လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan)

Socio-Economic Master Plan Public Report

မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်အနေဖြင့် ရပ်တည်သွားမည့် လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan)  ကို ရေးဆွဲခဲ့ပါသည်။ Socio- Economic Masterplan (SEMP) ကို ရေးဆွဲရသည့် အဓိက ရည်ရွယ်ချက်များမှာ –

  • ရန်ကုန်မြို့သစ်၏ တန်ဖိုးအဆိုပြုချက်ကို ဖော်ထုတ်ရန်
  • စီးပွားရေး တိုးတက်မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ထွက်ရေးအတွက် စီးပွားရေးဆိုင်ရာ စိစစ် အကဲဖြတ်ချက်ပြုလုပ်ပြီး ဦးစားပေးကဏ္ဍများ သတ်မှတ်ခြင်း၊
  • အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် လူ့စွမ်းအားအရင်းနှီး ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ ဖော်ထုတ်ရန်
  • ရန်ကုန်မြို့သစ်၏ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်နိုင်ရန် အကောင်းဆုံးနှင့် အမြန်ဆုံး လမ်းကြောင်းကို ရှာဖွေရန်
  • အခြေခံအဆောက်အအုံများအဆင့်လိုက် အကောင်အထည်ဖော်ရေး စီမံချက် နှင့် မြို့ပြသစ်တစ်ခု ပေါ်ထွက်လာရေး လမ်းညွှန်ချက် အစီအစဉ်များကို ရေးဆွဲရန်
  • သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် မဟာဗျူဟာကျ အစီအမံတစ်ခု ရေးဆွဲဖော်ထုတ်ရန်
  • အစိုးရအတွက် အဓိကကျတဲ့ ဦးစားပေး မူဝါဒတွေအပေါ် ထောက်ခံတင်ပြချက်များပါဝင်တဲ့ လွှဲပြောင်းပေးအပ်ရေးစီမံချက်(delivery plan) တစ်ရပ်ကို ပြုစုပေးရန်
  • စီမံကိန်း ရေရှည်တည်မြဲရေးအတွက် စီမံအုပ်ချုပ်ရေးမူနှင့် ကြုံတွေ့လာနိုင်ဖွယ်ရာရှိတဲ့ အန္တရာယ်အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းများကို အကြံပြုရန်     တို့ ဖြစ်ပါသည်။