မျှတပြီး အကျိုးအမြတ်ရရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖော်ဆောင်ခြင်း


ဇွန် ၁၊ ၂၀၁၈။

စီးပွားရေးနယ်ပယ်သစ်ဈေးကွက် (Frontier Markets) တွေဟာ စီးပွားရေး တိုးတက်နှုန်းမြန်ပေမယ့် သက်တမ်းနုနယ်ပြီး ငွေပေါ်မလွယ်တဲ့၊ငွေကြေးကျပ်တည်းတဲ့ အခြေအနေတွေ ရှိကြပါတယ်။ ဒီဈေးကွက်တွေဟာ ရာနှုန်းပြည့်ဖွံ့ဖြိုးတဲ့ အခြေအနေကို မရောက်ရှိသေးပေမယ့် တိုးတက်မှုလျင်မြန်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှု အပြည့်ရှိပါတယ်။

ဒါပေမယ့် ဒီနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကလည်း ရင်နှီးမြှုပ်နှံသူတွေအတွက် စွန့်စားမှုတစ်ရပ်လို ဖြစ်လာပါတယ်။ ဒါကြောင့် ဒီလိုဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ စွန့်စားမှုများလေလေ အမြတ်အစွန်းများလေလေ ဆိုတဲ့မူကို လက်မှာစွဲကိုင်ထားပြီး ပြန်ရမယ့် အမြတ်အစွန်းကို ၂၀ ရာခိုင်နှုန်းနဲ့အထက် ရှိဖို့မျှော်မှန်းကြပါတယ်။

ပြီးခဲ့တဲ့အပတ်စဉ်စာစဉ်တစ်ခုမှာရန်ကုန်မြို့သစ်စီမံကိန်းကို တည်ထောင်ရာမှာ ချေးငွေယူဖို့ ဘာကြောင့်ဦးစားမပေးတာလဲဆိုတဲ့အကြောင်းကို ကျွန်တော်ရှင်းပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေဆောက်ဖို့ လုံလောက်တဲ့ ဘဏ္ဍာငွေမရှိပေမယ့်လည်း ချေးငွေယူတည်ဆောက်ပြီး ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေကို အကြွေးပြန်ဆပ်ရမယ့်တာဝန်ကြီး လွှဲပြောင်းပေးဖို့လည်း အစီအစဉ်လည်းမရှိပါဘူး။ ဒါကြောင့်မို့ ဒီမြို့သစ်ကိုတည်ဆောက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဆွဲဆောင်နိုင်ပြီး မျှတတဲ့ အမြတ်အစွန်းပြန်ရမယ့် ရေရှည်ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူ (long-term equity investor) တွေနဲ့ တည်ဆောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လိုဆွဲဆောင်မလဲ

အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ခြင်းကို ရင်းနှီးမြှုပ်နှံရာကနေ ပြန်ရမယ့် အမြတ်အစွန်း (IRR) ၁၂ ရာခိုင်နှုန်းဆိုတာ ဖြစ်နိုင်ချေရှိတဲ့၊ လုပ်နိုင်တဲ့ ပမာဏလို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ NYDC ရဲ့ အဓိက လုပ်ဆောင်ရမယ့် တာဝန်ကတော့ မြို့သစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍပေါင်းစုံအတွက် ပြည်တွင်း၊ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဒီအမြတ်အစွန်း ပမာဏကို လက်ခံနိုင်ဖို့ နဲ့ ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံမှု (Equity Investment) တွေကို ရေရှည်လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထပ်ပြီးပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်သည် အလုပ်အကိုင်အခွင့်အလမ်းသစ် ဖော်ထုတ်ရေးဘဲ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူတွေရဲ့ လူနေမှုဘဝတိုးတက် မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ရှိဖို့ လျှပ်စစ်မီး၊ ရေသန့်၊ သွားရေးလာရေးလွယ်ကူဖို့ နဲ့ မြန်ဆန်တဲ့ဆက်သွယ်ရေးစနစ် စတဲ့ အခြေခံအဆောက်အအုံတွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှလည်း စက်မှုစီမံကိန်းတွေ၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ လာရောက်တည်ထောင်နိုင်ပြီး အလုပ်အကိုင်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ မြို့သစ်မှာ လိုအပ်နေတဲ့ ဒီအခြေခံအဆောက်အအုံတွေကို ရင်းနှီးမြှုပ်နှံမယ့်သူတွေ ရရှိအောင် အရင်ရှာဖွေနေပါတယ်။ ဒီအဆင့်ပြီးသွားရင်တော့ အလုပ်အကိုင်ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေ လာရောက်ထူထောင်အောင် ဆွဲဆောင်ဖို့လိုပါတယ်။ ဒါမှလည်း အများပြည်သူများရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ချက် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more