Web
Analytics

လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan - SEMP) 

မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်အနေဖြင့် ရပ်တည်သွားမည့် လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan - SEMP) ကို ရေးဆွဲခဲ့ပါသည်။ ရည်ရွယ်ချက်ကောင်းများဖြင့်ရေးဆွဲခဲ့သော လူမှု-စီးပွားပင်မစီမံချက်ကို အများပြည်သူများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အကျဉ်းချုပ်ကာ public report အဖြစ် ထုတ်ဝေသွားမည်ဖြစ်ပါသည်။ လူမှု-စီးပွားပင်မစီမံချက် public report ( မြန်မာဘာသာ) ကို download လုပ်၍ ဖတ်ရှုနိုင်ပါသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဖက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်ရန်ရှိခြင်း

ရန်ကုန်၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဖွဲ့စည်းထူထောင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ NYDC ၏ ရည်မှန်းချက်မှာ ရန်ကုန်မြစ်အနောက်ဖက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန်ဖြစ်သည်။ ယင်းဖွံ့ဖြိုးရေးလုပ်ငန်းသည် ရန်ကုန်မြို့သစ်ဟု အမည်တွင်မည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးပါက ယင်းဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆ ကျယ်ဝန်းမည်ဖြစ်သည်။

The NYDC Challenge

NYDC အတွက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် မျှတသည့်ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသည့် Swiss Challenge နည်းနိယျာကို လက်ခံကျင့်သုံးမှာ ဖြစ်ပါသည်။

ကုမ္ပဏီ အကြောင်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။ NYDC ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်ထားရှိပြီး အလုပ်အကိုင်အခွင့်အလမ်း (၂) သန်းခန့် ပေါ်ထွန်းလာစေမည့် စီးပွားရေးနယ်မြေတစ်ရပ်ကို အဆင့် (၁) အဖြစ် ရန်ကုန်မြို့ ကြည့်မြင့်တိုင် အနောက်ဖက်ကမ်းရှိ ဧက (၂၀,၀၀၀) ခန့် မြေနေရာတွင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ်၏အဓိက ခံယူချက်မှာ လုံခြုံစိတ်ချရခြင်း၊ သတင်းအချက်အလက် နည်းပညာများ ပြည့်ဝခြင်း၊ သန့်ရှင်းသာယာလှပခြင်း အစရှိသည့် အင်္ဂါရပ်တို့ဖြင့် ပြည့်စုံသည့်မြို့ဖြစ်လာရန် မျှော်မှန်းထားပြီး အရည်အသွေး၊ ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုတည်းဟူသော စံနမူနာကောင်းတို့ကို ဖော်ဆောင်ပေးသွားရန်ဖြစ်ပါသည်။