The NYDC Challenge

မြို့သစ်တွင် လုပ်ဆောင်မည့် အများနှင့် သက်ဆိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းများအားလုံး ပွင့်လင်းမြင်သာမှု၊ တာဝန်သိတတ်မှု နှင့် စွမ်းဆောင်ရည်ရှိမှုတို့ဖြင့် ပြည့်စုံရန် လိုအပ်ပါသည်။ ထို့ကြောင့် NYDC အတွက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် မျှတသည့်ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသည့် Swiss Challenge နည်းနိယျာကို လက်ခံကျင့်သုံးမှာ ဖြစ်ပါသည်။

ရွေးချယ်ခြင်း

လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် အရည်အသွေးပြည့်မီပြီး လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ယူဆရသည့် ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ်ပါမည်။

ညှိုနှိုင်းခြင်း

လုပ်ငန်းအကောင်အထည်ဖော်မှု အသေးစိတ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရသည်အထိ ညှိနှိုင်းဆွေးနွေးပြီး စီမံကိန်းမတိုင်မီ ယာယီသဘောတူညီချက်စာချုပ် ချုပ်ဆိုပါမည်။

ထုတ်ပြန်ကြေညာခြင်း

စီမံကိန်းမတိုင်မီ ယာယီသဘောတူညီချက်စာချုပ်ကို အများပြည်သူသို့ ကြေညာသွားမှာ ဖြစ်ပါသည်။ ကြေညာပြီးသည့်နောက် အခြား အရည်အချင်းပြည့်ဝသည့် ကုမ္ပဏီမှ ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြင့် ပြန်၍ စိန်ခေါ်မှု ပြုနိုင်မည်ဖြစ်သည်။ သို့ရာတွင် စိန်ခေါ်သည့် ကုမ္ပဏီမှကမ်းလှမ်းချက်များသည် တင်ဒါခေါ်ယူသည့် သတ်မှတ်ချက်များနှင့် အခြေအနေများကို တိကျစွာလိုက်နာရမည် ဖြစ်ပါသည်။

တန်ပြန်တင်ဒါပြုခြင်း

ဒုတိယကုမ္ပဏီမှ ပိုကောင်းသည့် ကမ်းလှမ်းချက်များဖြင့် စိန်ခေါ်လာပါက ပထမကုမ္ပဏီအနေဖြင့် ဒုတိယကုမ္ပဏီမှအဆိုပြုသည့် ကမ်းလှမ်းချက်များအတိုင်း ပြန်လည်ယှဉ်ပြိုင်နိုင်ခွင့်ရှိ သကဲ့သို့ အခွင့်အရေးအား လက်လွှတ်ခံ၍လည်း ရပါသည်။ အကယ်၍ ပထမ ကုမ္ပဏီမှ ပြန်လည်မယှဉ်ပြိုင်လိုပါက ဒုတိယကုမ္ပဏီမှ လုပ်ပိုင်ခွင့်ကို ရရှိမှာဖြစ်ပါသည်။ သို့ရာတွင် ပထမကုမ္ပဏီမှ ဆုံးရှုံးမှုမရှိစေရန် စီမံကိန်းမတိုင်မီ ယာယီသဘောတူညီချက်စာချုပ် ပြင်ဆင်မှုအတွက် ကုန်ကျစရိတ်များကို ဒုတိယကုမ္ပဏီမှ ပထမကုမ္ပဏီထံသို့ ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါသည်။ ထိုကုန်ကျစရိတ်များကို NYDC နှင့် ပထမကုမ္ပဏီတို့မှ တင်ဒါအတွက် လုပ်ဆောင်မှုများ မစတင်မီအချိန်တွင်ပင် ကြိုတင်ညှိုနှိုင်း သဘောတူမှု ရရှိထားရမှာ ဖြစ်ပါသည်။