ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ
၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြမယ် ထင်ပါတယ်။ ဆွေးနွေးပွဲဟာ တက်ကြွပြီး အသက်ဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြားသိခဲ့ရတဲ့အပြင် စီမံကိန်းထောက်ခံတဲ့သူတွေအနေနဲ့ မြို့သစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။ အမြင်ကွဲပြားမှုများ အခုလို စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စတော်တော်များများဟာ ဒီစီမံကိန်းစတင် အကောင်အထည်ဖော် ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC တို့ ဂရုတစိုက်နဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေပါ။ ဥပမာအားဖြင့် မူလပိုင်ရှင် လယ်သမားများကို အကျိုးအမြတ်မနစ်နာစေပဲ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အစီအစဉ်များရေးဆွဲရေး၊ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုကာကွယ်ရေး၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အကြွေးနွံထဲ မရောက်စေရေး၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ […]