မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးနဲ့ အမြင်အချို့ ထွက်ပေါ်လာပါတယ်။ တော်တော်များများက NYDC ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ကြပြီး အထူးသဖြင့် NYDC ရဲ့ စီမံကိန်းတိုးတက်မှုတွေ၊ စီမံကိန်းတည်ရှိရာ ဒေသခံများနဲ့ တွေဆုံမှုတွေနဲ့ အများပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားမှုတွေကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ပြင်းထန်စွာ ဝေဖန်ထားတဲ့ အမြင်တွေနဲ့ ဆောင်းပါးအချို့ကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုအများနဲ့သက်ဆိုင်တဲ့ စီမံကိန်းမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ ထောက်ပြဝေဖန်မှုတွေကို ကြိုဆိုပေမယ့် တစ်ချို့ကလွဲမှားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ ဝေဖန်နေကြတဲ့အတွက် ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းပြဖို့ တာဝန်ရှိလာပါတယ်။ […]