မြို့သစ်နှင့် သယ်ယူပို့ဆောင်ရေး


အောက်တိုဘာ ၈၊ ၂၀၁၈။

အခုရက်ပိုင်းမှာ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) ရဲ့ ဖွဲ့စည်းတည်ထောင်မှု၊ ဘတ်ဂျက်၊ အသုံးစရိတ်တို့နဲ့သက်ဆိုင်တဲ့ ပြောဆိုမှုတွေ၊ ဝေဖန်မှုတွေကို တွေ့နေရပါတယ်။

NYDC အမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျွန်တော်ပါဝင်ပတ်သက်ရန် မရှိပါ။ ကျွန်တော့်ကို ပေးအပ်ထားတဲ့တာဝန်က မြို့သစ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်(၂)သန်း ဖော်ထုတ်နိုင်ဖို့ နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ယူရေး၊ ဝင်လာတဲ့ စီးပွာရေးလုပ်ငန်းတွေ အခြေချနိုင်အောင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအမှုဆောင်အရာရှိချုပ်ရာထူးရဲ့ တာဝန်နဲ့ ဝတ္တရားတွေက အစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ရှိပါတယ်။ အစိုးရက ချမှတ်ပေးထားတဲ့ ရာထူးနဲ့တာဝန်ကို မရပ်စဲသ၍  ကျွန်တော့်တာဝန်ကို ကျေပွန်စွာ ဆက်လက်လုပ်ဆောင်သွားမှာပါ။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ တစ်ခါမှမလုပ်ခဲ့ဘူးသေးတဲ့ စီမံကိန်းမျိုးဖြစ်ပြီး  ရေရှည်ကြည့်မယ်ဆိုရင် နိုင်ငံနဲ့လူမျိုးအတွက်  အင်မတန်အကျိုးကျေးဇူးများတယ်ဆိုတာ  ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင်မို့ ကျွန်တော်တို့ NYDC အနေနဲ့ နိုင်ငံအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အကောင်းဆုံး ဆက်လက်လုပ်ဆောင် သွားမှာပါ။

လမ်းပန်းဆက်သွယ်ရေးမူဝါဒ မှန်ကန်ရေး

ကျွန်တော်တို့ဟာ ကျပ်တည်းလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အချိန်နဲ့ငွေကြေး ဆုံးရုံးမှုတွေကို ရင်ဆိုင်နေရပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်တစ်ခုတည်းကို သက်ရောက်တာ မဟုတ်ဘဲ လူနေမှုဘဝအရည်အသွေးအပါအဝင် မြို့ပြလူနေမှုဘဝတစ်ခုလုံးကိုပါ သက်ရောက်မှုရှိပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ အဓိကမျှော်မှန်းချက်ကြီး(၂)ခုဖြစ်တဲ့ ကုန်ထုတ်စွမ်းအားကောင်းတဲ့မြို့နဲ့ နေပျော်ဖွယ်ကောင်းတဲ့မြို့ကို ဖော်ထုတ်နိုင်ဖို့ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ရှိဖို့ကလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ အများပြည်သူလွယ်ကူစွာ သွားလာနိုင်ရေးနဲ့  ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်ရေးတို့က ကုန်ထုတ်စွမ်းအားကောင်းတဲ့မြို့ ဖြစ်ပေါ်လာဖို့အတွက် အခြေခံကျတဲ့ အချက်တွေပါ။

ရန်ကုန်မြို့သစ်ရဲ့ လမ်းပန်းသယ်ယူပို့ဆောင်ရေးမူဝါဒ (transport policy) ကတော့ ယာဉ်ကြော ပိတ်ဆို့မှုမရှိတဲ့  အများသုံးသယ်ယူပို့ဆောင်ရေးစနစ် ( mass transit system) ကို တည်ထောင်နိုင်ဖို့ပါ။ မြို့သစ်အတွင်းမှာ နေအိမ်မှ ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်း လမ်းလျှောက်ရုံနဲ့စီးနိုင်မယ့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ထားရှိနိုင်ရေးက NYDC ရဲ့ ပန်းတိုင်ပါ။

ဒီပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ဖို့ Oriental Consultants Japan Co., Ltd ကို ရန်ကုန်မြို့သစ်ရဲ့ လမ်းပန်းနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေး နဲ့ ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ်ချက် အကြံပေး (transport planner and traffic impact assessment consultant) အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။

ရန်ကုန်မြို့သစ်ရဲ့ Master Plan နဲ့ ဒီဇိုင်းရေးဆွဲခြင်းတွေကို NYDC မြို့ပြစီမံခန့်ခွဲမှုအဖွဲ့ရဲ့ အနီးကပ်ကြီး ကြပ်မှုအောက်မှာ Oriental Consultants Japan နဲ့ AECOM Singapore တို့ဟာ ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

မြို့ပြစီမံကိန်းစီမံချက် (Urban Master Plan) နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်မှာ  အများပြည်သူများထံကို တင်ပြသွားနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ @ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more