သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲခြင်း


ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) တွေကို NYDC နဲ့ အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့ ပူပေါင်းပြီး စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ERM အဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး Independent Sustainablity ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၉၀ နှစ်တွေထဲက စတင်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို အဓိကလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့သစ်အတွက် စီမံကိန်းများရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင် (Environmental and Social Management Framework ) ကတဆင့် အခြေခံစံနှုန်းအဖြစ် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ SEA ကို မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံချက် ( Sustainable Development Plan)၊ နိုင်ငံတကာအဆင့်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(Sustainable Development Goals) တို့နဲ့အညီ လုပ်ဆောင်သွားမှာ  ဖြစ်ပါတယ်။ 

ရန်ကုန်မြို့သစ်ပထမအဆင့် Master Plan  အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို လုပ်ဆောင်သွားမယ့် ကဏ္ဍတွေကတော့

–       ဧရိယာ (၅)ခု အတွင်း ပြန်လည်နေရာချထားမှု
–       စက်မှုဇုံအသစ်တည်ဆောက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အသစ်ဆောက်လုပ်ခြင်းနဲ့ အဆင့်မြှင့်တင်မှု
–       လူဦးရေ (၁,၂၀၀,၀၀၀) ခန့်အတွက် Green space များ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့် လူမှုရေးဝန်ဆောင်မှုများပံ့ပိုးပေးမှု
–       စီးပွားရေးဇုံအသစ်များ
–       လူနေထိုင်ဇုံအသစ်များ
–       ဆက်စပ်နေသော မြို့နယ်များနဲ့ ချိတ်ဆက်ပေးမယ့်အခြေခံအဆောက်အအုံများ တို့ဖြစ်ပါတယ်။

အကျိုးသက်ဆိုင်သူများနှင့် တွေ့ဆုံခြင်း

ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (EIA) ရဲ့ လုပ်ငန်းစဉ်တစ်ခုအနေနဲ့ NYDC ရဲ့ City Planning and Development ဌာနမှူး ဒေါ်အေးအေးခိုင် ဦးဆောင်တဲ့ NYDC နဲ့ ERM အဖွဲ့သားတွေဟာ ပတ်ဝန်းကျင်ဆန်းစစ်လေ့လာမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများနဲ့တွေ့ဆုံပွဲ (stakeholder engagement meetings) တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တိုင်းဒေသကြီးအဆင့်တွေ့ဆုံပွဲအနေနဲ့ NYDC နဲ့ ERM အဖွဲ့သားတွေဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံရှင်းလင်းတင်ပြခဲ့ပါတယ်။ 

မြို့နယ်အဆင့် တွေ့ဆုံခြင်းကို ဖေဖော်ဝါရီလ ပထမအပတ်မှာ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံရှင်းလင်းပွဲမှာ သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်အမတ်တွေ၊ မြို့နယ်တာဝန်ရှိသူတွေ၊ ရပ်ကွက်နဲ့ ကျေးရွာတာဝန်ရှိသူတွေ၊ NGO၊ CSO များနဲ့ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး သိလိုတဲ့မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

Master Plan အပြီးသတ်အဆင့်အား ရှင်းလင်းတင်ပြခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ အပြီးသတ် Master Plan ဆွေးနွေးတင်ပြခြင်းကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ သောကြာနေ့မှာ ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ Master Plan ဆွေးနွေးတင်ပြခြင်းကို NYDC က ကြီးမှူးကျင်းပတာဖြစ်ပြီး မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲခဲ့တဲ့ AECOM Singapore Pte Ltd က ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနမှူးများ၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်သူများ၊ ပညာရှင်များ၊ နိုင်ငံတကာစီးပွားရေးအသင်းအဖွဲ့များ၊ NGO များနှင့် အကျိုးသက်ဆိုင်သူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြပါမယ်။

အများပြည်သူများ အချိန်နဲ့တပြေးညီ နားထောင်နိုင်ဖို့အတွက်လည်း ဖေဖော်ဝါရီလ(၁၅)ရက် နေ့လည် (၃)နာရီမှ (၆)နာရီအထိ NYDC facebook page https://www.facebook.com/NydcMyanmar/ က တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်လို့ ကြည့်ရှုနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ 

လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more