CREATING 2 MILLION JOBS

The New Yangon Development Company Limited (NYDC) is an
entity incorporated under the Special Companies Act
and was established to undertake the development of the New Yangon City.

CEO အပတ်စဉ် စာမျက်နှာ

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေတဲ့ ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့လအတွင်းမှာ ကျေနပ်အားရစရာ တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အလုပ်ခရီးစဉ်အနေနဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်က လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
Read more

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ မြန်မာနိုင်ငံဟာ မုတ်သုံဝင်ခါနီးတာနဲ့အမျှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မုန်တိုင်းသတိပေးချက်တွေဟာလည်း ပေါ်ထွက်လာပါပြီ။ ရေမြောင်းပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုတွေဟာလည်း မိုးရာသီရောက်တိုင်း ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ပြစီမံကိန်းကိုရေးဆွဲတဲ့သူဖြစ်ဖြစ်၊ ဗိသုကာပညာရှင်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ အိမ်ယာစီမံကိန်းဖော်ဆောင်သူတွေ ဘယ်သူမဆို နေရာတစ်ခု၊ မြို့သစ်တစ်ခုကို ဒီဇိုင်းဆွဲပြီး တည်ဆောက်တော့မယ်ဆိုရင် ဖြစ်လာနိုင်ချေရှိတဲ့ ရေလွှမ်းမိုးနိုင်မှု သဘာဝဘေးအန္တရာယ်ကို နားလည်ထားဖို့ ...
Read more

Towards a Safe, Smart, Clean and Liveable Yangon

လုံခြုံစိတ်ချမှု၊ သတင်းအချက်အလက်နည်းပညာများပြည့်စုံမှု၊ သန့်ရှင်းမှု နှင့် ပြည့်စုံသော နေထိုင်ရန် အဆင်ပြေကောင်းမွန်သည့် ရန်ကုန်မြို့တော်ဆီသို့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်း ၁၄၀ ရဲ့ မြို့ပြလူနေမှုစနစ်မြင့်မားမှုကို တိုင်းတာစာရင်းပြုစုထားတဲ့ ကမ္ဘာပေါ်မှာ နေလို့အဆင်ပြေကောင်းမွန်ဆုံးမြို့များဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို The Economist Intelligence Unit အဖွဲ့က နှစ်စဉ်ထုတ်ပြန်ပါတယ်။ ဒီမြို့များကို တည်ငြိမ်မှု၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် အနေအထား၊ ပညာရေး၊ ...
Read more

ရန်ကုန်မြို့သစ်စီမံကိန်း ကိုဘာလို့ အကောင်အထည်ဖော်ရတာလဲ

ရန်ကုန်မြို့သစ်စီမံကိန်း ကိုဘာလို့ အကောင်အထည်ဖော်ရတာလဲ မင်္ဂလာပါ။ New Yangon Development Company မှာ ဒုဥက္ကဌ နဲ့ CEO တာဝန်ယူထားခွင့်ရတဲ့အတွက် အင်မတန်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ရန်ကုန်တိုင်းအစိုးရ ၁၀၀% ပိုင်ဆိုင်တဲ့ New Yangon Development Company (NYDC) ကိုတည်ထောင်ပြီး ရန်ကုန်မြစ်တစ်ဘက်ကမ်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မယ့်အကြောင်းတွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ...
Read more

စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အားပေးကူညီနေတဲ့ စီးပွားရေးလုပ်ငန်

စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အားပေးကူညီနေတဲ့ စီးပွားရေးလုပ်ငန်း အစိုးရက အစိုးရအလုပ်မလုပ်ဘဲ ဘာလို့စီးပွားရေးလုပ်နေတာလဲ? New Yangon Development Company လို့ခေါ်တဲ့ ကုမ္ပဏီထူထောင်ပြီး စီးပွားရေး ဝင်လုပ်ဖို့လိုလား? ရန်ကုန်တိုင်းအစိုးရက စီးပွားရေးအင်ပါယာ ထောင်မလို့လား? ရန်ကုန်တိုင်းအစိုးရက New Yangon Development Company ထူထောင်တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေမှာ ခုနကမေးခွန်းတွေ မေးနေကြပါတယ်။ ဒီလိုမေးခွန်းတွေဟာ သဘာဝကျပါတယ်။ ...
Read more

NYDC Challenge ရဲ့ ပထမအဆင့်ကို စတင်အကောင်အထည်ဖော်ခြင်း

NYDC Challenge ရဲ့ ပထမအဆင့်ကို စတင်အကောင်အထည်ဖော်ခြင်း NYDC Challenge ဆိုတာ မျှတတဲ့ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှု ရှိအောင်လုပ်ထားတဲ့ ကမ္ဘာအနှံ့မှာ ကျင့်သုံးနေတဲ့ Swiss Challenge အပေါ်အခြေခံထားတဲ့ တင်ဒါစနစ်ဖြစ်ပါတယ်။ NYDC Challenge ရဲ့ ပထမအဆင့်အနေနဲ့ အရည်အချင်းပြည့်မှီတဲ့ ကုမ္ပဏီတစ်ခုက စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Documents-PPD) ကို တင်သွင်းဖို့အတွက် ဒီမူဘောင်သဘောတူညီချက်ကို ...
Read more

အလုပ်အကိုင်အခွင့်အလမ်းအသစ်(၂)သန်း ဘယ်လိုဖန်တီးနိုင်မလဲ

အလုပ်အကိုင်အခွင့်အလမ်းအသစ်(၂)သန်း ဘယ်လိုဖန်တီးနိုင်မလဲ မင်္ဂလာပါ။ ပျှော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ရည်ရွယ်ချက်ကို ပြောပြရှင်းလင်းပြီးတဲ့အခါမှာ အခုတစ်ခေါက်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းအသစ်(၂)သန်းကို ဘယ်လိုဖန်တီးပေးမလဲဆိုတာကို ဆက်လက်ရှင်းလင်းသွားပါမယ်။ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် ထူထောင်ကြောင်းကြေငြာတဲ့အခမ်းအနားမှာ ရန်ကုန်တိုင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ဒီစီမံကိန်းရဲ့ အဓိကရည်မှန်းချက်တစ်ခုမှာ နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် လုပ်သားအင်အားများစွာလိုအပ်ပြီး အချိန်တိုအတွင်းမှာ အလုပ်အကိုင်အသစ်များစွာ ဖန်တီးပေးနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ...
Read more

ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ထောင်ရာမှာ ချေးငွေယူဖို့ ဘာကြောင့်ဦးစားမပေးတာလဲ

ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ထောင်ရာမှာ ချေးငွေယူဖို့ ဘာကြောင့်ဦးစားမပေးတာလဲ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုများနဲ့ စီးပွားရေးလည်းတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာကာ ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပထမအဆင့် လုပ်ဆောင်မှု အနေနဲ့ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို အဓိက ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပါဝင်မယ့် အခြေခံအဆောက်အအုံတွေကတော့ လယ်သမားများအတွက် ပြန်လည်နေရာချထားရေး ရွာ(၅)ရွာ ၊ စက်မှုဇုန်ဧရိယာ၊ တံတားနှစ်စင်း၊ ...
Read more

Pre-Project Documents ၏ တိုးတက်မှုအခြေအနေ

Pre-Project Documents ၏ တိုးတက်မှုအခြေအနေ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းမှာ NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရေးအတွက် လိုအပ်တဲ့ Pre-Project Documents (PPD)ကို အပြီးသတ်နိုင်ဖို့ New Yangon Development Co.,Ltd နဲ့ China Communications Construction Company Ltd (CCCC) တို့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သိပ်မကြာခင်အချိန်အတွင်းမှာ PPD မှာပါဝင်တဲ့ ...
Read more

မြို့သစ်နှင့် သယ်ယူပို့ဆောင်ရေး

မြို့သစ်နှင့် သယ်ယူပို့ဆောင်ရေး အခုရက်ပိုင်းမှာ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) ရဲ့ ဖွဲ့စည်းတည်ထောင်မှု၊ ဘတ်ဂျက်၊ အသုံးစရိတ်တို့နဲ့သက်ဆိုင်တဲ့ ပြောဆိုမှုတွေ၊ ဝေဖန်မှုတွေကို တွေ့နေရပါတယ်။ NYDC အမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျွန်တော်ပါဝင်ပတ်သက်ရန် မရှိပါ။ ကျွန်တော့်ကို ပေးအပ်ထားတဲ့တာဝန်က မြို့သစ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်(၂)သန်း ဖော်ထုတ်နိုင်ဖို့ နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ယူရေး၊ ဝင်လာတဲ့ စီးပွာရေးလုပ်ငန်းတွေ အခြေချနိုင်အောင် ...
Read more