CEO အပတ်စဉ် စာမျက်နှာ

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ်
Read more

Cyber Connectivity Infrastructure ကဏ္ဍအတွက် Preferred Applicant ရွေးချယ်ခြင်း

ကျွန်တော်တို့ Cyber Connectivity Infrastructure ကဏ္ဍအတွက် Swiss Challenge ကို စတင်နိုင်ဖို့ Preferred Applicant အဖြစ် Frontiir Pte Ltd (Frontiir) ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Frontiir ဟာ  ၂၀၁၃ ခုနှစ်က Myanmar Net ကို စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သုံးစွဲသူပေါင်း (၁.၃)သန်း ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ‌ရွေးချယ်မှုလုပ်ငန်းစဥ် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလမှာ Stage 2 အ‌ခြေခံအဆောက်အဦစီမံကိန်း(၆)ခုအတွက်
Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ ခရီးစဥ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့ဟာ နှစ်နိုင်ငံသဘောတူညီချက် တွေ၊ နားလည်မှုစာချွန်လွှာနဲ့ စာလွှာတွေ လဲလှယ်တဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှာ လဲလှယ်ခဲ့တဲ့ စာလွှာတွေထဲမှာ ကျွန်တော်တို့ NYDC  စီမံကိန်းအတွက် စာလွှာဖြစ်တဲ့ Letter of Intent
Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း ရေးဆွဲရေးနဲ့ မျှတပြီးပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဥ်ကို ဟန်ချက်ညီညီဆောင်ရွက်နိုင်လို့ဖြစ်ပါတယ်။ အခုလို စနစ်တကျနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ဖို့ ရန်ကုန်တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး မြေနေရာပြန်လည်ချထားခြင်းကြီးကြပ်ရေးကော်မတီ၊ မြေနေရာပြန်လည်ချထားခြင်းလုပ်ငန်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြေစာရင်းဦးစီးဌာနနဲ့ NYDCတို့က ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်မှာ စုစုပေါင်းလယ်ယာမြေဧက (၁၈၃၉၀) ဧကခန့်ပါဝင်ပြီး လယ်ယာမြေပိုင်ဆိုင်သူတွေ ဆန္ဒပြုသတ်မှတ်ထားတဲ့ ကွင်းအမှတ်(၅)ခုမှာ အသားတင်မြို့မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်မယ့်လုပ်ငန်းစဉ်ကို
Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့  (၆)ကြိမ်မြောက် Planning Awards 2019 ပွဲမှာ Best Planning Project ကဏ္ဍအတွက် Merit Award ကိုရရှိခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ SIP Planning Awards ဟာ ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ မြို့ပြဖော်ထုတ်ရေးပညာရှင်(urban planner)တွေနဲ့ အကြံပေးအဖွဲ့အစည်းတွေကို ချီးမြှောက်တဲ့ ဂုဏ်သတင်းကြီးပြီး အဆင့်အတန်းမြင့်မားတဲ့
Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို အသစ်ဝင်ရောက်လာတဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်တွေကတော့ ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာမှာ ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက်  အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း
Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ စီမံကိန်းတွေဖြစ်တဲ့ ၁) Power Supply and Distribution ၂) Natural Gas Supply and Distribution ၃) Cyber Connectivity ၄) Public Transport ၅) Waste Management နဲ့ ၆) Convention Center
Read more

မြို့ပြဖော်ထုတ်ရေးကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ခြင်း

2019 Urban Land Institute Asia Pacific Summit ညီလာခံကို ဇွန်လ (၁၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပြီး ကျွန်တော်ဦးဆောင်တဲ့ NYDC အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။ ULIလို့လူသိများတဲ့ Urban Land Institute ဟာ နယ်ပယ်စုံက အိမ်ရာဖွံ့ဖြိုးရေးနဲ့ မြေယာဖော်ထုတ်ရေး ကျွမ်းကျင်အတတ်ပညာရှင်တွေပါဝင်တဲ့ သက်တမ်းအကြာဆုံးနဲ့ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ULI ကို ၁၉၃၆ ခုနှစ်မှာ စဖွဲ့စည်းခဲ့ပြီး အမေရိကန်၊ ဥရောပနဲ့ အာရှပစိဖိတ်ဒေသတွေမှာ ရုံးခွဲတွေ
Read more

ရန်ကုန်မြို့သစ်၏ Master Plan

ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို AECOM အဖွဲ့က စည်းစနစ်အကျဆုံး၊ထိရောက်မှုအရှိဆုံး၊ အလေအလွင့်အနည်းဆုံး မြေကိုအသုံးချနိုင်ဖို့အတွက်သာမက တည်ဆောက်အကောင်အထည်ဖော်မယ့် လိုအပ်နေတဲ့အခြေခံအဆောက်အဦတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့နဲ့ သက်ဆိုင်တဲ့ အဆောက်အအုံစီမံကိန်းတွေပါတဲ့ မြို့သစ်တစ်ခုကို စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး စေ့စေ့စပ်စပ် ဂရုတစ်စိုက်နဲ့ ဘက်ပေါင်းစုံကစဉ်းစားပြီး ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲတဲ့နေရာမှာ လူဦးရေ(၁.၂)သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲရုံသာမက McKinsey အဖွဲ့က ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲ့တဲ့ လူမှု-စီးပွားပင်မစီမံချက်
Read more

ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေးနယ်နိမိတ်တွေကို ချမှတ်နိုင်ဖို့ NYDC အနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေအရ ရန်ကုန်မြို့သစ်စီမံကိန်းကို နည်းစနစ်ကျကျ ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment -SEA) ကို ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ရေး အဖွဲ့အစည်းဖြစ်တဲ့ Environmental Resource Management (ERM) ကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
Read more

ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ

၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြမယ် ထင်ပါတယ်။ ဆွေးနွေးပွဲဟာ တက်ကြွပြီး အသက်ဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြားသိခဲ့ရတဲ့အပြင် စီမံကိန်းထောက်ခံတဲ့သူတွေအနေနဲ့  မြို့သစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။ အမြင်ကွဲပြားမှုများ အခုလို စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စတော်တော်များများဟာ ဒီစီမံကိန်းစတင် အကောင်အထည်ဖော် ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC တို့ ဂရုတစိုက်နဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားထားတဲ့
Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest – EOI) ခေါ်ဆိုခဲ့ပါတယ်။ ဒီအတွက် သတ်မှတ်ထားတဲ့ နောက်ဆုံးတင်သွင်းရက်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ဖြစ်ပြီး အဖွဲ့အစည်းတော်တော်များများက စိတ်ပါဝင်စားစွာ EOI တင်သွင်းကြတာကိုလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် EOI တင်သွင်းမှုစုစုပေါင်း (၇၇) ခုရှိခဲ့ပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် တင်သွင်းမှုစုစုပေါင်းကို အောက်မှာ ခွဲခြားပေးထားပါတယ်။ 1) Power
Read more

Town Hall – 6 March, 2019

NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ တိုးတက်မှုအခြေအနေတွေကို စီမံကိန်းနဲ့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် အများပြည်သူတွေ သိရှိရအောင် ဒုတိယအကြိမ် Town Hall ဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု Town Hall ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် Panelists များက လွတ်လပ်စွာ ပြောဆိုဆွေးနွေးသွားမှာဖြစ်ပြီး အမေးအဖြေကဏ္ဍမှာလည်း သိလိုတဲ့မေးခွန်းများကိုလည်း
Read more

မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း

ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးနဲ့ အမြင်အချို့ ထွက်ပေါ်လာပါတယ်။ တော်တော်များများက NYDC ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ကြပြီး အထူးသဖြင့် NYDC ရဲ့ စီမံကိန်းတိုးတက်မှုတွေ၊ စီမံကိန်းတည်ရှိရာ ဒေသခံများနဲ့ တွေဆုံမှုတွေနဲ့ အများပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားမှုတွေကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ပြင်းထန်စွာ ဝေဖန်ထားတဲ့ အမြင်တွေနဲ့
Read more

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) တွေကို NYDC နဲ့ အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့ ပူပေါင်းပြီး စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ERM အဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး Independent Sustainablity ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၉၀ နှစ်တွေထဲက စတင်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။  မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို အဓိကလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့သစ်အတွက် စီမံကိန်းများရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင်
Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် EOI

NYDC မှ ရန်ကုန်မြို့သစ်အဆင့်(၁)ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်နိုင်ဖို့အတွက် NYDC Challenge ပထမအဆင့်ဖြစ်တဲ့ ရွေးချယ်ခြင်းအဆင့်ကို ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression Of Interest – EOI)   ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ EOI ခေါ်ယူသွားမယ့် ကဏ္ဍတွေကတော့ 1)         Power Supply and Distribution 2)         Public Transport System 3)         Cyber Connectivity Infrastructure 4)         Municipal Waste
Read more

မှတ်တိုင်သစ်များနဲ့ အစပြုမယ့် ၂၀၁၉

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ အားလုံးလည်း ၂၀၁၉ ခုနှစ်ကို အကောင်းဆုံးစတင်နေပြီလို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ NYDC အနေနဲ့ ၂၀၁၈ ခုနှစ်ကို အလွန်အရေးပါတဲ့ မှတ်တိုင်သစ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ပထမအဆင့်နဲ့ စပ်လျဉ်းတဲ့ အလုပ်ရုံဆွေးနွေးပွဲ (visioning workshop) ကို ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ အဖွဲ့ဝင်များ၊ NYDC နဲ့ သက်ဆိုင်သူများနှင့်
Read more

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေတဲ့ ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့လအတွင်းမှာ ကျေနပ်အားရစရာ တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အလုပ်ခရီးစဉ်အနေနဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်က လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
Read more

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ

ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ မြန်မာနိုင်ငံဟာ မုတ်သုံဝင်ခါနီးတာနဲ့အမျှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မုန်တိုင်းသတိပေးချက်တွေဟာလည်း ပေါ်ထွက်လာပါပြီ။ ရေမြောင်းပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုတွေဟာလည်း မိုးရာသီရောက်တိုင်း ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ပြစီမံကိန်းကိုရေးဆွဲတဲ့သူဖြစ်ဖြစ်၊ ဗိသုကာပညာရှင်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ အိမ်ယာစီမံကိန်းဖော်ဆောင်သူတွေ ဘယ်သူမဆို နေရာတစ်ခု၊ မြို့သစ်တစ်ခုကို ဒီဇိုင်းဆွဲပြီး တည်ဆောက်တော့မယ်ဆိုရင် ဖြစ်လာနိုင်ချေရှိတဲ့ ရေလွှမ်းမိုးနိုင်မှု သဘာဝဘေးအန္တရာယ်ကို နားလည်ထားဖို့ ...
Read more

Towards a Safe, Smart, Clean and Liveable Yangon

လုံခြုံစိတ်ချမှု၊ သတင်းအချက်အလက်နည်းပညာများပြည့်စုံမှု၊ သန့်ရှင်းမှု နှင့် ပြည့်စုံသော နေထိုင်ရန် အဆင်ပြေကောင်းမွန်သည့် ရန်ကုန်မြို့တော်ဆီသို့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်း ၁၄၀ ရဲ့ မြို့ပြလူနေမှုစနစ်မြင့်မားမှုကို တိုင်းတာစာရင်းပြုစုထားတဲ့ ကမ္ဘာပေါ်မှာ နေလို့အဆင်ပြေကောင်းမွန်ဆုံးမြို့များဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို The Economist Intelligence Unit အဖွဲ့က နှစ်စဉ်ထုတ်ပြန်ပါတယ်။ ဒီမြို့များကို တည်ငြိမ်မှု၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် အနေအထား၊ ပညာရေး၊ ...
Read more