖြေလိုက်ရင် အများကြီးရှင်းသွားမယ်။ ကျေးဇူးပါပဲ မေးတာ။ NYDC သည် regulator မဟုတ်ဘူး။ NYDC is an implementer ။ တိုင်းအစိုးရ ဝန်ကြီးချုပ်အနေနဲ့ တိုင်းအစိုးရ cabinet အဖွဲ့ဝင်၊ သူတို့က mission တစ်ခုရှိတယ်။ လိုအပ်ချက် တစ်ခု သတ်မှတ်လိုက်တယ်။ NYDC က အဲဒီ mission ကို ရောက်အောင် ဆောင်ရွက်ပေးတဲ့ အဖွဲ့။ regulator လို့ ပြောနိုင်တဲ့အဖွဲ့က New Yangon City Developement Committee ဆိုတာ တစ်ခုရှိပါတယ်။ ဟိုမှာ လူ ၁၁ ယောက်ရှိပါတယ်။ အဲဒီ ကော်မတီက ခုနကပြောခဲ့တဲ့ ပေါ်လစီ ထိန်းသိမ်းပေးတာတို့၊ လမ်း တွေ၊ မြေတွေသိမ်းတဲ့ ကိစ္စတွေ ရှင်းပေးတာတို့၊ ပြည်ထောင်စုအစိုးရ၊ ဒီနေပြည်တော်နဲ့ ဝန်ကြီးဌာနတွေ ချိတ်ဆက်ပေးတာတို့ နောက်ပြီး လိုအပ်တဲ့အချက်တွေကို ဆောင်ရွက်ပေးတာ ဒီကော်မတီ တစ်ခုရှိပါတယ်။ လူ ၁၁ ယောက်ရှိပါတယ်။

ဆိုတော့ ကျွန်တော်ပြောချင်တာက NYDC က တကယ်ပြောလို့ရှိရင် It’s an executioner (implementer) သို့သော် ကျွန်တော်တို့ အခုစမ်းသပ်နေတဲ့ ရန်ကုန်မြို့သစ်သည် ထူးဆန်းနေတယ်။ တစ်ခါမှ ဒီလို မလုပ်ဘူးတော့ တွေ့ကြုံလာတဲ့ လိုအပ်ချက်တွေ၊ အသစ်တွေ အများကြီးပေါ်လာတယ်။ အဲဒီပေါ်လာတဲ့ဟာတွေကို ကျွန်တော်တို့က ဖြည်းဖြည်း၊ ဖြည်းဖြည်းဖြောင့်အောင်၊ မှန်အောင် ရှင်းပေးနေတယ်။ ဥပမာ မေးခွန်းထဲမှာ YCDC မြို့ဟောင်းနဲ့ ဒီ New Yangon နဲ့ ဘယ်လိုခွဲမလဲ။ YCDC မှာ ရှိတဲ့ စည်းကမ်းဥပဒေတွေ မြို့သစ်မှာ အကုန်လုံး ဒီအတိုင်း သုံးသပ်မလား။ အဖြေကတော့ သုံးသပ်နိုင်သလောက် ကျွန်တော်တို့က သုံးသပ်မှာပဲ။ ဒါပေမယ့် တချို့ဟာတွေက အသစ်ဖြစ်နေတယ်။ အသစ်ဖြစ်နေတာ ကျွန်တော်တို့က စမ်းကြည့်မယ်။ အဲဒီဟာ အောင်မြင်တယ် ဆိုရင်လည်း လက်ရှိ ရှိနေတဲ့ YCDC က သွားသုံးလို့ရတယ်။ corporate governance ပြောလို့ရှိရင် NYDC မှာ ဝန်ထမ်း ၂၂ ယောက်လောက်ရှိတယ်။ လူတိုင်းက employment contract sign ထိုးတဲ့ အချိန်မှာ code of conduct ဆိုတဲ့ဟာ ထိုးရတယ်။ အဲဒီအထဲမှာ ရေးတာ ရှင်းရှင်းလေးပဲ။ လာဘ်စားလို့ရှိရင်၊ corruption ရှိလို့ ရှိရင် ကျွန်တော်တို့ ဘယ်လိုအရေးယူမလဲဆိုတာ အကုန်လုံးရေး ထားတယ်။ အစိုးရ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို code of conduct sign ထိုးရမယ့် စနစ်ဆိုတာ မရှိဘူး။ ကျွန်တော်ထွင်တယ်။ ဝန်ကြီးချုပ် အနေနဲ့လည်း သိပ်သဘောကျတယ်။ တစ်နေ့ဆိုလို့ရှိရင် တခြားဌာနတွေ သုံးနိုင်မလား မသုံးနိုင်ဘူး လားဆိုတာ ဒါက အနာဂတ်မှာ စဉ်းစားရမယ့်ဟာတွေပေါ့။ ကောင်းတယ် very good။ အဲဒီဟာ လိုအပ်ချက်တွေပေါ့နော်။

ကျွန်တော်တို့က တစ်ခုပဲ ခုနကပြောသလို Law တွေ၊ ဥပဒေတွေ ပြည့်စုံလား မပြည့်စုံဘူူးလား။ အဖြေကတော့ မပြည့်စုံဘူး။ မပြည့်စုံလို့ ပြည့်စုံအောင် စောင့်ပြီးမှ လုပ်ရမယ်ဆိုရင် ကျွန်တော် တို့ လုပ်ငန်းတွေက အရမ်းနှောင့်နှေးသွားမှာ။ ဆိုတော့ တစ်ဖက်လုပ်လေ တစ်ဖက်က ပြည့်စုံအောင် စဉ်းစားလေ အကုန်လုံးက ကျွန်တော်တို့က ကြိုးစားနေတယ်။ ကျွန်တော်တို့ ဝေဖန်တာကို ကြိုဆို တယ်။ ဒါပေမယ့် ဝေဖန်တာက အလုပ်ဖြစ်ဖို့ ဝေဖန်။ ကျွန်တော်တို့ အလုပ်မဖြစ်ဖို့ ဝေဖန်လို့ရှိရင် မှားသွားမယ် လို့ ကျွန်တော်ယူဆတယ်။ အဲဒီဟာကို ကျွန်တော်ရှင်းပြချင်တာပါ။

နောက် ခုနတုံးက deal က fair ဖြစ်လား မဖြစ်လား ဆိုတာ။ အဲဒီဟာကတော့ ကျွန်တော်တို့တွေ PPT ဆိုတာ ထွက်လာမယ်။ ဥပမာ ပထမဆုံး contract က CCCC နဲ့ လုပ်မယ်။ CCCC နဲ့ နောက် contract က ဘယ်လို deal making က ဘာလဲဆိုတာ ကျွန်တော်တို့ public ကို ကြေငြာမှာ။ public ကို ကြေငြာပြီးရင် ခင်ဗျားတို့ ဝေဖန်နိုင်တယ်။ ဒီ deal က တို့နိုင်ငံတော်အတွက် တော်တော် ကောင်းမလား၊ သို့မဟုတ်ရင် ဒါနိုင်ငံတော်အတွက် ဆုံးရှုံးမှုအများကြီးရှိတယ်၊ ဒါ ဝေဖန်ပါနော်။ တကယ်ထွက်လာတဲ့အချိန်မှာ။ ကျွန်တော်ဒီနေ့ ပြောလို့မကောင်းတာဆိုတာ ဒီ deal က မပြတ်သေးဘူး။ မပြတ်ခင် ကျွန်တော်က ပြောလိုက်လို့ရှိရင် ခင်ဗျားတစ်ဦးတည်း ကိုယ့်ဘာသာ ဆုံးဖြတ်နေတာ …. မဟုတ်ဘူး။ သူတို့တွေနဲ့ ကျွန်တော်တို့ သဘောတူပြီးတဲ့အချိန်မှာ အကုန်လုံး public လုပ်မယ်။ ဒါမှ ကောင်းလား မကောင်းလားဆိုတာ သိသွားမယ်။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်။ အဲဒါဆို ကျွန်တော် တတိယပိုင်းသွားလိုက်ပါ့မယ်။ သွားပြီးတော့ ကျွန်တော်တို့ open question ထပ်ပေးပါဦးမယ် ခင်ဗျ။ ခုနက တစ်ယောက်က မေးတာ မဖြေရသေးဘူးတဲ့။ proper assessment လုပ်ထားရဲ့လား။ နေပြည်တော်လိုဆိုရင် ဘယ်လိုလုပ်မလဲ။

ဦးသိမ်းဝေ@Serge Pun

proper assessment ကတော့ ကျိန်းသေလုပ်ထားတယ်ဗျာ။ ကျွန်တော်တို့ socio-economic မက ၊ public transport ၊ flood control ၊ liveable city လို့ ကျွန်တော်တို့က သတ်မှတ်ထားတယ်။

ဦးအောင်ချစ်ခင်

ဆရာမေးတာက ဒီဘက်မြို့ ပေါ်မှာလာမယ့် impact ကိုရော တွက်ထားလားဆိုတာ အဲဒီလိုမျိုး မေးထားတာ ထင်တယ်နော်။ နှစ်ဖက်အပြန်အလှန် လုံလောက်မှုရှိလား။

ဦးသိမ်းဝေ@Serge Pun

တံတားကခုက ၂ စင်းပဲရှိတယ်။ ဟိုမြို့သစ်ဖွံ့ဖြိုးလာတဲ့အချိန်မှာ အကယ်၍ ကျွန်တော်တခြားနိုင်ငံ တွေမှာ ရှိတဲ့ မြို့သစ်တွေကို ဒီ မြစ်ဟိုဘက်ကမ်းမှာ မြို့သစ်လို့ ပြောလို့ရှိရင် တံတားက ၅ ခု၊ ၆ ခု၊ ၁ဝ ခုလောက် လိုရင်လိုမယ်။ တစ်ဆင့် တစ်ဆင့်လာမှာ။ လောလောဆယ်တော့ ကျွန်တော်တို့ မြို့သစ် ရဲ့ လူဦးရေအရ အခု ဒီကြည့်မြင်တိုင် တံတားက 6 lane ၊ လှိုင်သာယာတံတားက 4 lane ဒါနဲ့ ကျွန်တော်တို့ လောလောဆယ် လုံလောက်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘယ်အချိန်မှာ မလုံလောက်တော့လို့ ကြိုတင် စဆောက်ရတော့မယ်ဆိုတာ ဒါ စဉ်းစားရမယ့်ဟာ။ ရန်ကုန်မြို့ဟောင်းကို ကျွန်တော်တို့ ဘယ်လောက် ပံ့ပိုးနိုင်မလဲ။ ကျွန်တော်ပြောလို့ မရဘူး။ ဒါဒီဘက်က ရန်ကုန်မြို့ဟောင်းက ကျွန်တော်တို့ရဲ့ purview ကျွန်တော်တို့ လုပ်ရမယ့် အခွင့်နဲ့ ပေးထားတဲ့ တာဝန်အပဖြစ်နေတယ်။

ကျွန်တော်တစ်ခုပဲပြောချင်တာကတော့ ဥပမာ ခုနကပြောသလို ရန်ကုန်မြို့သစ်က traffic jam မရှိရဘူးဆိုတာ ဒါက ပေါ့ပေါ့လျှော့လျှော့ပြောတာ ပေါ့နော်။ တကယ်လုပ်နိုင်တဲ့ဟာ။ traffic jam မရှိဘူးဆိုတဲ့ လုပ်ငန်းက ၂ ပိုင်း။ တစ်ပိုင်းက လမ်းလုံလောက်လို့ရှိရင် လမ်းနဲ့ကားအစီးရေနဲ့ မျှတလို့ ရှိရင် traffic jam က မရှိနိုင်ဘူး။ လမ်းရဲ့ system ပေါ့။ ၂ က traffic jam ရှိသော်လည်း A ကနေ B ရောက်ဖို့ ဘတ်စ်ကားစီးရင် ၁ဝ မိနစ်ပဲ ကြာမယ်။ ခင်ဗျားက သူဌေးကြီး ကိုယ့်ဘာသာ ကားမောင်းလို့ ရှိရင် နာရီဝက်ကြာမယ်၊ ခင်ဗျားဘာသာ ရွေးလေ။ ကျွန်တော့် တာဝန်က ဘတ်စ်ကားစီးတဲ့သူ ၁ဝ မိနစ်နဲ့ရောက်ဖို့ ဒါက ကျွန်တော့်တာဝန်။ ဆိုတော့ ဒီ public bus lane တွေ ဘယ်လိုလုပ်မလဲ။ အသွားအလာဘယ်လို လွယ်ရမလဲဆိုတာ ဒါကျွန်တော်တို့ရဲ့ public responsibility ။ တစ်ခြားဟာ တော့ ကျွန်တော်ပိုပြီးတော့ ပြောလို့ မရဘူး။ အများကြီးလာမှာပါ။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်။ တတိယပိုင်းကတော့ ပြီးရင် ကျွန်တော်တို့ ထပ်ပြီး မေးခွန်းမေးခွင့် ပေးပါ့မယ်။ အဲဒီအခါကျရင်လည်း နောက်က အကိုကိုလည်း ပေးပါ့မယ်။ ဟုတ်ကဲ့ ခဏလေးနော်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ပုံစံမှာပေါ့နော် debt equity financing မှာ ဘာဖြစ်လို့ equity financing ကို ရွေးခဲ့လဲ။ ဒီလို လုပ်တာ ဘာတွေအားသာချက်ရှိလဲ။ အဲဒါကို ဆရာတို့ ဆွေးနွေးပေးပါဦး။

ဦးဇေယျသူ

နှစ်ခုလုံးကတော့ အားသာချက် အားနည်းချက်ရှိတာပေါ့နော်။ debt financing နဲ့ equity financing ဒီမှာလည်း စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှိတော့ သိပြီးသားပါ။ ကျွန်တော်ကတော့ အကျဉ်းချုပ်ပြန်ပြောတာပါ။ debt financing ကတော့ အကြွေးနဲ့ ကျွန်တော်တို့ လုပ်တာပေါ့နော်။ အဲဒီအခါကျတော့ share ကတော့ ကျွန်တော်တို့ ပေးစရာ မလိုဘူး။ ကိုယ့်လုပ်ငန်းမှာတော့ ဝင်မစွက်ဖက်ဘူး။ ဒါပေမယ့် အတိုးနှုန်း ကျွန်တော်တို့ ပြဿနာရှိတယ်ပေါ့နော်။ အတိုးနှုန်းဘယ်လောက်များလဲ၊ ကိုယ်က ပြန်ကော ဆပ်နိုင်မလား၊ အဲဒါမျိုးတွေ ကျွန်တော်တို့ရှိတယ်။ လွတ်တော့ လွတ်လပ်တယ်လို့တော့ ပြောလို့ရတယ်။ တစ်ဖက်မှာလည်း မလွတ်လပ်ဘူးလို့လည်း ပြောလို့ရတယ်။

risk က ကိုယ်ကပဲ အကုန်ယူရတဲ့သဘောရှိတာပေါ့နော်။ စွန့်စားရတာ ပိုပြီးတော့များတယ်။ equity financing ကတော့ ရှယ်ယာပါ တစ်ခါတည်း ပေးလိုက်တယ်။ ပိုက်ဆံထည့်။ ပိုက်ဆံထည့်တဲ့ အတွက် လုပ်ငန်းထဲမှာ ဝင်ပြီးတော့ ပြောရေးဆိုခွင့်ပေးရတာတွေရှိတယ်။ သူရဲ့အမြင်တွေထည့်စဉ်းစားရတာ ရှိတယ်။ partner မကောင်းရင် ပြဿနာတက်နိုင်တယ်။ ဒါပေမယ့် ဘာဖြစ်လည်း ဆိုတော့ risk ကိုတော့ အတူတူခံတာပေါ့လေ။ ကိုယ်ထိရင် သူလည်းထိမယ်ဆိုတဲ့ အခါကျတော့။ နောက်တစ်ချက် က ဘာလည်း စဉ်းစားရလည်းဆိုတော့ ပိုက်ဆံတင် ကျွန်တော်တို့ မဟုတ်ဘူး။ သူ့ရဲ့ expertise သူ့ရဲ့ ကျွမ်းကျင်မှုကိုပါ လိုချင်တဲ့အခါကျတော့ ယူလိုက်တာလည်း ရှိတယ်။ တစ်ခါတလေကျတော့ သူရဲ့ကျွမ်းကျင်မှု မဟုတ်ပေမယ့် သူ့ရဲ့ network ၊ သူ့ရဲ့အသိအကျွမ်း၊ သူရဲ့ reputation ကျော်ကြားမှု ကို ရအောင်လုပ်လိုက်တဲ့ အခါကျတော့ equity financing နဲ့ သွားကြတာ ရှိတယ်။

ဒီရန်ကုန်ဟာမှာ ကျတော့ ကြည့်လိုက်တဲ့ အခါကျတော့ ဒီမှာ အန်ကယ်ဆာ့ချ်ပန်း ပြောတာလည်း ၅ ဘီလျံ လောက်ကုန်မယ်လို့လည်းပြောတယ်။ အခုရန်ကုန်တိုင်း ခု NYDC ကျတော့လည်း ၇ သန်းလောက်ပဲ ရှိတယ် ဆိုတော့ တကယ်တန်းကျတော့ seed money လောက်ပဲရှိတယ်။ office ကုန်ကျစရိတ် လောက်ပဲဖြစ်နေတာပေါ့နော်။ ကျွန်တော်ကတော့ ကိုယ့်ဘာသာဆို ဘယ်လိုလုပ်မလဲ ပဲနော်။ ဒီနေရာက ဝင်ပြီး စဉ်းစားကြည့်တော့ ကိုယ့်ဘာသာဆိုရင်တော့ equity financing ဆိုလည်း 100 % own ဆိုတဲ့ ဟာကြီးက ပျက်သွားမယ်။ သူက ၁ ဘီလျံလောက်ထည့်လိုက်ရင် ကိုယ့်မှာ ဘာမှကို ကျန်တော့မှာ မဟုတ်ဘူး 00.1 လောက်ပဲ ရှိတော့မှာ ဆိုတော့ 100 % ပိုင်တယ် ဆိုတဲ့ဟာက ပျက်သွားမယ်ဆိုတော့ equity financing တော့ လုံးဝမဟုတ်တော့ပဲ ဘယ်လိုတော့ ဖြစ်သွားမှာလဲ ဆိုတော့ ခုနက မြေတို့ ဘာတို့လည်း ပြောထားတဲ့အခါကျတော့ BOT တို့ ဘာတို့နဲ့လည်း သွားမယ်နဲ့ တူတယ်။

အဆောက်အအုံဆောက်မယ်။ ပြီးတဲ့အခါကျရင် လည်ပတ်မယ်။ ပြီးရင် ပိုက်ဆံပြန်ကောက်မယ်။ ပြီးတော့ ကျွန်တော့စိတ်ထင် နောက်ပိုင်းဘာတွေဘာတွေဖြစ်လာမလဲဆိုတော့ အနီးစပ်ဆုံး ကတော့ သီလဝါဇုန်လိုဟာမျိုး အထူးစီးပွားရေးဇုန်ဆန်ဆန်ဖြစ်သွားပြီးတော့ တချို့ law တွေဘာတွေက သူ့အတွက် သီးသန့်၊ ဒါမျိုးတွေဘာတွေ ပါလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ အဲဒီပုံစံနဲ့ သွားတာမျိုး။ equity financing ဆိုပေမယ့် ဟိုလိုမျိုး ရှယ်ယာပေးလိုက်ပြီးတော့ အဲဒါမျိုးလုပ်တာမျိုး ကျတော့လည်း မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။

ပိုက်ဆံရမယ့်သူတွေက ကျွန်တော်ကြည့်လိုက်တော့ တရုတ်ရှိမယ်။ လောလောဆယ် ပိုက်ဆံရှိတာ ဆိုတော့။ ဂျပန်ရှိမယ်။ ပြီးရင် George Yeo တို့ဘာတို့ဘာတို့ပါတော့ စင်ကာပူ ရှိမယ်။ ပြီးတော့ George Yeo Company က Kerry က ဟောင်ကောင်မှာ အချိတ်အဆက်ရှိတော့ ဟောင်ကောင် ပိုက်ဆံ။ ပိုက်ဆံအားဖြင့်ဆိုရင်တော့ ဒီလိုနည်းနဲ့ ဆိုရင်သွားလို့ရမယ်။ ကျွန်တော့ စိတ်ထင် ဘာတော့ အရေးကြီးတယ်လို့ ထင်လဲဆိုတော့။ negotiate လုပ်တဲ့ implementer NYDC ရဲ့ role က အရေးကြီးတယ်။ သူက ဘယ်လောက်ရောင်းနိုင်မလဲ။ ရောင်းတယ်ဆိုတာ ဒါကြီးကို လူတွေအထင်ကြီးအောင် ဘယ်လိုလုပ်နိုင်မလဲ၊ ပြီးရင် ခုနလိုမျိုး တစ်ချို့က နှစ် ၅၀ ကျုပ်ယူလိုက်မယ်ဆိုရင် နှစ် ၅၀ ဆိုရင် ဟောင်ကောင်ကို ပေးလိုက်ရသလိုဖြစ်သွားမယ်။ နှစ် ၉၀ တို့ဘာတို့ဆိုရင်။ ဒါဆိုရင်တော့ သိမ်းလိုက် သလိုပဲဖြစ်သွားမယ်။ အဲဒါမျိုးကျတော့ ၉၀ နဲ့တော့ မလုပ်နဲ့ ၃၀ နဲ့ ရအောင်လုပ်၊ ဒါမျိုးသူ negotiate လုပ်ဖို့တို့ဘာတို့ဆိုရင်တော့ သူ့အနေနဲ့လည်း သုတေသနတွေလည်း အများကြီး လုပ်ရမယ်။ နောက်ပြီးတော့ လူတွေကို ကိုယ့် network ထဲမှာရှိတဲ့ လူတွေကိုလည်း တအားသုံးရမယ်။ ကျွန်တော့်အနေနဲ့တော့ သိပ်ကို တော်တော်ကို မလွယ်တဲ့အလုပ်ဖြစ်တယ်။ နောက်တစ်ချက်က မေးခွန်းထပ်ထွက်လာတာ ကတော့ ဒီမှာက key က အန်ကယ်ဆာ့ချ်ပန်းလို ဖြစ်နေတယ်။ ဒါကတော့ မထူးဆန်းဘူးပေါ့နော်။ Apple မှာဆိုရင် Steve Jobs တို့ ဘာတို့ပေါ့နော်။ Amazon တို့ ဘာတို့မှာ ဆိုရင် သူ့လူနဲ့ သူရှိတော့ အဲဒီလူပေါ် မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံကြတာပါ။

ဒီမှာဆိုလည်း independent director လိုမျိုး George Yeo လို ဟာမျိုး။ George Yeo ကိုယ်တိုင်က ပြောထားတယ်။ သူနဲ့ မစ္စတာ ဆာ့ချ်ပန်း ၁၉၉၀ ကျော်လောက်ကတည်းက သိတာခဲ့တာဆိုတော့၊ အန်ကယ်ကနေ ထောင်လာတဲ့ဟာ ဖြစ်နေတော့၊ အန်ကယ်တခြားအလုပ် ပြောင်းသွားရင်တို့ ဘာတို့ဆိုရင် ဒါကြီးက ဘယ်လိုဆက်ဖြစ်မလဲ။ ဒါကိုသာ ကျွန်တော်သာ ရှယ်ယာထည့်မယ်၊ ရှယ်ယာဝင်မယ် ဆိုရင် ကျွန်တော်သာဆို စဉ်းစားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လူအများကြီးပေါ် institution အပေါ်ကြည့်ပြီး လုပ်တာဆိုပေမယ့် Steve Jobs မရှိရင် ရှယ်ယာကျရင်လည်း ကျမယ်။ Jack မှ မလုပ်တော့ရင် Alibaba က ရှယ်ယာကျသွားနိုင်တယ်။ အဲဒီလိုမျိုးတွေရှိတဲ့အခါကျတော့ အဲဒါလေးကို ဘယ်လိုစီစဉ်ထားလဲ။ အန်ကယ် Institution တက်လာအောင် လုပ်မှာလား။ ဒါမှမဟုတ် နောက်က ဘယ်သူတက်လာမှာလဲ။ ဒါလေးကို ကျွန်တော်က ကျွန်တော့်အမြင်ပြောရင်းနဲ့ တစ်ခါတည်းပါ မေးခွန်းပါ ထုတ်လိုက်တာပါ။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါဗျာ။ ဆရာ ရဲမြတ်သူ ဆွေးနွေးပေးပါဦး။

ဦးရဲမြတ်သူ

ကျွန်တော်ကတော့ debt financing ထက်စာရင် equity ကိုပိုပြီး ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ကိုဇေယျာသူလည်း ပြောသွားတယ်ပေါ့နော်။ အဲဒီအထဲမှာပါတဲ့ဟာကို ထောက်ခံ တယ်။ ကျွန်တော်တို့က ငွေတစ်ခုတည်းကိုပဲ investment ခေါ်တာ မဟုတ်ဘူး။ network တွေ expertise တွေ၊ တခြားဟာတွေ အကုန်လုံးကို လာစေချင်တာ။ ဒါပေမယ့် ခုနက ဆရာဦးသောင်းတင် ပြောသလိုပေါ့နော် လာတဲ့သူတွေ ယုံကြည်ဖို့ ကိစ္စက တော်တော်လေး အရေးကြီးတယ်။ အဲဒီတော့ ယုံကြည်တဲ့ ကိစ္စအပြင် နောက်ထပ်စဉ်းစားရမှာကတော့ sustainable ပေါ့။ sustainable ဆိုတဲ့ ကိစ္စက ရေရှည်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ အာမခံချက်ရှိသလဲဆိုတဲ့ ကိစ္စ။ တစ်ခါတလေ ကျွန်တော် တို့ ဟိုတယ်တစ်ခု ဆောက်မယ်၊ ဆောက်တာကို ပြန်တွက်လို့ရှိရင် ဒီအခန်းတွေ အကုန်လုံးရဲ့ ဘယ်လောက်ရာခိုင်နှုန်းပြည့်တယ်ဆိုလို့ ရှိရင် ဘယ်လောက်ပြန်ရမယ်သာ ပြောတာ။

ဒါပေမယ့်အခြေအနေတွေ အပြောင်းအလဲတွေပေါ်မှာ အဲဒီအခန်းတွေ ပြန်မရရင် ဘာဖြစ်မှာလဲဆိုတဲ့ ကိစ္စမျိုးတွေက အမြဲတမ်း risk တွေက ရှိနေတာ။ ဒါကြီးက တချက်ခြင်း ပြီးသွားမှာ မဟုတ်တဲ့ ကြားထဲမှာ ဒီအတောအတွင်းကြားထဲမှာ ဟိုဘက်က လာတဲ့သူတွေရဲ့ အာမခံချက်၊ ယုံကြည်မှုရ အောင်ဆိုတဲ့ ကိစ္စတွေရှိမယ်။ နောက်တစ်ချက်က နိုင်ငံခြားက ပိုက်ဆံတွေ ကျွန်တော်တို့ ဒီကို ဝင်လာတဲ့ ကိစ္စတွေမှာ ပြဿနာက ဘာလဲဆိုတော့ တော်တော်များများလည်း သိပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ procedure နဲ့ လုပ်ထုံးလုပ်နည်းတွေက တော်တော်လေးခက်ခဲပြီး ရှုပ်ထွေးတယ်။ အဲဒီဟာတွေကြားထဲမှာ သူတို့က စိတ်ပါပြီးတော့ marketing လုပ်လိုက်တဲ့ စားပွဲပေါ်မှာတော့ ချမယ်လို့ ပြောပြီးတော့မှ တကယ်လာကြည့်ပြီးတော့မှ ကျွန်တော်တို့ အဖွဲ့တွေကြောင့်မို့လို့ လန်သွား တာမျိုး မဖြစ်ဖို့မှာ ကျွန်တော်တို့မှာ အဲဒီကိစ္စတွေ အတွက်ကလည်း ကျွန်တော်တို့ကလည်း risk တစ်ခုရှိတယ်လို့ မြင်တယ်။ အဲဒီဟာတွေကို ကျွန်တော်တို့က အပြစ်ပြောတာထက်စာရင် ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ဟာတွေ၊ ဒီ challenge တွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ ဒီစိန်ခေါ်မှုတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ အနေအထားတွေက ပိုက်ဆံထည့်လိုက်တဲ့သူဆိုရင်တော့ တွက်ရ ချက် ရတာ ရှင်းတယ်။

ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ခါတည်း ပါတဲ့သူတွေအတွက်ကတော့ ကိုယ်ကတော့ လူကြီးအနေနဲ့ ကတိပေးထားတယ်။ အဲဒီကတိက ကိုယ့်ကြောင့် မဟုတ်ဘဲနဲ့ မတည်သလိုဖြစ်ခဲ့တာမျိုး ဖြစ်လို့ လန်သွားရင်ဆိုတဲ့ ပြဿနာက ကျွန်တော်တို့ရှေ့က အကြီးကြီးရှိနေတယ်။ ပိုက်ဆံကလည်းများတယ်။ လာတဲ့သူတွေကလည်း သူတို့ percentage နဲ့သူတို့ တွက်ပြီးမှ လာကြမှာ။ လာကြပြီးမှ တကယ်တန်း ဒီရောက်တော့မှ စိတ်လည်း ဝင်စားတယ်။ လုပ်လည်း လုပ်တယ်။ လုပ်ရင်းနဲ့မှ ၆ လ တစ်နှစ်လောက်မှ သူတို့ ကြုံတွေ့ရမယ့်ဟာတွေက၊ ကျွန်တော်တို့ကလည်း အဲဒီဟာတွေက ကျွန်တော်တို့ စီးပွားရေးလုပ်ငန်း လုပ်တဲ့ ခေတ်တုန်းက အဲလိုဟာမျိုးကြီးတွေ ဖြတ်ခဲ့ရတာဆိုတော့ ဒီ ဗျူရိုကရေစီ delay တွေလည်း ဖြစ်ချင်ဖြစ်မယ်။ တခြား မပြတ်သားတဲ့ ဟာတွေလည်း ဖြစ်ချင်ဖြစ်မယ်။ နောက် ကျွန်တော်တို့နိုင်ငံရဲ့ political climate ကလည်း သိပ်ပြီးတော့လည်း မသေချာဘူး။ မသေချာဘူးဆိုတာကလည်း decision making တွေ, law တွေကလည်း အမြဲတမ်း ပြောင်းနေတတ်တဲ့ ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေပေါ်မှာကော financing နဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ ကျွန်တော်တော့ သေသေချာချာလေး ပြင်ဆင်ထားဖြစ်ဖို့ တော့ ပိုလိုမယ်လို့တော့ ကျွန်တော်တို့ စိတ်ထဲမှာ ခံစားမိတာပါ။

ဦးအောင်ချစ်ခင်

ဆရာ ဆွေးနွေးပေးပါဦး။

ဦးခိုင်ဝင်း

ကျွန်တော်ကတော့ debt financing ၊ equity financing ဆိုတာထက် ခုနက အန်ကယ်လည်း ပြောသွားတဲ့ တကယ်တော့ အန်ကယ်တို့ လုပ်မယ့်ပုံစံက တော်တော်လေး ဘာနဲ့တူလည်း ဆိုတော့၊ ကျွန်တော်ဖတ်ဘူးတဲ့ Columbo Port City နဲ့ တော်တော်လေးကို တူတယ်။ လုပ်မယ့် ကုမ္ပဏီက လည်း ခု လောလောဆယ် လုပ်နေတဲ့ CCCC ကလည်း အဲဒီ port city ကို အကောင်အထည်ဖော်ခဲ့တဲ့ ဟာပေါ့။ တကယ်တော့ ဘာလုပ်မှာလည်း ဆိုတော့ BOT နဲ့ လုပ်မှာပေါ့။ PPP (Private People Partnership) လို့လည်း ခေါ်လို့ရတယ်။ တချို့မြေတွေကို သူတို့ကို ဘာလုပ်ရမလဲဆိုတော့ lease လုပ်ရမယ်ပေါ့။ long term lease လုပ်ရမယ် ပေးရမယ်ပေါ့။ အဲဒီနေရာမှာ ကျွန်တော်က တစ်ခုပဲ သိချင်တဲ့ဟာလေးတွေ၊ စိုးရိမ်တဲ့ဟာလေးလည်း ရှိတယ်ပေါ့။ ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေကနိုင်ငံခြားသားက မြေပိုင်လို့ မရဘူး။ နှစ် ၇၀ လောက်ပဲ။ MIC က ချမှတ်ထားတာတော့ ၅၀ ဆိုင်းငံ့ကာလနဲ့ ဆိုရင် ၇၀ ပဲ ဟိုဟာဖြစ်မယ်။ အဲဒီတော့ သူတို့က တချို့နေရာတွေမှာ နှစ် ၃၀ နဲ့ အခု ရေတို့၊ utility ကတော့ ဖြစ်နိုင်တယ်။ utility တွေကတော့ BOT နဲ့ လုပ်မယ်ဆိုရင် နှစ် ၂၀၊ ၃၀ နဲ့ သူတို့ကနေ NYDC ကို ပြန်ပြီးတော့ build – operate – transfer လုပ်သွားမယ်ပေါ့နော်။

ဒါမှမဟုတ် residential ပါ ပါရမယ်။ ဒီ CCCC ကလည်း သူ့အတွက် အကျိုးအမြတ်က ဒီနေရာတွေမှာပဲရနိုင်တယ်ပေါ့နော်။ အဲဒီ residential ပါလို့ရှိရင် အဲဒိ ပြဿနာတစ်ခုကတော့ ဘယ်လိုမျိုး ဥပဒေပြန်လုပ်ရမလဲပေါ့။ များသောအားဖြင့် အခု ကျွန်တော်တို့ကြားနေရတာက Golden City မှာတောင်မှ ပြဿနာတက်နေကြတယ်။ တော်တန်ရုံတောင် မဝယ်ရဲကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အပိုင်မရဘူး၊ ဒီငှားတဲ့ဟာတွေက နှစ် ၇၀၊ ၇၈ နှစ်ပေါ့။ ခု စင်ကာပူမှာလည်း HDP တွေလည်း ဖြစ်နေပြီ။

သက်တမ်းက တဖြည်းဖြည်း နှစ် ၉၀ ကနေ တဖြည်းဖြည်းလျော့လာတဲ့အခါ နှစ် ၄၀ လောက် ၅၀ လောက် ကျသွားတဲ့အခါမှာ တန်ဖိုးက ကျလာတဲ့ ဟာပေါ့နော်။ အဲဒီတော့ ဆက်စပ်ပြီးတော့ BOT မှာလည်း၊ PPP မှာလည်း ဘာကို ကျွန်တော်တို့ စိုးရိမ်တာရှိလဲဆိုတော့ ဟုတ်တယ် အစိုးရကလည်း off budget ဘတ်ဂျက်ပိုက်ဆံလည်း ဘာမှ ပေးစရာမလိုဘူး။ သူတို့ကို BOT စနစ်နဲ့သွားမယ်။ သို့သော် ငြားလည်းပဲခုနက တံတားပဲဆောက်ဆောက်၊ water utility ပဲဖြစ်ဖြစ်၊ လျှပ်စစ်ပဲဖြစ်ဖြစ် ဘာဖြစ်လာနိုင်လဲဆိုတော့ အဲဒီပုံစံနဲ့သွားတဲ့အခါမှာ လောလောဆယ်မှာ return က မသေချာဘူး။ demand guarantee ၊ revenue guarantee က ဘယ်သူကပေးမှာလဲ။ သူတို့ဘာသာ သူတို့ လုံးဝ private ကို risk တွေ အကုန်လုံးကို ခုနက ကိုရဲမြတ်သူတို့ ပြောသွားတဲ့ risk တွေ အားလုံးကို transfer လုပ်မှာလား။ investor က ရှုံးရင်လည်း ငါတို့ရှုံးဆိုပြီးတော့ ယူမှာလား။

အဲဒီကျတော့ ဘာဖြစ်လာလဲဆိုတော့ အစိုးရပါလာပြီ။ အစိုးရက ဒီ demand ကို guarantee ပေးမယ်။ ဒီလောက်သုံးပါ့မယ်။ အိမ်ထောင်စုပေါင်း ဘယ်လောက်က သုံးပါ့မယ်၊ စက်ရုံပေါင်း ဘယ်လောက်က ဘယ်လောက်ယူနစ်ကို၊ ဘယ်လောက် ကီလိုဝပ်ကို နေ့စဉ် သုံးပါ့မယ်၊ သေချာပါ တယ်၊ သူတို့မသုံးလို့ရှိရင် ငါတို့ကနေ စိုက်ပြီးတော့ ပိုက်ဆံပေးပါ့မယ်ဆိုတဲ့ guarantee ကို ကျွန်တော်က အစိုးရိမ်ဆုံးပဲ။ အဲဒီ guarantee ပေးရလို့ တကယ်လို့ မဖြစ်လာဘူးဆိုရင် အဲဒီ guarantee က အစိုးရကနေပြီး private က အဲဒီ risk ကို တခါ public ကို transfer လုပ်သွားမယ်။ အဲဒီတော့ ခုတော့ အန်ကယ်က ပြောထားပါတယ်။ ဒါကြီးက ဟိုဟာမဖြစ်သေးဘူး။ အန်ကယ်တို့ public ကို တင်မယ်။ စာချုပ်တွေ ဘာတွေ construction စာချုပ်ချုပ်ပြီဆိုလို့ရှိရင် တင်မယ်လို့ ပြောတယ်ပေါ့နော်။ အဲဒီ guarantee တွေကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ risk တွေကို ဘယ်လို allocate လုပ်မလဲ။ ဘယ်လို manage လုပ်မလဲဆိုတဲ့ဟာကတော့ တကယ်ကို စိတ်ဝင်စားပါတယ်။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်။ အန်ကယ်က ရှင်းပြပေးပါဦး။

ဦးသိမ်းဝေ@Serge Pun

ပြောတာ ကောင်းပါတယ်။ ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဟိုဟာပေါ့နော်…
၁။ ခုနကပြောတဲ့ risk အဲဒီဟာက ကျွန်တော့်အတွက်က အရေးအကြီးဆုံးပဲ။ ကျွန်တော်အခု ဆောင်းလိုက်တဲ့ ဦးထုပ်က NYDC ရဲ့ ဦးထုပ်။ ကျွန်တော့ရဲ့ ဒီ boss က ရန်ကုန်တိုင်း အစိုးရ။ ကျွန်တော့်ရဲ့ ultimate boss ကတော့ ပြည်သူလူထု။ ဒီ risk ရဲ့ assessment ဘာ တာဝန်ယူရမလဲ ဆိုတောက ကျွန်တော့ခေါင်းထဲမှာ အလေးဆုံးပဲ။ micro ပြောလို့ရှိရင် ခုနက ပြောတဲ့ဟာ။ အစိုးရက guarantee ပေးရမလား။ မီး မသုံးလို့ရှိရင် အစိုးရက စိုက်ပေးရမလား။ အဲဒါတွေကို ကျွန်တော် တစ်ခွန်းတည်းပဲ ပြောလို့ရတယ်။ မရှိဘူး။ ပေးလည်း ပေးမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတေ့ာ ခင်ဗျားရဲ့ risk ကို ကျွန်တော့ဆီ မရွှေ့နဲ့လေ။

ခင်ဗျား risk ယူ။ ခင်ဗျား ရသင့်ရထိုက်တဲ့ return ကို ကျွန်တော်ကာကွယ်ပေးမယ်။ risk က ခင်ဗျားဟာ။ အဲဒီဟာကို ရှင်းရမှာ။ အဲဒီလိုမှ မဟုတ်ရင် အောင်မြင်ရင် ခင်ဗျားဟာ၊ မအောင်မြင်ရင် ကျွန်တော့်ဆီပြန်ပို့တယ်ဆိုတော့ ကျွန်တော် ဘာလုပ်မလဲ အရူးပဲ ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား။ ဆိုတော့ အဲဒီဟာက ပထမ တစ်ချက်။

ဒုတိယတစ်ချက်က ခုနကပြောတဲ့ BOT လား။ တကယ်တမ်းပြောရရင် ကျွန်တော်တို့လုပ်တဲ့ PPP က BOT မဟုတ်ဘူး။ BOT က Build operate and Transfer ဆိုတော့ သူ့အနေနဲ့က တစ်မျိုးပေါ့နော်။ ဒါလည်း လုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ သို့သော် ကျွန်တော်တို့ဆီမှာ တကယ်တော့ BOT မဟုတ်ဘူး။ Columbo port ကိုလည်း ကျွန်တော်နည်းနည်းဖြေကြည့် မယ်။ ခင်ဗျားသိတဲ့ Columbo port က ခင်ဗျားပြောတာ နည်းနည်းလွဲနေတယ်။ ဘာလဲဆိုတော့ Columbo port က ၂ ခုရှိတယ်။ တစ်ခုက ပြဿနာထွက်တယ်။ ပြဿနာထွက်ပြီးတေ့ာ အသိမ်းခံလိုက်ရတယ်။ တရုတ်ပြည် ကော်မတီက သိမ်းလိုက်တယ်။ အဲဒီ ပြဿနာထွက်တဲ့၊ အသိမ်းခံရတဲ့ port က ပိုက်ဆံချေးပြီးတော့ လုပ်တဲ့ port ။

သူက ပိုက်ဆံချေးမယ်၊ ငါပိုင်ချင်တယ်၊ မင်းလာဆောက်ပေး၊ ငါပိုက်ဆံချေးပြီး မင်းဆောက်။ ပိုက်ဆံ ပြန်မဆပ်နိုင်တော့ လာသိမ်းတယ်။ အဲဒီဟာက ကျွန်တော်တို့ မဖြစ်စေရဘူး။ ကျွန်တော် ပိုက်ဆံ တော့ မချေးဘူး။ တကယ်ပြောလို့ရှိရင် ကျွန်တော်နည်းနည်းစောတင်ပြတဲ့ သဘောပဲထားလိုက်။ ဒါပေမယ့် ဒါကို ကျွန်တော့ကို အချိန်ရောက်လို့ရှိရင်လည်ပင်းညှစ်ပြီး မင်းဟိုနေ့က ဒါပြောထား တယ်။ ဒီအတိုင်းမဟုတ်ဘူးလားဆိုပြီးတော့ အပြစ်တော့ မတင်နဲ့နော်။ ကျွန်တော်အခု နည်းနည်း တော့ စောပြောလို့ ရတယ်။ ကျွန်တော်တို့ CCCC နဲ့ လုပ်တဲ့ပုံ။ ဒါခင်ဗျားလည်း အချိန်ရှိအောင် ဒါမျှတလား မမျှတလား။

ကျွန်တော်တို့ဘက်က ဘာထုတ်မလဲ။ သူဘာလိုလဲ။ သူမြေလိုတယ်။ တံတားဆောက်ရင် တံတား ဆင်းတဲ့ မြေလိုတယ်။ လမ်းဆောက်ရင် လမ်းအတွက် မြေလိုတယ်။ ပြီးရင် ရေလုပ်မယ်ဆိုရင် ရေ စက်ရုံအတွက် မြေလိုတယ်။ မီးစက်ရုံ မြေလိုတယ်။ ရေဆိုးစက်ရုံအတွက် မြေလိုတယ်။ အဲဒီမြေက NYDC ထုတ်မယ်။ ဘာနှုန်းလဲ၊ သီလဝါနှုန်းနဲ့ အတူတူပဲ။ သီလဝါကိုပေးတဲ့နှုန်း၊ အစိုးရက သီလဝါ joint venture ကို ပေးတဲ့နှုန်းနဲ့ အတူတူပဲ။ ဆိုတော့ မလျှော့ဘူး။ ကဲ ဧက အကုန်လုံးစုစုပေါင်း ဒီလောက်က ကျွန်တော်ထုတ်မယ်။ အဲဒီလုပ်ငန်းတွေ six work streams ကို လုပ်ဖို့က ငွေက အကုန်လုံး ခင်ဗျား ထုတ်။

ဆိုလို့ရှိရင် ကျွန်တော်ထုတ်တဲ့မြေကို တွက်လိုက်လို့ရှိရင်၊ ဥပမာ လုပ်ငန်းတစ်ခုလုံးက ၁၀၀ လိုတယ်၊ ကျွန်တော်ထုတ်တဲ့မြေ တွက်လိုက်တော့ ဘယ်နှဧကရှိတယ်၊ ဒီနှုန်းနဲ့ ထည့်လိုက်တဲ့ အချိန်မှာ ကျွန်တော်ထည့်တာ ၁၅ ကျပ်ပဲရှိတယ်၊ ၈၅ ကျပ်က ခင်ဗျားထည့်ရမှာ။ အဲဒီ ၈၅ ကျပ်ရှိမှလည်း အလုပ်ကပြီးမှာ၊ အလုပ်က ၁၀၀ လိုတယ်။ ဒါပေမယ့် ဒါက ခင်ဗျားကိုလည်း မြေပေးတာ မဟုတ်ဘူး၊ မြေရောင်း တာလည်း မဟုတ်ဘူး၊ သီလဝါလိုပဲ ကျွန်တော်တို့ NYDC ရန်ကုန်တိုင်းအစိုးရရဲ့ equity ။ အဲဒီလိုဆိုလို့ရှိရင် ကျွန်တော့် Equity က ၁၅ ရာခိုင်နှုန်းပဲဖြစ်ရမှာ။ သို့မဟုတ်ရင်လည်း တကယ် ပြောရရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်ရင်ဖြစ်မယ်။ 5 dollar 1 square meter နဲ့တွက်ရင် 10 % တောင်မဖြစ်ဘူး။ ၁၀ ကျပ်ပဲဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်က ပြောတယ်။ နည်းတယ်ကွာ ငါတို့အစိုးရက။ ငါ ဒီ JV လုပ်မယ်။ ၂၅ ရာခိုင်နှုန်း ငါလိုချင်တယ်။ ၂၅ ရာခိုင်နှုန်းဆို ကျွန်တော်က ၂၅ ကျပ်ထုတ်ရမှာ။ ကျွန်တော့်မှာ မရှိဘူး။ ကျွန်တော့်မှာရှိတဲ့မြေက ၁၀ ပဲတန်တယ်။ အဲဒါ အကုန်လုံးထုတ်ရမှာ။ ၉၀ ခင်ဗျားထုတ်။ ဒါပေမယ့် ကျွန်တော် ၂၅ ရာခိုင်နှုန်းပိုင်မယ်။ မျှတလား၊ မမျှတဘူး။ ဘယ်လိုမျှတအောင် ပြန်လုပ်မလဲ။

ခင်ဗျား ၉၀ ထုတ်။ ခင်ဗျား ၉၀ ကို ကျွန်တော် ၁၃% နှုန်း rate of return အာမခံမယ်။ ဒီမှာ လုပ်ငန်း ၆ ခုရှိတယ်။ ၃ ခုက ပိုက်ဆံရှာလို့ရတယ်။ ၃ ခုက ပိုက်ဆံရှာလို့ မရဘူး။ အလကားလုပ်ပေးရမှာ။ ပိုက်ဆံရှာတဲ့ ငွေတွေဝင်လာတယ်။ ၁ ကျပ်ကို ခင်ဗျားက ၉၅ ပြား အရင်ယူ။ ကျွန်တော်က ၅ ပြားပဲယူမယ်။ ကျွန်တော် ၂၅ ရာခိုင်နှုန်းပိုင်ပေမယ့် ၅ ပြားပဲယူမယ်။ ဘယ်အချိန်ထိလဲ၊ ခင်ဗျားရဲ့ ၉၀ ထည့်ထားတာ ပြည့်ပြည့်စုံစုံ profit လည်းရပြီ၊ အရင်းလည်း ပြန်လာပြီ။ ကျွန်တော်ထည့်ထားတဲ့ ၁၀ ကတော့ အစောကြီးကတည်းက ပြန်လာပြီ ဒီ ၅ ပြားနဲ့။ ဘာလဲဆိုတော့ ကျွန်တော်က ၁၀ ပုံ
၁ ပုံပဲ ရှိတာကိုနော်။ အစောကြီးကတည်းက ပြန်လာပြီ။ ခင်ဗျားပိုက်ဆံ အကုန် ပြန်ရတဲ့အချိန်မှာ ပြန်ရတဲ့နေ့ကစပြီးတော့ ၇၅/၂၅ ပြန်ဝေမယ်။ ဒီသက်တမ်းက ခင်ဗျားနဲ့ ကျွန်တော် တစ်သက် လုံး ပိုင်သွားမှာ ဒီလုပ်ငန်း။ ခင်ဗျားကို အလကားပေးတာလည်း မဟုတ်ဘူး။ BOT တွေလည်း စဉ်းစားဖို့ မလိုဘူး။

အဲဒီလို ကျွန်တော် တစ်ပြားမှ မထည့်ဘဲနဲ့ ကျွန်တော် ၂၅ ရာခိုင်နှုန်းပိုင်မယ်။ သူ့အနေနဲ့ပိုင်ဆိုင်မှု က ၇၅ ဖြစ်သော်လည်း သူ့ရဲ့ စီးပွားရေး ငွေရေးကြေးရေး ပြန်လည်မှုဟာ မျှတတယ်။ လက်ခံလား။ အခုတော့ အဲဒီမူနဲ့ ကျွန်တော်တို့သွားနေတာ။ နောက်ဆုံးဘာဖြစ်မလဲဆိုတာ ခင်ဗျားနောက် ၆ ပတ်လောက် စောင့်ရဦးမယ်။ ဒါပေမယ့် မူကတော့ ဒီမူပဲ။ ဆိုတော့ ခင်ဗျားမေးတဲ့ မေးခွန်းတွေ ကျွန်တော်ဖြေခဲ့လား မသိဘူးနော်။ ဒါပေမယ့် တော်တော်များများကတော့ ဒီ element ထဲမှာ ပါသွားမယ်။ ဒီ risk တွေကို ဘယ်လိုယူရမလဲ။ ဘယ်သူ့ရဲ့ risk လဲဆိုတော့ ဒါမျိုးတွေပေါ့။

ဦးအောင်ချစ်ခင်

ဒီအပိုင်းကတော့ ကျွန်တော်တို့ Q and A စလို့ရပါပြီ။ တစ်ချို့နောက်မှာ နောက်ပိုင်းက စောင့်နေတဲ့ သူတွေရှိပါတယ်။ အခု အန်ကယ်တို့ဆွေးနွေးတဲ့အတိုင်းပဲ ဒီဟာတွေကလည်း နောက်လည်း ထပ်လုပ်ဦးမှာဆိုတော့ တချို့အပိုင်းတွေက ထပ်ပြီး analysis တွေ ထွက်လာမှပဲ ဆွေးနွေးလို့ရမယ့် ဟာတွေ ရှိပါသေးတယ်။

ဦးဝင်းမြတ်အောင်(တက်ရောက်သူ)

မင်္ဂလာပါ အန်ကယ်ဆာ့ချ်ပန်း။ ကျွန်တော်က ဝင်းမြင့်အောင်ပါ။ RIT ဆင်း မြို့ပြအင်ဂျင်နီယာ တစ်ယောက်ပါ။ ကျွန်တော်မေးချင်တာက စောစောက CCCC နဲ့ပတ်သက်တဲ့ ကိစ္စပါ။ သူက feasibility study လုပ်မယ်၊ design လုပ်မယ် ပြီးတဲ့အခါကျမှ construction ဘက်မှာလည်း tender ဝင်တင်မယ်လို့ ပြောတယ်ခင်ဗျ။ ကျွန်တော်သိသလောက်၊ အတွေ့အကြုံရှိသလောက် ကတော့ ဒီဇိုင်းလုပ်တဲ့သူဆိုတာက ဒီ field တစ်ခုလုံး၊ ဒီ projects တစ်ခုလုံးရဲ့ detail information အကုန်လုံးကို အရင်ဆုံးရတဲ့သူ၊ မပေးလို့လည်း မဖြစ်ဘူး။ သူက အကုန်လုံးကို နှိုက်ချွတ်ယူသွားပြီးပြီ။ သူတကယ် design လုပ်တဲ့အချိန်ကျရင် သူက ကျွန်တော်တို့ Government ထက်ကော၊ တစ်နိုင်ငံလုံးထက်ကော ဒီဒေသရဲ့ ဒီအခြေအနေအားလုံးရဲ့ information ကို အားလုံးထက် ပိုသိသွားပြီ။ သူ့ထက် ပိုသိတဲ့သူ မရှိနိုင်တော့ဘူး။ အဲဒီတော့ Information တွေကို ကျွန်တော်တို့ ကို ပြန်ပေးတဲ့အခါကျရင် ကျွန်တော်သာဆိုရင်၊ ကျွန်တော်သာ CCCC ဆိုရင် ကျွန်တော်က 5% လောက်တော့ ချန်ထားမှာ။ ကျွန်တော့်အတွက် ဝှက်ဖဲလေး။ contract မှာ ကျွန်တော်ပါသွားပြီ။ construction လုပ်တဲ့အချိန်မှာ ကျွန်တော်က tender ဝင်တင်မှာကိုး။ အဲဒီတော့ အဲဒီလို အခြေအနေတွေမျိုးတွေဖြစ်နိုင်တဲ့ အတွက် ကြောင့်မို့လို့ ကျွန်တော်က ဒီဟာကို ဒီလို သူက design လည်းလုပ်တယ်၊ construction မှာလည်း tender ဝင်တင်တာကိုလည်း မဖြစ်သင့်ဘူးလို့ ယူဆတယ် ခင်ဗျ။

ကျွန်တော်မြင်တာက design ကိုလည်း နဂိုကတည်းက ၂ ခုဆို ၂ ခု၊ ၂ ဖွဲ့။ အဲဒီထဲက ပြန်ရွေးမယ်။ ပြီးတော့မှ သူ့ကို design ရော construction ရော သူ့ကိုရောပြီးတော့ construction မှာ tender တင်ခွင့်ပေးမယ်။ အဲဒီလို လုပ်ချင်လုပ်။ ဒါမှ မဟုတ်ဘူးဆိုရင် design ၂ ဖွဲ့ရွေး။ အဲဒီထဲ က design တစ်ဖွဲ့ကို၊ ၂ ခုထဲက ၁ ခုကိုရွေးမယ်။ သူသည် နဂိုကတည်းက သူ့ကို information ပေးထားပြီးသား။ construction ထဲမှာ မင်းဝင်မတင်ရဘူး။ မင်းနဲ့ လုံးဝကို မပတ်သက်တော့ဘူး။ ဒီလိုဖြစ်စေ ချင်ပါတယ်။ တစ်ခုလေး ထပ်ပြောချင်တာက သူက design မှာ သူဝင်လိုက်ပြီ ဆိုပြီးတော့ သူ construction မှာ ဆက်ပြီးတော့ tender တင်လို့ရမယ်လို့ သူသိထားခဲ့ရင် design မှာ ထဲကတည်းက သူ့အတွက် သူ့မှာရှိတဲ့ resource နဲ့သူ တန်အောင် လုပ်တော့မှာ ခင်ဗျ။ အဲဒါက ကျွန်တော်ရဲ့ ပထမဆုံး မေးခွန်း။ ကျွန်တော်ခုနက ပြောသလို design ၂ ယောက်၊ ပြီးရင် design ၁ ခုရွေးမယ်။ ပြီးရင် construction ကို ဆက်သွားမယ်။ ဒီလို လုပ်လို့မရဘူးလား။ ဒါက မေးခွန်း နံပါတ် ၁ ပါခင်ဗျ။

မေးခွန်း နံပါတ် ၂ က ဒီမြို့သစ်ကိစ္စကို ကျွန်တော်တို့ တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင် ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ သဘောတူပါတယ်။ ဒါပေမယ့် ဒီအခြေအနေအရဆိုရင် ဒီအလုပ်မှာ contracting quiz က အရေးအကြီးဆုံးပဲ။ ဒါအရေးအကြီးဆုံး ဖြစ်နေပါတယ်။ ဒီ contracting quiz နဲ့ပတ်သက်လို့ ခု ကျွန်တော်တို့ Board of Director တွေထဲမှာ အခု ကြားသလောက်ဆိုရင် အကျွမ်းကျင်ဆုံးက အန်ကယ် ဆာ့ချ်ပန်းပဲဖြစ်မယ်။ နောက်တစ်ယောက်က Mr. George Yeo ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေက သူတို့နဲ့ သက်ဆိုင်တဲ့ ပညာရပ်မှာ ကျွမ်းကျင်ပေမယ့်၊ ဒီဘက်မှာ မကျွမ်းကျင်ဘူး။ အဲဒီတော့ key က contracting quiz တကယ်နားလည်တဲ့သူက အန်ကယ် ဆာ့ချ်ပန်း၊ Mr. George Yeo ။ Project Completion ကိုလည်း define လုပ်မှာက အန်ကယ် ဆာ့ချ်ပန်း၊ Mr. George Yeo လို့ ပြောလို့ရတယ်ပေါ့လေ၊ ဒီလူတွေ လက်ထဲမှာပဲရှိတယ်။ အန်ကယ် ဆာ့ချ်ပန်းကတော့ ကျွန်တော်တို့နဲ့ အတူတူ တစ်မြေထဲ နေတယ်၊ တစ်ရေထဲသောက်လာတယ်၊ ကြာလှပြီ၊ ယုံကြည်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒုတိယ မေးခွန်းက George Yeo ကို ကျွန်တော်တို့ ယုံကြည်လို့ရမလား။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဦးအောင်ချစ်ခင်

ဟုတ်ကဲ့ ကျေးဇူးပါ။ အန်ကယ်တစ်ခါတည်း ဖြေမလား။

ဦးသိမ်းဝေ@Serge Pun

တစ်ခါတည်းဖြေလိုက်ရင် ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မေ့သွားမှာ စိုးရိမ်လို့ပါ။ ခင်ဗျားပြောတာ မမှားဘူးနော်။ ဒါက လုပ်ထုံးလုပ်နည်းတစ်မျိုးပေါ့နော်။ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းကိုပဲ ကျွန်တော်ပြောပြမယ်။ ဒါကို ခင်ဗျားအနေနဲ့ လက်ခံနိုင်မလား သို့မဟုတ် အများကြီး လွဲနေမလားဆိုတာ ယှဉ်လို့ရတယ်ပေါ့နော်။ ကျွန်တော်တို့ လုပ်တဲ့ပုံကတော့ ဘယ်လိုလဲဆိုတော့ ဥပမာ တံတားပဲပြောပါ။ တံတားက အလွယ်ဆုံးပဲ။ တံတားကို ခွင့်ပြုဖို့က NYDC လည်း မရှိဘူး၊ ရန်ကုန်တိုင်း ဒေသလည်း မရှိဘူး၊ YCDC လည်း မရှိဘူး။ တံတားကို ခွင့်ပြုဖို့ အာဏာသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ။ အဲဒီတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနအဖွဲ့နဲ့ ပညာရှင်တွေနဲ့ YCDC ရဲ့ ပညာရှင်တွေနဲ့ တံတားလုပ်ငန်း၊ သက်ဆိုင်ရာဌာန၊ ကျွန်တော်တို့ရဲ့ ပညာရှင်တွေနဲ့ NYDC ရဲ့ တာဝန်ယူသူတွေနဲ့ ပေါင်းပြီးတော့ ကော်မတီတစ်ခုရှိတယ်။ ဒါက NYDC ဘက်မှာ ဟိုဘက်က CCCC က ဒီဇိုင်းထုတ်တယ်၊ proposal တင်တယ်၊ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့ကနေ ဥပဒေနဲ့ကိုက်ညီလား မကိုက်ညီဘူးလား၊ ပေးနိုင်လား မပေးနိုင်လား၊ ဒါကျွန်တော်တို့ ဆုံးဖြတ်ရမှာ။

ဒိအပြင် cost နဲ့ ပတ်သက်လို့ သူက ဒီလောက် ကျမယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့က သက်သက် ဒီ independent quantity surveyor ခန့်ထားတယ်။ အဲဒီ independent quantity surveyor သည် နိုင်ငံတကာ international global farm ဖြစ်ရမယ်။ သူက လာပြီးတော့ စစ်ဆေးရမှာ။ သူရဲ့ BQ တွေ မှန်လား မမှန်လား။ နှုန်းတွေ မျှတလား မမျှတလား၊ အကုန်လုံးသူက စစ်ဆေးပြီးတော့ opinion ထုတ်ရမှာ။ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က negotiation လုပ်ရမှာ။ ဒါကြောင့် CCCC လည်း နားလည်တယ်။ သူကြိုက်သလို လျှောက်တင်လို့ မရဘူး။ ကျွန်တော်တို့ စစ်ဆေးတာ အဲဒီအဆင့်နဲ့ သွားမှာ။ ကျွန်တော်တို့ လက်ခံပြီ၊ သူလည်း လက်ခံပြီဆို လို့ရှိရင် ဒါ We have a Deal ။ မဟုတ်လို့ရှိရင် We don’t have a Deal ။ PPT Document က Swiss Challenge သွားဖို့ကိုတောင် မလုံလောက်ဘူး။ အဲဒီဟာပဲ။ ဒါ ကျွန်တော်တို့ လုပ်နေတဲ့ နည်း။

ဒုတိယမေးခွန်းကတော့ ကျွန်တော်နည်းနည်းအံ့သြပါတယ်။ Mr. George Yeo ကို ယုံနိုင်လား မယုံ နိုင်ဘူးလား၊ ဒီမေးခွန်းက နည်းနည်းခက်တယ်ဗျ ကျွန်တော်ပြောရမှာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တစ်ခုပဲ ပြောနိုင်တာ ကျွန်တော်ဝန်ကြီးချုပ်ကို ဒီ NYDC ထောင်လို့ရှိရင် independent director နှစ်ဦး၊ မြန်မာဖြစ်ရင်ဖြစ်မယ်၊ နိုင်ငံခြားသား ဖြစ်ရင်ဖြစ်မယ်၊ လက်ခံရမယ်ဆိုတာ အရင်သဘောတူချက် ယူတယ်။ ဝန်ကြီးချုပ်ကလည်း သဘောတူချက်ပေးတယ်။ ဒီအပြင် ကျွန်တော်သိသလောက်သူကလည်း ထပ်ပြီးတော့ မေးရပါသေးတယ်။ ဒါပြဿနာမရှိဘူးလို့ ပြောတယ်။ အဲဒီဟာက ပထမတစ်ခါ ကျွန်တော်တို့နိုင်ငံပိုင်တဲ့ ကုမ္ပဏီထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို director အနေနဲ့ ခန့်တာ ကျွန်တော်သိသလောက်တော့ ဒါ ရှေ့မှာ မရှိဘူး။ အစိုးရပိုင်တဲ့ ကုမ္ပဏီ မပြောနဲ့ ကျွန်တော်တို့ ဗမာပိုင်တဲ့ ကုမ္ပဏီတွေထဲမှာတောင်  င်ငံခြားသား ခန့်တာကို ကန့်ကွက်တဲ့ သူတွေကလည်း ရှိသေးတယ်။

ဥပမာ ဗမာဘဏ်တွေ။ ဗမာဘဏ်တွေကို အုပ်ချုပ်ဖို့ နိုင်ငံခြား CEO မခန့်ရဘူး။ အဲဒီ ဥပဒေက ရှိတယ်။ အဲဒီ ဥပဒေက ကျွန်တော့်အနေနဲ့ လုံးလုံးမှားတဲ့ ဥပဒေ။ ဆိုတော့ ဒီလိုနိုင်ငံခြားသား တစ်ယောက်ခန့်တယ်ဆိုတာ it’s a unique ။ ပထမဆုံး ထွင်ခဲ့တဲ့ အခြေအနေ။ ဒီပုဂ္ဂိုလ် ကျွန်တော် George Yeo နဲ့ သွား စကားပြောပြီးတော့ ဒီတာဝန်ကို ယူပေးမလားဆိုတော့ သူအကြာကြီး စဉ်းစား ရတယ်။ နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်စကားတစ်ခွန်းပြောလိုက်တော့ သူ ချက်ချင်း ဒါဆိုရင် ကျွန်တော်လုပ်ပေးမယ်။ ကျွန်တော် ဘာပြောလိုက်သလဲဆိုတော့ ကျွန်တော့်အနေနဲ့ ကျွန်တော် ၅ နှစ်လုပ်ပေးမယ်။ ကျွန်တော် NYDC ကို ၅ နှစ် အလုပ် လုပ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ အဲဒီ ၅ နှစ်မှာ ကျွန်တော့ကို လခ မပေးပါနဲ့။ ကျွန်တော်လခ မယူဘူး။

လခ ယူလို့ရှိရင် ကျွန်တော်ဝန်လေးတယ်။ ရချင်သလောက်လည်း ခင်ဗျားပေးမှာ မဟုတ်ဘူး။ ပေး သလောက်လည်း ကျွန်တော်မလိုချင်ဘူးဆိုတော့ မယူတာ အကောင်းဆုံးပဲ။ တတိယတစ်ချက်က ကျွန်တော့်အောက်မှာရှိတဲ့ ကော်မတီတွေ တစ်ခုမှ ရန်ကုန်မြို့သစ်မှာ စီးပွားရေး လာမရှာဘူး။ အဲဒီ ဟာ ကျွန်တော် ကတိပေးတယ်။ အဲဒီဟာကို George Yeo ကြားလိုက်တာနဲ့ ဒါဆို ငါလုပ်ပေး မယ်။ George Yeo လို ပုဂ္ဂိုလ်တစ်ယောက်က ရန်ကုန်မြို့သစ် စီမံကိန်းဖွံ့ဖြိုးရေးကော်မတီရဲ့ Independent Director လာလုပ်တယ်ဆိုတာ ငွေဘယ်လောက် ရရ မရရ မလိုတဲ့ အလုပ်ဗျ။ ခေါင်းရှုပ်တဲ့ အလုပ်၊ တာဝန်ယူရမယ့် အလုပ်၊ နာမည်ပျက်မယ့် အလုပ်၊ အပြောခံရမယ့် အလုပ်။

ဗမာပြည်အပေါ်မှာ စေတနာရှိလို့ လာလုပ်ပေးတာ။ ဘာကြောင့်သူ စေတနာရှိလည်းဆိုတာ တကယ်ပြောရရင် ဗမာပြည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးလာပြီ၊ နိုင်ငံခြားသား ဝင်လာနိုင်ပြီ၊ တံခါးဖွင့်ပေးပြီးတဲ့ နောက်ပိုင်းမှာ တောက်လျှောက် စင်ကာပူ ဝန်ကြီးတစ်ပါးအနေနဲ့ ဗမာပြည်နဲ့ ဆက်အသွယ်များစွာရှိလို့ ဗမာပြည်အတွက် သံယောဇဉ်ရှိလို့ သူလုပ်ပေးတာ။ တော်ရုံတန်ရုံလူ က လုပ်ပေးမှာ မဟုတ်ဘူး။ ဒါပါပဲ။ ယုံရလား မယုံရဘူးလားဆိုတော့ ခင်ဗျားသဘောပဲဗျာ။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ဆရာတို့ တစ်ဦးစီကနေပြီးတော့ comment လေးတွေနဲ့ နောက်ဆုံးမေးချင်တာရှိရင် မေးပြီးတော့ ကျွန်တော်တို့ ဒီ section ကို သိမ်းလိုက်ပါတော့မယ် ခင်ဗျာ။ အချိန်လည်း ကုန်နေပြီဆိုတော့။

ဦးဇေယျသူ

ပြောချင်တာ တော်တော်များများတော့ ပြောပြီးသွားပြီ။ အဓိကကတော့ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်မွေး ရန်ကုန်မှာ ကြီးတော့ ဒီစီမံကိန်းကို ဒါလုပ်ဖြစ်မယ်ဆိုရင် ဒါကတော့ အောင်အောင်မြင်မြင်လုပ် စေချင်တယ်။ ဒါကျွန်တော်တို့ရဲ့ back-stage interest ပေါ့နော်။ ဒါလည်း ကျွန်တော်တို့ ဖြစ်နေတယ် ပေါ့နော်။ အဲဒါကတော့ တစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ရေရှည်တည်တံ့အောင် ဘယ်လို သွားမလဲ။ ခုနက အန်ကယ်ဆာ့ချ်က ပြောသွားပါတယ်။ ၅ နှစ်ပဲ လုပ်မယ်ဆိုတော့ နောက်ဆိုရင် ဘယ်လိုများ ဆက်ပြီးတော့ ရှေ့ကို ဘယ်လိုများ သွားမလဲပေါ့နော်။ အဲဒါကလည်း အရေးကြီးပါတယ်။

နောက်တစ်ခုက ဒီနိုင်ငံရေးနဲ့ စီးပွားရေးက မြန်မာပြည်မှာ တော်တော်လေး နီးစပ်ပါတယ်။ နီးစပ်တဲ့ အခါကျတော့ နောက် ၂ နှစ်ဆိုရင် ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲ အခြေအနေဆိုတာ theory အရ ကျွန်တော်တို့ ဘာမှ ပြောလို့မရဘူးပေါ့နော်။ အဲဒီအခါကျတော့ နောက် ဝန်ကြီး တွေ ဘာတွေပြောင်းသွားမယ်ဆိုရင်၊ ဥက္ကဋ္ဌ ရာထူးတို့ ဘာတို့ ပြောင်းသွားမယ်ဆိုရင်၊ အခု လက်ရှိ ဝန်ကြီး တွေလိုမျိုး စတည်ထောင်တဲ့ ဝန်ကြီးတွေလိုမျိုး ပြောရ ဆိုရတာ အဆင်ပြေမလား။ အဲဒီလိုမျိုး ဆိုရင် လုပ်ရကိုင်ရတာ ခက်သွားနိုင်တာမျိုးရှိလားပေါ့။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံရေးဘက်က ရော၊ စီးပွားရေး အနေနဲ့ကရော ကြည့်တာပေါ့နော်။ ဆိုတော့ ကျွန်တော့အနေနဲ့ကတော့ ဒီလောက်ပါပဲ။

ဦးရဲမြတ်သူ

ကျွန်တော့် အနေနဲ့ကတော့ ဒီခေါင်းစဉ်ကိုက စိတ်ဝင်စားဖို့ ကောင်းတာပေါ့နော်။ Town Hall ဆိုတဲ့ ကိစ္စမျိုးလေးကို တော်တော်လေး သဘောကျပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ အစိုးရကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကပဲ ဖြစ်ဖြစ် ဒီလိုမျိုး Town Hall meeting လုပ်ပြီးတော့ ချပြတဲ့ ကိစ္စတို့ public consultancy ကိစ္စတို့ဘာတို့ဆိုတာ ဒါပထမဦးဆုံး အစပြုတာ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒါမျိုးလေးတွေ ကျွန်တော်တို့က ဖြစ်စေချင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော် ကိုယ်တိုင်လည်း နှစ် ၂၀ ကျော်လောက် ပုံမှန် ကုမ္ပဏီလုပ်ပြီးတော့ တချို့ကိစ္စတွေမှာ၊ အစိုးရနဲ့ ပတ်သက်တဲ့ အထဲမှာ နည်းနည်းလေး တာဝန်ယူရတာလေးတွေ ရှိတဲ့အချိန်မှာ ဒီ tender စနစ်တွေရဲ့ အားနည်းချက်၊ နောက် procedure တွေရဲ့ အားနည်းချက် တော်တော်များများတွေ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီးတော့ ခုနကလိုမျိုး solution တွေ အသစ် ထွက်လာတဲ့ကိစ္စတွေကို ကျွန်တော် အများကြီး ကြိုဆိုတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ဒီ auditing စနစ်တွေ ဒီလိုမျိုး tendering စနစ်တွေဟာ နည်းနည်းလေး ကမ္ဘာ့အဆင့်မီပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ တကယ်အလုပ် ဖြစ်တဲ့ နမူနာလေးအနေနဲ့ ဒါကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်ပါတယ်။ တစ်ခုပဲ ကျွန်တော်တို့က ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဒါကြီးဟာ ချက်ချင်းပြီးသွားနိုင်တဲ့ဟာ မဟုတ်တဲ့ အပြင် ခုနင်ကပြောသလို ကျွန်တော်ပြောတဲ့ risk တွေ အများကြီးနဲ့ အလုပ်လုပ်ရတဲ့ အချိန်မှာ ကျွန်တော်တို့က ဒါတွေအားလုံးကို ဘယ်လိုမျိုးပြန်ပြီးတော့ ဝိုင်းဝန်းပြီးတော့ ဒီကောင်ကို ဖြစ်အောင် လုပ်ကြမလဲဆိုတဲ့ အနေအထားမှာတော့ ကျွန်တော်တို့က စိတ်ပူနေတာတွေ တော်တော် များများတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ကိုက အရင်တုန်းက ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးလည်း ခါးခါးသီးသီးခံခဲ့ရပြီး တကယ်ဖြစ်နေတာ ကျွန်တော်တို့ရဲ့ မန္တလေးမြို့မှာ အဲဒါမျိုးတွေအများကြီး။ ပြစရာတွေအများကြီးရှိတယ်။ ကျွန်တော် တို့က နောက်တစ်မျိုးထပ်ပြီး ဖြစ်မှာလည်း စိုးတယ်။

အဲဒီလိုမျိုးတွေ မဖြစ်ဖို့ ကိစ္စက လမ်းပြလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နောက်ထပ် ပြဿနာ အသစ်တစ်ခု ထပ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ မှာ သမိုင်းတစ်ခုဖြစ်သွားလို့ရှိရင်၊ ဒီစနစ်လည်း မကောင်းဘူး ဖြစ်သွားလို့ရှိရင် ကျွန်တော်တို့မှာ စနစ် မကျန်တော့ဘူး ဆိုရင် စိတ်ပူစရာကောင်းတယ်လို့ ဆွေးနွေးပါရစေ ကျေးဇူးပါ။

ဦးခိုင်ဝင်း

ကျွန်တော့်အနေနဲ့တော့ ဒီ NYDC ကော အန်ကယ်ဆာ့ချ်ပန်းကိုရော ကျေးဇူးတင်ပါတယ်။ ခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတဲ့အတွက်။ ကျွန်တော်တို့က public debate တွေ လိုတယ်ပေါ့။ အများ ပြည်သူနဲ့သက်ဆိုင်တဲ့ စီမံကိန်းတွေ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ ကျွန်တော်တို့ ဒီလိုမျိုးအလေ့အထ ဟာ ကောင်းတဲ့ အလေ့အထပါ။ ကျွန်တော် NYDC နဲ့ ပတ်သက်တဲ့ ကျွန်တော်မသိသေးတဲ့ ဟာတွေကိုလည်း ကျွန်တော်အများကြီး ရတယ်ပေါ့နော်။ အဲဒီလိုမျိုးကိုလည်း ရှေ့မှာလည်း အန်ကယ်ကလည်း ကတိပေးထားပါတယ်။ ဆက်ပြီးတော့ contract အဆင့်၊ construction အဆင့်ကို ပြင်ဖို့အတွက် tender ခေါ်တော့မယ်ဆိုရင် ဘာအချက်တွေပါမယ်၊ ဘယ်လိုတွေ လုပ်မယ်ဆိုတဲ့ model တွေပေါ့နော် အဲဒါတွေကို ကျွန်တော်ကြိုဆိုပါတယ်။

တစ်ခုကတော့လည်း အန်ကယ့်ကို ချီးကျူးချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ PPP ဆိုတာ အင်မတန်မှကို ရှုပ်ထွေးပါတယ်။ contract အဆင့်တွေ အင်မတန်မှကို ဖြတ်သန်းရတဲ့ဟာတွေ၊ deal လုပ်ရတဲ့ဟာတွေ အင်မတန်မှကို ပင်ပန်းမှာပါ။ အဲဒါကို ယူရဲတဲ့ သတ္တိကိုလည်း ကျွန်တော်တို့ ချီးကျူးပါတယ်။ ကျွန်တော်တို့ ပေးတဲ့အကြံဉာဏ်တွေကိုလည်း ယူမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအထဲက ပရိသတ်ကကော အားလုံး ကျွန်တော်တို့ ထပ်ပြီးတော့ စဉ်းစားဖို့ပေါ့နော်၊ ကျွန်တော်တို့ အားလုံးမှာ စိုးရိမ်တာကဘာလဲဆိုတော့ လက်ရှိ အစိုးရခေတ်မှာ လှမ်းသမျှ ခြေလှမ်းတိုင်းဟာ ခြေလှမ်းတိုင်းဟာ မှန်စေချင်တယ်။ အားလုံးကို ခိုင်ခိုင်မာမာ ကျွန်တော်တို့ လျှောက်လှမ်းချင်တယ်ပေါ့နော်။ အဲဒါကို ပြောရင်းနဲ့ပဲ ကျွန်တော် နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးအောင်ချစ်ခင်

panelist အကုန်လုံးကို ပြည်သူကိုယ်စားပြုပြီးတော့ ဝိုင်းပြီးဆွေးနွေးပေး၊ မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း နောက်ဆုံးတစ်ခုတော့ မေးချင်ပါတယ်။ အဲဒါက NYDC မှာ ပေါ့နော်။ အပြင်က လူတွေအများကြီး ခန့်ထားတယ်ပေါ့နော်။ အန်ကယ်ကိုယ်တိုင် အပါအဝင်ပေါ့လေ။ ဆိုတော့ အန်ကယ်ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တော့ conflict of interest တွေကို ဘယ်လိုများ ဆောင်ရွက်မလဲပေါ့။ အဲဒီလိုမျိုး စိုးရိမ်တဲ့သူများ ရှိမလား။ ဒါလေးလည်း ဆွေးနွေးပေးပါ ပေါ့နော်။ ခုနက မေးခွန်းလေးတွေ ဖြေရင်းနဲ့ပေါ့။ sustainability နဲ့ ပတ်သက် တာရောပါ။

ဦးသိမ်းဝေ@Serge Pun

ကျေးဇူးပါပဲ။ ဒီမေးခွန်းကတော့ တော်တော်နက်တဲ့ မေးခွန်းတစ်ခုပေါ့နော်။ လွယ်လွယ်ကူကူ ဖြေလို့ လည်းမရဘူး။ ဒီဟာကို မဖြေခင် ကျွန်တော်တစ်ခုမေ့သွားမှာ ပြောချင်တာ။ ခုနက ဟိုအကိုကြီး ပြောတဲ့ ဟာ အခုလုပ်နေတဲ့ မြို့သစ်၊ ခုတည်ထောင်ထားတဲ့ NYDC ရဲ့ BOD မှာ အားကိုးရတာ အန်ကယ်ဆာ့ချ်ကို အားကိုးရတယ်။ ပြီးလို့ရှိရင် George Yeo ကို အားကိုးရတယ်။ အဲဒီ စကားက ကျွန်တော် နည်းနည်းပြုပြင်ပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့မှာ ရှိတဲ့ Board of Director မှာ ငါးယောက်စလုံးက အကုန်လုံး အားကိုးရတယ်။ အကုန်လုံး အသုံးဝင်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကို လှလို့ ပုံအရ အရုပ်ကြီးထားထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ ဒေါ်နီလာကျော်ဆိုရင် သူကိုယ်တိုင်ကလည်း ခင်ဗျားတို့ အသိုင်းအဝိုင်းက လာတာပါ။

ဆောက်လုပ်ရေးအကြောင်း ပြောလို့ရှိရင် သူဘာမှ နားမလည်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အရမ်းနား လည်ပါတယ်။ နိုင်ငံတော်ဘက်ကလည်း အလုပ်လုပ်ခဲ့တယ်။ အစိုးရအဖွဲ့အစည်းမှာလည်း အလုပ် လုပ်ခဲ့တယ်။ ကျွန်တော်ကပြန်ပြီးတော့ ပြောရမှာ၊ အစိုးရအဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ ဗဟုသုတ အတွေ့အကြုံ ကျွန်တော်လုံးဝမရှိဘူး။ ကျွန်တော်လုပ်ချင်တာပဲ သိတယ်။ ပြီးလို့ရှိရင် အပြောခံရ၊ အဆဲခံရတာ အများကြီးပဲ။ ဒါပေမယ့် ဒါလည်း ကျွန်တော် သင်တန်းတက်နေတာပေါ့။ ဆိုတော့ ကျန်တဲ့ ကျွန်တော်တို့ ဥပမာ ဦးဟန်ထွန်းဖြစ်ဖြစ်၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ independent director အခု ဒီမှာ ထိုင်နေတဲ့ ဦးထွန်းမြကြီးတို့ဆိုရင် အများကြီး အများကြီး contribution ပေးခဲ့တဲ့ လူတွေပါ။ ဆိုတော့ဒါကို ကျွန်တော်နည်းနည်းပြုပြင်ချင်ပါတယ်။

ခုနက ကိုအောင်ချစ်ခင်ပြောတဲ့ မေးခွန်းကတော့ ကျွန်တော်က ဒီလိုပဲ ဖြေမယ်ဗျာ။ မြို့သစ်တစ်ခု ဆောက်တဲ့လုပ်ငန်း ဒါ public works နဲ့ ပတ်သက်တဲ့ လုပ်ငန်း။ ဒီ temptation ကို ဘယ်လိုပြော ရမလဲ။ temptation တစ်ခု အရမ်းပြင်းထန်တာဟာ အခွင့်အရေးအများကြီးရတယ်။ ဒါ ကျွန်တော် တို့ လက်ထဲမှာ သူ့ပေးမလား၊ သူ့ပေးမလား၊ ၈၃ ကျပ်လား၊ ၈၅ ကျပ်လား ၂ ကျပ်ပဲကွာတယ်။ ဒါပေမယ့် ဒီ ၂ ကျပ်က 2 dollar က တော်တော်များတဲ့ငွေ။ အဲဒီ temptation တွေက အများကြီးရှိတယ်။ အကိုကြီးပြောသလို နေပြည်တော်လို ဖြစ်မလား။ ကျွန်တော် နေပြည်တော်အကြောင်း ကျွန်တော် မပြောရဲပါဘူး။ ဒါပေမယ့် ကားလမ်း ၂၀ တော့ ကျွန်တော် ကျိန်းသေ ဆောက်မှာ မဟုတ်ဘူးနော်။ ကား ၂၀ ရှောင်နိုင်တဲ့ လမ်းကိုတော့ ဘာကြောင့် ဆောက်လဲမသိဘူး။ ရန်ကုန်မြို့သစ်မှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်၊ ego မပါရဘူး။ ego ဆိုတာဘာလဲ၊ ကျွန်တော့ဆီ လာတောင်းတယ်၊ အကောင်းဆုံး မြေတစ်ကွက်ပေးပါ၊ ဘာလုပ်မလဲ၊ ကျွန်တော် အထပ် ၁၂၀ ရှိတဲ့ တိုက်ဆောက်ပေးမယ်၊ sorry ပဲ၊ ကျွန်တော် အထပ် ၁၂၀ ရှိတဲ့ တိုက်လည်း မလိုဘူး။

ကျွန်တော်လိုတာ အလုပ်သမား ၂ သန်းခန့်ရမယ်။ အလုပ်သမားနေရတဲ့ အိမ်တွေ ကျွန်တော်လို တယ်။ လှတဲ့ glass tower ကြီး ကျွန်တော့ကို လာမပြောနဲ့။ ၅ နှစ်ကြာမှ လာပြော။ နော်။ ဒီနေ့ မလိုဘူး။ ကျွန်တော်တို့ရဲ့ infrastructure program တောင် socio-economic report ထွက်လာ တဲ့အချိန် ခင်ဗျားတို့သိသွားမှာပါ။ in phases ။ စကားလုံးကတော့ တစ်ခုပဲ။ မလိုအပ်တာကို မဖြုန်းနဲ့၊ လိုအပ်တာကို အပြည့်အဝထည့်၊ အဲဒီအတိုင်းသွားမှာ။ the root of the problem ပြဿနာတစ်ခု ထွက်တဲ့ အမြစ်က အမြဲ corruption နဲ့ပတ်သက်တယ်။ corruption ကို ထိန်းသိမ်းနိုင်လို့ရှိရင် ကျွန်တော်ထင်တယ် ဆုံးဖြတ်ချက်အများအားဖြင့်က မှန်ပါတယ်။ မှားတာတောင် သိပ်မမှားဘူး။ ဒါကြောင့် ကျွန်တော့အတွက် ကိုယ့်ဘာသာကိုယ် ယူထားတဲ့ တာဝန်တစ်ခုတည်းမှာ အရေးအကြီး ဆုံးက ကွန်တော်ရဲ့ NYDC ထိန်းသိမ်းမှု ကာလမှာ corruption ကို ဘယ်လိုထိန်းသိမ်းမလဲ။ Corruption ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် ဝန်ထမ်းတွေ၊ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့နဲ့ တွဲဖက်လုပ်နေတဲ့ stakeholder တွေ၊ contractor တွေ၊ ရင်းနှီးမြှုပ်နံှချင်တဲ့သူတွေ၊ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း၊ သူတို့ရဲ့ အကျင့်စရိုက်တွေကို ကျွန်တော်တို့ ဘယ်လိုထိန်းမလဲ။

ကျွန်တော်တို့က corruption ကိုသာမက graft ကိုလည်း အရေးယူမယ်။ corruption နဲ့ graft က နည်းနည်းကွာပါတယ်။ corruption ဆိုတာ မလုပ်သင့်တဲ့ဟာကို ပိုက်ဆံယူပြီး လုပ်ပေးတာကို corruption လို့ခေါ်ပါတယ်။ graft ဆိုတာ လုပ်သင့်တယ်၊ တာဝန်ရှိတယ်၊ လုပ်ရမယ့်ဟာကို ပိုက်ဆံ မပေးလို့ရှိရင် မလုပ်ဘူး၊ ပိုက်ဆံပေးမှ လုပ်တာ၊ ဒါကို graft လို့ ခေါ်ပါတယ်။ ခင်ဗျားတာဝန်က လိုင်စင်ထုတ်ရမယ်၊ လက်ဖက်ရည်ဖိုးမရှိရင် လိုင်စင်က မထုတ်ပေးဘူး။ အဲဒါက graft။ ဆိုတော့ graft ကော corruption ရော ကျွန်တော်တို့က ထိန်းရမှာ။ အဲဒီဟာကို ထိန်းနိုင်တယ်ဆိုလို့ရှိရင် ကျွန်တော် ထင်တာတော့ ၈၅-၉၀ ရာခိုင်နှုန်း အန္တရာယ်က ရှောင်နိုင်တယ်။ ကျွန်တော်ပြောတာ အောင်မြင်မယ်လို့ ကျွန်တော်မပြောဘူး။ ကျွန်တော့် ထိန်းဖို့ စိတ်ကူးတွေရှိတယ်။ ထိန်းဖို့ ဒီဆန္ဒရှိတယ်လို့ ကျွန်တော်ပြောတာ။ ကျွန်တော့်အတွက်ကတော့ မေးခွန်းတွေက၊ ဟုတ်ရဲ့လားဗျာ။ စီးပွားရေးသမားဆိုတာ ဘာစီးပွားရေးမှ မလုပ်ဘဲနဲ့ လာလုပ်တယ်ဆိုတာ မယုံပါဘူး။ မယုံပါနဲ့။ ၅ နှစ် အချိန်ပါ။ ၅ နှစ်ဆုံးတဲ့အချိန်မှာ ကျွန်တော် သက်တမ်းကုန်ပြီ။ ၅ နှစ်အချိန်မှာ ခင်ဗျားတို့ အမှတ်ပေးပါ။ ဟုတ်လား မဟုတ်လားဆိုတာ ဒီနေ့ မဆုံးဖြတ်ပါနဲ့။ ထိုင်ကြည့်ပါ။ ဒါပဲ ကျွန်တော်ပြောနိုင်တယ်။

ဦးအောင်ချစ်ခင်

ကျေးဇူးတင်ပါတယ်။ ဒီနေ့ ဆွေးနွေးပေးတဲ့ ဆရာတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အဲဒါဆို အားလုံးပြီးပါပြီ ခင်ဗျာ။

အစီအစဉ်ကြေငြာသူ
NYDC Town Hall အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်ရှင်။ တက်ရောက်လာသူ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။