ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ


မေ ၁၇၊ ၂၀၁၈။

မြန်မာနိုင်ငံဟာ မုတ်သုံဝင်ခါနီးတာနဲ့အမျှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မုန်တိုင်းသတိပေးချက်တွေဟာလည်း ပေါ်ထွက်လာပါပြီ။ ရေမြောင်းပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုတွေဟာလည်း မိုးရာသီရောက်တိုင်း ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဘဲဖြစ်ပါတယ်။

ဒါကြောင့်မို့ မြို့ပြစီမံကိန်းကိုရေးဆွဲတဲ့သူဖြစ်ဖြစ်၊ ဗိသုကာပညာရှင်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ အိမ်ယာစီမံကိန်းဖော်ဆောင်သူတွေ ဘယ်သူမဆို နေရာတစ်ခု၊ မြို့သစ်တစ်ခုကို ဒီဇိုင်းဆွဲပြီး တည်ဆောက်တော့မယ်ဆိုရင် ဖြစ်လာနိုင်ချေရှိတဲ့ ရေလွှမ်းမိုးနိုင်မှု သဘာဝဘေးအန္တရာယ်ကို နားလည်ထားဖို့ အင်မတန်အရေးကြီးပါတယ်။ တည်ဆောက်မည့်နေရာရဲ့ မြေပြင်အနေအထားနဲ့ ရေကြီးရေလျှံမှုဖြစ်လာခဲ့ရင် ရရှိလာမည့် အကျိုးသက်ရောက်မှုတွေကို သိရှိနားလည်ထားမှလည်း ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေကို လျော့နည်းအောင် ၊ ကာကွယ်နိုင်အောင် ဘယ်လိုစီမံနိုင်မလဲဆိုတာ သုံးသပ်အဖြေရှာလို့ ရမှာပါ။

ဒါတွေကို ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စီစစ်အကဲဖြတ်ချက် (Flood Risk Assessment) မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ ဒီစစ်ဆေးချက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ရေလွှမ်းမိုးမှုဘေးအန္တရာယ်တွေနဲ့ ကြိုတင်ကာကွယ်လျှော့ချနိုင်အောင် ဆောင်ရွက်ထားရမယ့် အချက်အလက်တွေအပြင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာမည့် အခြေအနေမျိုးတွေမှာ ရှိရမည့် အရေးပေါ်စီမံချက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စီစစ်အကဲဖြတ်ချက် (Flood Risk Assessment) ပြုလုပ်ဖို့ တင်ဒါခေါ်ယူမှုတွေကို ဧပြီလအတွင်းမှာ ပြီးစီးခဲ့ပြီး နိုင်ငံတကာမှ ကုမ္ပဏီ(၃)ခု အဆိုပြုလွှာ တင်သွင်းခဲ့ပါတယ်။ ဒီအထဲမှာမှ Royal HaskoningDHV ကို ရန်ကုန်မြို့သစ်စီမံကိန်း၏ ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စီစစ်အကဲဖြတ်ရေး အကြံပေးအနေနဲ့ရွေးချယ်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံအခြေစိုက်ဖြစ်တဲ့ Royal HaskoningDHV သည် ရေလွှမ်းမိုးမှုဘေးအန္တရာယ် စီမံအုပ်ချုပ်မှုအပိုင်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာရှိတဲ့နိုင်ငံတကာအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အရေးကြီးတဲ့ ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စီစစ်အကဲဖြတ်ချက် (Flood Risk Assessment) ကို အကောင်းဆုံးပြုလုပ်နိုင်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။

မြေပြင်လေ့လာရေးနှင့်၊ အချက်အလက်စုဆောင်းရေးတွေကို Royal HaskoningDHV မှ ဧပြီလကုန်ကစပြီး စတင်လုပ်ဆောင်နေပြီး အောက်တိုဘာလ၂၀၁၈ မှာ အပြီးသတ်အစီရင်ခံစာကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာက ရရှိလာမည့်ရလာဒ် အဖြေတွေနဲ့ ထောက်ခံချက်တွေကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ မြို့ပြစီမံကိန်းရေးဆွဲမှု၊ အဆောက်အအုံဒီဇိုင်း ရေးဆွဲမှုတွေနဲ့ မူဝါဒလမ်းညွှန်တွေမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းရေးဆွဲရာမှာ Flood Risk Assessment အစီရင်ခံစာထဲမှာ ပါဝင်မည့် ရေနုတ်မြောင်းစနစ်ကိုထည့်သွင်းပြီး သင့်တော်မည့် နေရာများ၌ အများပြည်သူ အပန်းဖြေနိုင်မယ့် ပန်းခြံများ၊ ရေကန်များနှင့် ကမ်းနားကန်ဘောင်နေရာများအဖြစ် ပြောင်းလဲထားရှိသွားမှာ ဖြစ်ပါတယ်။

Royal Haskoning အနေနဲ့ မိုးရေချိန် နဲ့ မြေမျက်နှာသွင်ပြင်၊ မြစ်ရေစီးဆင်းမှု ပမာဏ၊ ဒီရေ အတက်အကျ ဇယား၊ သဘာဝဘေးကျရောက်မှု သမိုင်းမှတ်တမ်းများ စတာတွေနဲ့ပတ်သက်ပြီး အချက်အလက်စုဆောင်းတာတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရေလွှမ်းမိုးမှုအန္တရာယ်ဆိုင်ရာ အကဲဖြတ်မှု အစီရင်ခံစာကို အောက်တိုဘာလ မှာ အပြီးသတ်တင်သွင်းနိုင်ဖို့ စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more