ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် EOI

NYDC မှ ရန်ကုန်မြို့သစ်အဆင့်(၁)ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်နိုင်ဖို့အတွက် NYDC Challenge ပထမအဆင့်ဖြစ်တဲ့ ရွေးချယ်ခြင်းအဆင့်ကို ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression Of Interest – EOI)   ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ EOI ခေါ်ယူသွားမယ့် ကဏ္ဍတွေကတော့

1)         Power Supply and Distribution

2)         Public Transport System

3)         Cyber Connectivity Infrastructure

4)         Municipal Waste Disposal

5)         Natural Gas Supply and Distribution

6)         Convention Center

တို့ဖြစ်ပါတယ်။

NYDC Challenge တင်ဒါပထမအဆင့်အနေနဲ့ NYDC မှ တင်ဒါယှဉ်ပြိုင်နိုင်ဖို့ကြေငြာရာမှာ အသုံးပြုမယ့် စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Document-PPD) ပြင်ဆင်ဖို့ လိုအပ်တဲ့ စီမံကိန်းအကြိုလုပ်ငန်းများနဲ့ လေ့လာဆန်းစစ်ချက်လုပ်ငန်းတွေကို ကုန်ကျစရိတ်ခံပြီး ပြုလုပ်နိုင်မယ့် အရည်အသွေးပြည့်မှီပြီး လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ်ပါမယ်။ NYDC Challenge မှာ ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ခြင်း၊ တန်ပြန်တင်ဒါပြုခြင်း အစရှိတဲ့ အဆင့်(၄)ဆင့်ပါဝင်ပါတယ်။ NYDC Challenge တင်ဒါနဲ့ ပတ်သက်ပြီး https://nydc.com.mm/the-nydc-challenge/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အထက်မှာ EOI ခေါ်ဆိုထားတဲ့ စီမံကိန်းတွေရဲ့ NYDC Challenge တင်ဒါပထမအဆင့်မှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (EOI) ကို NYDC ရုံးသို့ဖြစ်စေ၊ email ဖြင့်ဖြစ်စေ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက် ထက်နောက်မကျဘဲ    ပေးပို့ရပါမယ်။ ကုမ္ပဏီများအနေနဲ့ လုပ်ကိုင်ခဲ့ဖူးတဲ့ စီမံကိန်းတွေရဲ့ နည်းပညာနဲ့ ဘဏ္ဍာရေးအချက်အလက်တွေ အပါအဝင် ကုမ္ပဏီနောက်ခံအကြောင်းအရာကိုလည်း ပူးတွဲပြီး တင်ပြရန်လိုပါတယ်။ NYDC အနေနဲ့ တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန်လိပ်စာ

Coporate Development Department

New Yangon Development Co., Ltd. (NYDC)

အမှတ် (၅၆)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Website: nydc.com.mm

ဖုန်း – ၉၅-၁ ၂၃၀၆၃၇၈

Email: corporate@nydc.com.mm

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) တွေကို NYDC နဲ့…Read more

မှတ်တိုင်သစ်များနဲ့ အစပြုမယ့် ၂၀၁၉

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ အားလုံးလည်း ၂၀၁၉ ခုနှစ်ကို အကောင်းဆုံးစတင်နေပြီလို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ NYDC အနေနဲ့ ၂၀၁၈ ခုနှစ်ကို…Read more

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေတဲ့ ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့လအတွင်းမှာ ကျေနပ်အားရစရာ တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Development and Reform Commission of…Read more

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ မြန်မာနိုင်ငံဟာ မုတ်သုံဝင်ခါနီးတာနဲ့အမျှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မုန်တိုင်းသတိပေးချက်တွေဟာလည်း ပေါ်ထွက်လာပါပြီ။ ရေမြောင်းပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုတွေဟာလည်း မိုးရာသီရောက်တိုင်း ကြုံတွေ့ရတဲ့…Read more

Towards a Safe, Smart, Clean and Liveable Yangon

လုံခြုံစိတ်ချမှု၊ သတင်းအချက်အလက်နည်းပညာများပြည့်စုံမှု၊ သန့်ရှင်းမှု နှင့် ပြည့်စုံသော နေထိုင်ရန် အဆင်ပြေကောင်းမွန်သည့် ရန်ကုန်မြို့တော်ဆီသို့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်း ၁၄၀ ရဲ့ မြို့ပြလူနေမှုစနစ်မြင့်မားမှုကို တိုင်းတာစာရင်းပြုစုထားတဲ့ ကမ္ဘာပေါ်မှာ…Read more

ရန်ကုန်မြို့သစ်စီမံကိန်း ကိုဘာလို့ အကောင်အထည်ဖော်ရတာလဲ

ရန်ကုန်မြို့သစ်စီမံကိန်း ကိုဘာလို့ အကောင်အထည်ဖော်ရတာလဲ မင်္ဂလာပါ။ New Yangon Development Company မှာ ဒုဥက္ကဌ နဲ့ CEO တာဝန်ယူထားခွင့်ရတဲ့အတွက် အင်မတန်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်။…Read more