NYDC နှင့် ERM အဖွဲ့သားများသည် ရန်ကုန်မြို့သစ်စီမံကိ်န်း မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်းနှင့်ပတ်သက်၍နယ်ပယ် တိုင်းတာသတ်မှတ်ခြင်း ဆောင်ရွက်မ ည့်အဆင့်များအားတင်ပြသည့် မြို့နယ်အဆင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် တွံတေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကြည့်မြင်တိုင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ တို့တွင်ပြုလုပ်ခဲ့ပါသည်။ ပွဲအခမ်းအနားသို့ မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတ ွင်းလျာထားသည့် ပြန်လည်နေရာချထားရေး ဧရိယာများ၊ စပ်ဆက်ဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့တွင် တွံတေးမြို့နယ်၊ အထက်တမာတကော တွင်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ခလောက်ချိုက်၊ အထက်တမာတကော၊ မငေး၊ ထိန်ကုန်း၊ ကံရ ွာ၊ ဗျောက်ရိုး ၊ ကုလားတန်း၊ သုံးအိမ် ၊သံဖြူရုံ၊ လက်ပံဂွ၊ ကျွန်းကလေး၊ ဂျောင်ဝိုင်း နှင့် အလပ်ချောင်း ကျေးရွာများမှ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ အပြီးသတ် Master Plan ဆွေးနွေးတင်ပြခြင်း (Final Master Plan Presentation) ကို ဖေဖော်ဝါရီလ(၁၅)ရက် (သောကြာနေ့) နေ့လည် (၃)နာရီမှ (၆)နာရီအထိ ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး AECOM Singapore Pte., Ltd. မှ Master Plan နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။