NYDC မှ ရန်ကုန်မြို့သစ်အဆင့်(၁)ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်နိုင်ဖို့အတွက် NYDC Challenge ပထမအဆင့်ဖြစ်တဲ့ ရွေးချယ်ခြင်းအဆင့်ကို ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression Of Interest – EOI) ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ EOI ခေါ်ယူသွားမယ့် ကဏ္ဍတွေကတော့
1) Power Supply and Distribution
2) Public Transport System
3) Cyber Connectivity Infrastructure
4) Municipal Waste Disposal
5) Natural Gas Supply and Distribution
6) Convention Center
တို့ဖြစ်ပါတယ်။
NYDC Challenge တင်ဒါပထမအဆင့်အနေနဲ့ NYDC မှ တင်ဒါယှဉ်ပြိုင်နိုင်ဖို့ကြေငြာရာမှာ အသုံးပြုမယ့် စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Document-PPD) ပြင်ဆင်ဖို့ လိုအပ်တဲ့ စီမံကိန်းအကြိုလုပ်ငန်းများနဲ့ လေ့လာဆန်းစစ်ချက်လုပ်ငန်းတွေကို ကုန်ကျစရိတ်ခံပြီး ပြုလုပ်နိုင်မယ့် အရည်အသွေးပြည့်မှီပြီး လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ်ပါမယ်။ NYDC Challenge မှာ ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ခြင်း၊ တန်ပြန်တင်ဒါပြုခြင်း အစရှိတဲ့ အဆင့်(၄)ဆင့်ပါဝင်ပါတယ်။ NYDC Challenge တင်ဒါနဲ့ ပတ်သက်ပြီး https://nydc.com.mm/the-nydc-challenge/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အထက်မှာ EOI ခေါ်ဆိုထားတဲ့ စီမံကိန်းတွေရဲ့ NYDC Challenge တင်ဒါပထမအဆင့်မှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (EOI) ကို NYDC ရုံးသို့ဖြစ်စေ၊ email ဖြင့်ဖြစ်စေ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက် ထက်နောက်မကျဘဲ ပေးပို့ရပါမယ်။ ကုမ္ပဏီများအနေနဲ့ လုပ်ကိုင်ခဲ့ဖူးတဲ့ စီမံကိန်းတွေရဲ့ နည်းပညာနဲ့ ဘဏ္ဍာရေးအချက်အလက်တွေ အပါအဝင် ကုမ္ပဏီနောက်ခံအကြောင်းအရာကိုလည်း ပူးတွဲပြီး တင်ပြရန်လိုပါတယ်။ NYDC အနေနဲ့ တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာ
Coporate Development Department
New Yangon Development Co., Ltd. (NYDC)
အမှတ် (၅၆)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
Website: nydc.com.mm
ဖုန်း – ၉၅-၁ ၂၃၀၆၃၇၈
Email: [email protected]
လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun